Showing posts with label ကမ္ထောဒီးယား. Show all posts
Showing posts with label ကမ္ထောဒီးယား. Show all posts

Saturday, November 17, 2007

ကျွန်မနှင့် ရောက်ရှိနေသောမြို. ( ၂ )










ပုံတွေကို မြင်လိုက်လို့ မန္တလေးမှာ ရေကြီးနေတယ် မထင်လိုက်နဲ့နော်။ ဒါက ကမ္ထောဒီးယားပါ။ ဒီမှာလည်း မိုးရွာပီဆို ချက်ခြင်းရေကြီးတယ်။ အဲ့နေ့က တနင်္ဂနွေနေ့လေးမှာ ကျွန်မတို့ သူငယ်ချင်း ၄ ယောက် အပြင်ထွက်လည်တယ်။ အပြန်မှာ မိုးရွာလို့ နီးစပ်ရာ စူပါမားကတ်တစ်ခုမှာ မိုးဝင်ခိုရင်.. လျှောက်ကြည့်ရင်း ဗိုက်ဆာဆာနဲ့ ဟမ်ဘာဂါတောင်စားလိုက်သေးတယ်။ ဟိုကြည့် ဒီကြည့်နဲ့ အချိန်လည်း တော်တော်လင့်သွားတယ်.. နောက်ဆုံး DVD နှစ်ချပ်ရပြီးပြန်မယ်ပေါ့.. မိုးလည်း တော်တော်လေးဆဲနေပါပီ။

အပြန်လမ်းမှာပဲ..... မိုးက သည်းကြီးမဲကြီးထပ်ရွာရော .. ကျွန်မတို့လည်း ရေလွတ်မယ့် လမ်းကိုရွေးတာပဲ.. ကံဆိုးခြင်တော့ ကျွန်မတို့ ရေ ကြီးတဲ့ လမ်းကိုမှ ရွေးမိပြီး လမ်းခရီးမှာ တော်တော်ကြာခဲ့ပါတယ်။ ကြုံတုန်း ဘယ်ရမလည်း ဓါတ်ပုံထုတ်ရိုက်လိုက်တာ။ လူလည်း မိုးမိသေးတယ်. အိမ်ပြန်ရောက်တော့ ရေချိုး၊ ရိုက်ထားတဲ့ ဓါတ်ပုံတွေဖွင့်ကြည့် ဒါပေမဲ့ ပုံတွေက ၀ိုးဝိုး ၀ါးဝါး ဖြစ်နေလို့ ကောင်းတာဆိုလို့ အဲ့ ၃ ပုံပဲ ရတယ်... ။ ၃ပုံလည်း ၃ ပုံပဲမဟုတ်လား။ ကမ္ထောဒီးယားမှာ ရေလျှံတဲ့ အမှတ်တရပေါ့။ ကဲ ဒီနေ့ တော့ ဒီလောက်ပဲနော်..။ နောက်နေ့ကျရင် တစ်ခြား အကြောင်း ဆက်ရေးမယ်လေ။

Friday, November 9, 2007

ကျွန်မနှင့် ရောက်ရှိနေသောမြို. ( ၁ )

ကျွန်မနှင့် ရောက်ရှိနေသောမြို. ( ၁ ) ကို ကျွန်မ ဘလော့မှာတင်ထားသားဖြစ်ပေမဲ့ နယ်စည်းမခြား မြန်မာဘလော့ဂါများ မှာနောက်တစ်ခေါက်ထပ်တင်လိုက်ပါတယ်။

*********

ကျွန်မ အခု ရောက်နေတဲ့ နေရာကတော့ ကမ္ထောဒီးယားဆိုတဲ့ မထင်မရှား နိုင်ငံလေးတစ်ခုပါ။ မထင်မရှားဆိုပေမဲ့ ငယ်ငယ်လေးတည်းက ကျွန်မတို့နဲ့ အကျွမ်း တ၀င်ဖြစ်နေတဲ့ နိုင်ငံလေးပါပဲ။ မြန်မာနိုင်ငံနဲ့လည်း သိပ်မဝေးသလို သိပ်ပြီးမကွာ ခြားလှပါဘူး။ မြန်မာနိုင်ငံနှင့် ယှဉ်လိုက်ရင် မြန်မာထက်အနည်းငယ်နှိမ့်ကျသော အဆင့်မှာရှိပါတယ်။ အများသတ်မှတ်ထားကြ သလို ဖွံဖြိုးဆဲ နိုင်ငံပေါ့။ ဖွံဖြိုးဆဲနိုင်ငံဆိုတော့ လိုအပ်ချက်တွေများ လှပါတယ်။ လျှပ်စီးမီး ၂၄ နာရီ ရတဲ့ အတွက် မြန်မာထက်တော့ ဒါလေးတစ်ခုသာပါတယ်။ ပျက်ခဲတာ မဟုတ်ပါဘူး ပျက်ကို မပျက်တာ။ မြို.တော်ဖြစ်တဲ့ PHNOM PENH က ရန်ကုန်လောက်ကိုမလှဘူး။ သန့်လည်း မသန့်ရှင်းဘူး။ ရာသီဥတုကတော့ ဆယ့်နှစ်ရာသီပတ်လုံး နွေရာသီပါပဲ။ နွေလည်း ပူဧ။် ၊ မိုးရာသီတွင် မိုးမရွာက ပူဧ။် ၊ဆောင်းရာသီတွင် မနက်ခင်းနေမထွက်ခင်အချိန် တစ်ချက်မှလွဲပြီး ပူဧ။် ။ အပူပိုင်းတွင်ကျရောက်တဲ့ အတွက် ကမ္ထောဒီးယား နိုင်ငံသူ/ သားတွေဟာ အသားညို / မဲပါတယ်။ လူနေထိုင်မှု.ဟာ ချမ်းသာတဲ့ လူတန်းစားက အဆင့်အတန်းမြင့်ပြီး ၊ ဆင်းရဲသော လူတန်းစားမှာ အဆင့်အတန်းနှိမ့်လှပါတယ်။

ထူးဆန်းတာက ဘတ်စ် လုံးဝမရှိဘူး။ မီးရထားမရှိဘူး ( ကုန်တင်သောမီးရထားမှလွဲ၍ ) ။ သွားလာရေးမှာ ဆိုင်ကယ်တွေသာ အဓိကထားကြတယ်။ မြိုတော်ရဲ. လူအများစုဟာ ဆိုင်ကယ်စီးကျတယ်။ လမ်းစည်းကမ်း ၊ယာဉ်စည်းကမ်း ကတော့ လုံးဝ ( လုံးဝ ) မရှိဘူး။ တစ်ခါတစ်ရံ မီးပွိုင့်ဆိုတာ တပ်ထားရုံသာရှိသည့် သဘောမျိုးဖြစ်သည်။ ဘယ်သူမှ ဂရုသိပ်မစိုက် ကြတယ်မရှိဘူး။ ဆိုင်ကယ်တွေဆိုတော့ သွားရလာရ လွယ်ကူတဲ့အတွက် လွတ်ရင် လွတ်သလိုသွားကြတယ်။ အက်ဆီးဒင့် အများဆုံးဖြစ်တာကလည်း မော်တော်ဆိုင်ကယ်စီးတဲ့ သူတွေပါပဲ။ ဆိုင်ကယ် ဦးထုပ် မစောင်းကြဘူး၊ ဆိုင်ကယ်နောက်ကြည့်မှန် မတပ်ကြဘူး။ အက်ဆီးဒင့်ဖြစ်လိုက် ရင် ဆိုင်ကယ်သမားတွေပဲ အခံရများပါတယ်။ တစ်ခါတစ်လေ လမ်းမှာ အက်ဆီးဒင့်ဖြစ်တာနဲ့ တိုးမိရင် ကြည့်တောင် မကြည့်ရဲဘူး။စည်းကမ်းကတော့ ဒီလောက်မဲ့တာ အခုမှတွေ့ဘူးတယ်။ မောင်းချင်သလို လွတ်သလိုမောင်း နေကျတယ်။ ရန်ကုန်က မော်တော်ပီကေ တွေသာတွေ့ရင် သွားရည်တွေ တမျဉ်းမျဉ်းကျနေမှာ..( ဟီးဟီး ) ဖမ်း၇တာလက်ကို လည်မှာ မဟုတ်ဘူး။ တက္ကစီတွေက လမ်းမှာ လျှောက်သွားနေတာ မဟုတ်ဘူး။ တက္ကစီသုံးချင်ရင် TAXI Company ကို ဖုန်းဆက် လိုက်ဒါမှ သုံးလို့ရတာ။ ဘတ်စ် အစား မြို.တွင်း ဟိုသွား ဒီသွား ကတော့ အငှားဆိုင်ကယ်ကို အသုံးပြုကြတယ်။ နောက်တစ်မျိုးကတော့ TOTO လို့ခေါ်တဲ့ တက္ကစီ အမျိုးအစားပါ။ TOTO က ဆိုင်ကယ်ထက်စာရင် ပိုပြီး လုံခြုရေးကို စိတ်ချရတယ်။ TOTO တွေကို နိုင်ငံခြားသားတွေ တော်တော်လေးကြိုက်တယ်... အဲ့ TOTO စင်းလုံးငှားပြီး မြို.အတွင်း သွားရတာ ပိုအဆင်ပြေတယ်။ ကျွန်မတို့လည်း TOTO ကိုငှားစီးသာများတယ်။ ဆိုင်ကယ်ကတော့ကြောက်တယ် သိပ်မစီးရဲဘူး။

ဒီမှာ ကားကတော့ အရမ်းပေါတယ်။ အမေရိကန် ကနေ ၀င်လာတဲ့ SECOND MADE တွေ US$5000 ရှိရင် ကားအလတ်အသန့် တစ်စီးဝယ်စီးလို့ရပြီ။ ရောက်စတုန်းက သိရတာ တော်တော်လေးကို အံသြမိတယ်။ စက်ကင်းမိတ် တွေဆိုပေမဲ့ တော်တော်လေး ကောင်းပါတယ်။ ကျွန်မလည်း ကားအကြောင်းတွေ သိပ်နားလည်တာမဟုတ်ဘူး။ ရန်ကုန်က တက္ကစီစုတ်စုတ်ကားလိုမျိုး သတိရမိသွားတော့ စိတ်တောင်မကောင်းဘူးဖြစ်သွာတယ်။ ကျွန်မလည်း ၀ယ်စီးရင်ကောင်းမလားလို့။ မဖြစ်သေးပါဘူးလေ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း မရှိတာနဲ့ ခံနေရဦးမယ်။ ( မောင်းလည်း မမောင်းတတ်ပါဘူး။ ဟိဟိ ) ။

ကောင်းတာတစ်ခု နဲ့ မကောင်းတာ တစ်ခုကတော့ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာကို လွတ်လပ်စွာ သုံးခွင်ပြုထားတယ်။
ကောင်းတာက ငွေလဲတဲ့ အလုပ်မလုပ်ရတော့ အဆင်ပြေပြေသုံးဆွဲလို့ရတယ်။ အပြင်ထွက်ရင် တစ်ရွက်လောက်ကို ခေါက်ပြီးထည့်သွား အိုကေပီ။ မကောင်းတာက လူတန်းစားမရွေး အားလုံးရဲ.လက်ထဲမှာ ဒေါ်လာတွေပဲကိုင်တယ် ဆိုတော့ ဒေါ်လာတွေက ဟောင်းနွမ်းနွမ်းတွေ။ သူတို့ ကမ္ထောဒီးယားပိုက်ဆံ ( RIEL ) တောင်မှ ဒေါ်လာထက် သစ်သေးတယ်။ ရန်ကုန်မှာကတော့ ဒေါ်လှ ဆိုရင် ခေါက်ရာလေး မရှိအောင် ဂရုတစိုက် နူးညံနေရတာ။ ပိုးမွေးသလိုမျိုး။

နောက်တစ်ခုက ကမ္ထောဒီးယားမှာ နာမည်အကြီးဆုံးဖြစ်တဲ့ အန်ကောဝတ် ( ANGKOR WET ) ကျောင်းတော်ကြီးပါ။ အန်ကောဝတ်ဆိုတဲ့ နာမည်လည်း ကျွန်မတို့နဲ့ မစိမ်းလှတဲ့နာမည်လေးပါ။ ဘယ်နှစ်တန်းမှာ သင်ရတာလည်းတော့ ခပ်ရေးရေးဖြစ် နေပြီ မမှတ်မိတော့ဘူး။ အဲမြို.တော့ နိုင်ငံခြားဧည့်သည်တွေကို အတွက် အထူးစီစဉ်ထားတဲ့ အတွက် မြို.တော်ဖြစ်တဲ့ PHNOM PENH ထက်လှပအောင်ပြင်ဆင်ထားတယ် ။ အကယ်၍ မိတ်ဆွေ ဟာ ကမ္ထောဒီးယားကို ရောက်လာခဲ့မယ်ဆိုရင် အန်ကောဝတ် ကိုတစ်ခေါက်လောက်သွားဖြစ်အောင်သွားသင့်ပါတယ်။ ကျွန်မလည်း ရောက်ပြီးပါပီ အခွင့်အရေးရှိ မယ်ဆိုရင် နောက်တစ်ခေါက် ထပ်သွားချင်သေးပါတယ်။ ကျွန်မ ကိုယ်တိုင်ရိုက်လာတဲ့ အမှတ်တရ ပုံတစ်ချို.ကို ဟိုးရှေ.မှာ ဖော်ပြဘူးပါတယ်။
ဒီနေရာလေးကိုနှိပ်ပြီး ထပ်သွားကြည့်နိုင်ပါတယ်ရှင်။ ပြောသာပြောရတာ ဒီမှာက အန်ကောဝတ်ပြီးရင် သွားစရာနေရာ မရှိတော့ဘူး။ ရုံးပိတ်ရက်ဆို ဦးနှောက်ခြောက်တယ်..သွားစရာနေရာ မရှိလို့။ စနေ၊ တနင်္ဂနွေဆို အပြင်ထွက် ပစ္စည်းဝယ်တာက လွဲလို့ အိမ်မှာပဲ အနေများတယ်။

အခုတော့ဒီမှာ ခနရပ်ကြရအောင်။ နောက်ကြုံရင် စိတ်ကူးရသလိုရေးပါမယ့်။

နှုတ်ခွန်းဆက်သလွှာ


ဒီ နည်းစည်းမခြား မြန်မာ ဘလော့ဂါ များ ဘလော့ကို အစ်မခွန်မြလှိုင် ဖိတ်ကြားချက်နဲ့ ကျွန်မ ပို့စ်တွေကို တင်ခွင့်ရပါတယ်။


အခုလောလောဆယ်တော့ ကျွန်မ ကမ္ထောဒီးယားကို နောက်နှစ် ( ၂၀၀၈ မေလ ထိ) ရှိနေပါဦးမယ်။ ကျွန်မတို့ ကုမ္ပဏီက တစ်နှစ်ကို တစ်နိုင်ငံပဲ နေခိုင်းပြီး၊ တစ်နှစ်ပြည့်ရင် နောက်တစ်နိုင်ငံကို ပြောင်းရပါတယ်။ ကျွန်မက အခုမှ အလုပ်စလုပ်တဲ့အတွက် ကျွန်မကို တစ်ခြားနိုင်ငံသို့ မလွတ်သေးပါဘူး.။ နောက်နှစ် ဒီမှာဘဲ ဆက်နေရမလား၊ တစ်ခြားနိုင်ငံသို့ပြောင်းရမည်လား ကျွန်မ မသိသေးဘူး။

ကျွန်မ ဒီနိုင်ငံမှာရှိနေတဲ့ အချိန်ကာလအတွင်းမှာ ကမ္ထောဒီယားနဲ့ သက်ဆိုင်သော ခရီးသွားများ၊ နိုင်ငံအတွင်း ကျွန်မခံစားချက်များ၊ နိုင်ငံအခြေနေများ၊ နေထိုင်စဉ်အခက်အခဲများ စသဖြင့် ရေးသားသွားပါမယ်။ လိုအပ်ရင်လိုအပ်သလို ဓါတ်ပုံများပါ ဝေေ၀ဆာဆာ တင်ပြသွားပါမယ်။

ဒီပို့စ်ကိုရေးခြင်းဖြင့် ကျွန်မတို့ မြန်မာနိုင်ငံနှင့် နယ်ခြားရောက်နေသော ဘလော့ဂါမောင်နှမများ မိမိရောက်ရှိနေသော နိုင်ငံ၊ ဒေသ တို့ရဲ့ ရင်ဖွင့်သံ၊ ဗဟုသုတဖလှယ်မှု.များ၊ အသိအမြင်များ ၊ အတွေ့အကြုံများကို တစ်ပေါင်းတစ်စုထဲ ပိုမိုနွေးထွေးစွာဖြင့် နည်စည်းမခြား မြန်မာဘလော့ဂါများ ဘလော့ မှာ ရင်ခုန်သံများကို ဖလှယ်နိုင်ကြပါတယ်။

ကျွန်မကို ရေးသားခွင့်ရအောင် ဖိတ်ခေါ်သော အစ်မခွန်မြလှိုင် ကို ဒီပို့စ်လေးနဲ့ အတူကျေးဇူးတင်ပြီး အားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ ....................... >:D<