Showing posts with label လေကြောင်း. Show all posts
Showing posts with label လေကြောင်း. Show all posts

Friday, February 22, 2008

ကျနော့်ရဲ့ ခရီးစဉ် (၃)

အပိုင်း(၂) မှ >>>

ကျနော်လည်း ဒီလိုနဲ့ transit လက်မှတ်လေးနဲ့ စင်္ကာပူလ် လေဆိပ်ထဲကို ရောက်ခဲ့ပါတယ်။ လေယာဉ် ပြန်ထွက်မယ့်အချိန်ကနောက် ၄၅မိနစ်မှာဖြစ်ပြီး ဒီကြားထဲမှာ ထိုင်စောင့်နေရမယ် အတူတူ လေယာဉ်ကွင်းထဲ လေ့လာကြဖို့ ကျနော်ကဘဲ စပြီလောဆော်လိုက်မိတယ်။ ကျနော်ရဲ့ ခရီးသွားဖေါ် သူငယ်ချင်း ၂ ဦးနဲ့ သူလို ကိုယ်လိုလူ တချို့ လေဆိပ်ထဲတစ်ပါတ် ပတ်ဖြစ်ခဲ့ကြတယ်။ လေဆိပ်ထဲ (လေဆိပ် ဈေးဝယ်လမ်းညွှန်မြေပုံ)ဆိုင်တချို့မှာ ယောင်တောင်တောင် လိုက်ကြည့်ကြရင်း လေဆိပ်မှာ အခမဲ့ဖြန့်ဝေတဲ့ စာစောင် ၂ ဆောင် ကျနော်ယူလာဖြစ်ခဲ့တယ်။ တကယ်တန်း ကျနော်တို့ လေဆိပ်ကို တစ်ပါတ်ပြည့်အောင် မပတ်နိုင်ခဲ့ကြောင်းကို ထိုအချိန်က ကျနော်မသိခဲ့ပါ။ လေယာဉ်ပေါ်ပြန်တက်ခါနီးမှ ထုံးစံအတိုင်း ကျနော်ရဲ့ ခရီးသွားဖေါ်ကြီးကြောင့် သန့်စင်ခန်းဝမှာ တခဏစောင့်ရပါသေးတယ်။

လေယာဉ်ပေါ်ပြန်တက်ဖို့ ကောင်တာမှာတန်းစီတော့ မိနစ် ၄၀ ကြာမြင့်ခဲ့ပြီး စုစုပေါင်းလေယာဉ်ရပ်နားချိန် ပြည့်ရန် ၅ မိနစ်သာ လိုပါတော့တယ်။ ကျနော်တို့ရှေ့မှာ ခရီးသည် ၃၊ ၄ ဦးခန့်သာ ကျန်တော့ပြီး ကျနော်တို့က နောက်ဆုံးခရီးသည်များ ဖြစ်သွားပါသည်။ ထို့ကြောင့်လည်း လေယာဉ်ပေါ် ပြန်တက်ဖို့ ကောင်တာမှာတန်းစီကြရင်း သူတို့တွေကြုံခဲ့ကြတာတွေ ကျနော် လေယာဉ်ပေါ်ရောက်မှ ပြန်မေးဖြစ်ခဲ့တယ်။ ကောင်တာဖြတ် transit လက်မှတ်ယူ ပြီးလေယာဉ်ပေါ် ကသောကမျော တက်ခဲ့ကြရတယ်။ ထိုင်ခုံပေါ် နေရာတကျထိုင်ပြီးတယ် ဆိုရုံလောက်မှာ လေယာဉ်တံခါးပိတ်ပြီး ဘီးစလှိမ့်ခဲ့တယ်။

ကျနော်လည်း အမောမဖြေအားဘဲ စင်္ကာပူလ်လေဆိပ်ကို လေယာဉ်ပေါ်မှ ထပ်ကြည့်လိုက်မိတယ်။ စာအုပ်ထဲမှာ မကြာခဏဖတ်ဘူးတဲ့ ကုန်တင်လေယာဉ် ကြီးများနဲ့ လေယာဉ်လွန်း (ခေါ်) လေယာဉ်ပြုပြင်ရေး အဆောက်အဦးကြီး များကို ကျနော်တွေ့လိုက်ရတယ်။ အများသူငှာအတွက် မထူးခြားပေမယ့် မြန်မာနိုင်ငံသားပီပီ ကျနော့်နိုင်ငံမှာ တွေ့ကြုံဖို့ (အဲဒီအချိန်ထိ) မလွယ်ကူတဲ့ မြင်ကွင်းက ကျနော့်ကို အတော်လေးဖမ်းစားနိုင်ခဲ့တယ်။ လေယာဉ်က တဖြည်းဖြည်း မြင့်တက်လာပြီး နောက်ထပ်ခရီးစဉ် အဖြစ် မလေးရှားနိုင်ငံကို ၄၅ မိနစ်အကြာ ခရီးနှင်ရဦးမှာဖြစ်လို့ ကျနော်လည်း ဘေးနားမှ ခရီးသည်အချို့နှင့် လေဆိပ်အတွေ့အကြုံတချို့ ဖလှယ်လိုက်မိကြတယ်။

လေဆိပ်ကောင်တာမှာ တန်းစီရင်း အဓိက ကြုံကြရတာတော့ လက်သည်းညှပ်များကို လေဆိပ်မှာ ထားခဲ့ရခြင်းပါ။ လေယာဉ်လုံခြုံရေးအတွက် သိမ်းဆည်းကြတယ်လို့လည်း ပြောပြကြပါတယ်။ အသေးအမွား လက်ကိုင်အိတ်လေးတွေကို x-ray နဲ့စစ်ပြီး လူကို သံလိုက်ဓါတ်သုံး ရှာဖွေရေးကရိယာနဲ့ ရှာဖွေကြပါတယ်။ အချက်ပေးသံမြည်ခဲ့ရင် မိမိအိတ်ကပ်ထဲမှ တစ်စုံတရာ ထုတ်ပေးဖို့ပြောတဲ့ စင်္ကာပူလ် ရဲအရာရှိတစ်ဦးရဲ့ ယဉ်ကျေးပျူငှာစွာရှာဖွေပုံက မိမိအိတ်ကို ဖွင့်၍မွှေနှောက်ရှာဖွေခြင်းထက်တော့ များစွာ စိတ်သက်တောင့်သက်သာ ရှိစေပါတယ်။

ကျနော်လည်းလေယာဉ်က တည့်ခင်းတဲ့ ဆန်းဝှစ် တစ်ခုကိုစားရင်း လေဆိပ်မှယူလာတဲ့ စာစောင်နှစ်ခုကို ဖတ်ကြည့်မိလိုက်တယ်။ တစ်စောင်က ကမ္ဘာ့အကောင်းဆုံး ဂေါက်(ဖ်)့ကွင်းတွေအကြောင်း ဖြစ်ပြီး အဆင့်အတန်းသတ်မှတ်ချက်နဲ့ ရေးသားထားပါတယ်။ နိုင်ငံတကာဂေါက်(ဖ်)့ကွင်းတွေကို လေ့လာသုံးသပ်ထားတယ် ဆိုပေမယ့် နိုင်ငံတကာအဆင့်မှီပြီး အရှေ့တောင်အာရှရဲ့ အကောင်းဆုံးဂေါက်(ဖ်)့ကွင်း စာရင်းဝင်လို့ ကျနော်သိထားရတဲ့ ကျနော်နိုင်ငံရဲ့ဂေါက်(ဖ်)့ကွင်းတွေ မပါဝင်ခဲ့ခြင်းကြောင့် ယင်းစာအုပ်ကိုဆက်မဖတ်တော့ဘဲ ကျနော်နောက်တစ်အုပ်ဖတ်လိုက်မိတယ်။

စာအုပ်ကို ဖွင့်လျှင်ဖွင့်ခြင်းဘဲ ခုန ကျနော်တစ်ပါတ် ပတ်ခဲ့မိတယ်ထင်တဲ့ စင်္ကာပူလ်လေဆိပ်ရဲ့ မြေပုံနဲ့လမ်းညွှန်ကိုတွေ့လိုက်ရတယ်။ လေဆိပ်ပုံစံ အထပ်အရေအတွက်တို့နဲ့ လေယာဉ်ဆိုက်ကပ်သော နေရာအရေအတွက်ပါ ပါဝင်သောကြောင့် ကျနော်ရောက်ခဲ့သည်က (ဒုတိယထပ် ဖြစ်မည်ထင်သော) အထပ်တခုရဲ့ တစ်ခြမ်းမျှသာရှိကြောင်း ထိုအခါမှသိလိုက်ရသည်။ တကယ်လို့လေယဉ်ရပ်နားချိန်၅ နာရီလောက် ကြာမြင့်ခဲ့ရင် စင်္ကာပူလ်မြို့တွင်းသို့ အခမဲ့ အလည်အပါတ်ပို့ဆောင်ပေးသော လေဆိပ်ဝန်ဆောင်မှုကိုပါ ထိုစာအုပ်ဖတ်မှ ကျနော်သိလိုက်ရတယ်။

မကြာလိုက်ပါ ....
မြို့တော် ကွာလမ်လမ်ပူလ် သို့သွားရန်ကြာမြင့်ချိန်၊ အကွာအဝေး နဲ့ မော်တော်ယာဉ်ငှားရမ်းခတို့ ကြေငြာပေးသံကြားလိုက်ရပြီး မလေးရှာနိုင်ငံသို့ရောက်တော့မယ်လို့ သိလိုက်ရပါတယ် .....

ဆက်လက်ဖတ်ရှုရန် >>>


Saturday, December 29, 2007

ကျနော့်ရဲ့ ခရီးစဉ် (၂)

အပိုင်း(၁) မှ >>>

ရန်ကုန်မြို့က အဝေးမှာကျန်ခဲ့လေပြီ ... ။
လေယာဉ်ပေါ်မှာ မူးဝေတတ်တဲ့ ခရီးသည်အချို့အတွက် အခက်အခဲရှိနေပေမယ့် ကျနော့်အတွက်ကတော့ သက်တောင့်သက်တာရှိလှပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၀၀ ခန့်ပါဝင်ပြီး အနည်းစုက စင်္ကာပူ နိုင်ငံမှာ ခရီးစဉ်ပြီးဆုံးကြမှာပါ။ ကျနော်အပါအ၀င် ခရီးသည်အများစုကတော့ မလေးရှားနိုင်ငံမှာ ခရီးစဉ်ပြီးဆုံးကြမှာပါ။

ရန်ကုန်မြို့မှ စတင်ထွက်ခွာကတည်းက ပြတင်းတံခါး လိုက်ကာပိတ်၊ မျက်လုံး အသာမှိတ်ပြီး လိုက်ပါလာခဲ့တာ နာရီဝက်လောက်ကြာတော့ " ပင်လယ် " ဆိုတဲ့ စကားသံက ကျနော့်နားထဲ တိုးဝင်လာခဲ့တယ်။ ကျနော် ပင်လယ်ကမ်းခြေကိုသာ ရောက်ဖူးခဲ့ပေမယ့် ပင်လယ်ထဲကို တခါမှမရောက်ဘူးလေတော့ ပင်လယ်ပြင်ရဲ့ အနှစ်သာရကို အပြောနဲ့သာ ကြားခဲ့ဖူးတာပါ။ အခွင့်ရေးအခိုက်ကနော်လည်း တိမ်ဆိုင်အချို့ကြားကနေပြီး ပင်လယ်ပြင်ကို အတန်ကြာမင်သက် ငေးမောမိခဲ့တယ်။ ရာသီဥတုကလည်း သာယာနေပြန်တော့ အလွန်ဘဲ ပြောမပြနိုင်လောက်အောင် ရွန်းလဲ့လှပလွန်းနေပါတယ်။

ပင်လယ်ပြင်ရဲ့ အဆုံးမဲ့ အနားသတ်များကို မျှော်ကြည့်ရင်း တိုက်တိုက်ဆိုင်ဆိုင် ကျနော်ထိုင်နေရာတည့်တည့်မှ လေယာဉ်အတောင်ပံကို ကြည့်မိလေမှ ကြည်နူးစိတ် အချို့ လွင့်ပျယ်ပျောက်ပျက်ခဲ့ရပြန်တယ်။ အခြားလေကြောင်းလိုင်းများရဲ့ လေယာဉ်များကို မသိရပေမယ့် ကျနော်လိုက်ပါလာတဲ့ မြန်မာ့လေကြောင်းလိုင်း ရဲ့ လေယာဉ် အတောင်ပံတွေကတော့ လွန်စွာမှ ယိမ်းထိုးလှုပ်ရှားနေတာကို တွေ့မြင်ရပါတယ်။ ကျနော်လည်း ကသိကအောက်စိတ်လေး ပြန်ထိန်းပြီး ပြတင်းလိုက်ကာကို ပြန်ပိတ်လိုက်မိပါတယ်။

တဒင်္ဂညစ်တွေးနောက်ကျိသွားတဲ့ စိတ်တွေက ကြာကြာမခံလိုက်ပါဘူး။ လေယာဉ်မယ် အချို့ အစားအသောက် လိုက်လံပို့ဆောင်နေခြင်းက ကျတော့်စိတ်ကိုဆွဲဆောင်လိုက်ပြန်တယ်။ " ဘာသုံးဆောင်မလဲ " ဆိုတဲ့ မေးခွန်းနဲ့အတူ အနားရောက်လာသော လေယာဉ်မယ်ရဲ့ ရွေးချယ်စေသော မီနူးက ထူးခြားလှပါတယ်။ အနောက်တိုင်း အစားအစာ ပုံစံ ထဲက ပေါင်မုန့်အသားညှပ် နှင့် ပုစွန်ခေါက်ဆွဲ ဘာစားမလဲရွေးတဲ့ .... ။ နောက် ကော်ဖီနဲ့ လိမ္မော်ရည် ကြိုက်တာသောက်တဲ့ ... ။ဘာဘဲပြောပြော မြန်မာဘာသာနဲ့ ရေးထားတဲ့ မီနူးကလွဲရင် ဖြောင့်ဖြောင့်မဖတ်တတ်တဲ့ ကျနော်တို့လို သူတွေအတွက်ကတော့ မြန်မာ့လေကြောင်း ရဲ့ " Yes (or) No မီနူး "ကို ကျေးဇူးတင်စွာနဲ့ဘဲ ပေါင်မုန့်အသားညှပ်နဲ့ ကော်ဖီဘဲ မှာလိုက်ပါတယ်။

ခေါင်းကြည်စေတဲ့ လိမ္မော်ရည်ကတော့ သောက်လို့ကောင်းသူရော ၊ မလောက်လို့ တောင်းသူရော များလေတော့ မလောက်ငှဘူး ၊ ကုန်သွားပြီဆိုတဲ့ တီးတိုးအသံတွေကို ချန်ထားခဲ့ပြီး ကျနော်တမှေးဆက်မှေးလိုက်မိတယ်။ အစာစားပြီး အကောင်းဆုံးသော အနားယူမှုမှာ သူများထက်သာတဲ့ကျနော်ကတော့ စင်္ကာပူနိုင်ငံကို ဆင်းသက်ဖို့အတွက် ကြေငြာသံထွက်ပေါ်လာမှဘဲ ပြန်လည်နိုးထလာတော့တယ်။ " စင်္ကာပူ တစ်ခေါက်ရောက်ဖူးရချေရဲ့ " လို့ စိတ်ထဲက ကြုံးဝါးရင်း ထိုင်ခုံမှ ခါးပါတ်ကို ပြန်ပါတ်လိုက်မိတော့တယ် .... ။

ဆက်လက်ဖတ်ရှုရန် >>>

Sunday, November 11, 2007

ခရီးစဉ်အမှတ် ဝေဒ

Boarding pass ကို ကိုင်ပြီး အပေါ်ထပ်ကို တက် ။ လေယာဉ်ထွက်မယ့် ဂိတ်ပေါက်ကို အသွား မှာ နောက်တစ်ဆင့်က ကျန်သေးတယ်။
စစစ လိုမျိုးပေါ့။ အဖွဲ့ တစ်ဖွဲ့ က စောင့်နေသေးတယ်။ Hand Carry မှာပါတဲ့ ဟာတွေ စစ်တဲ့ အဖွဲ့ ။ အိတ်လေး ဖွင့်ပြ။ ဟိုကြည့် ဒီကြည့် ဟိုကိုင် ဒီကိုင် ပေါ့။ အဲဒါလည်းပြီးရော Departure Gate ကိုရောက်။ အဲဒီမှာ လွတ်နေတဲ့ ခုံလေးတွေရှိတယ်။ ညောင်းရင် ၀င်ထိုင်။ မညောင်းရင် မှန်ပြတင်းကနေ ကိုယ်စီးရမဲ့ Qatar လေကြောင်းက Airbus A300 ကို ဟိုကြည့်ဒီကြည့်လုပ်နေပေါ့။

" လေယာဉ်ခရီးစဉ်အမှတ် QR603 နဲ့ လိုက်ပါမည့် ခရီးသည်များ Check in Counter no 3 သို့ ကြွရောက်ပါရှင်။"

အဲဒါနဲ့ ပဲ ကျောပိုးအိတ်ကို လွယ် ၊ Luggage ကို ဆွဲပြီး Check in ကောင်တာ ရှေ့ ကို ရောက်ပါလေရော။
သတ်မှတ် ကီလို ၂၀ သာ ခွင့်ပြုပေမဲ့ ပြောတတ်ဆိုတတ်ရင်တော့ ၂၅ ကနေ ၃၀ အထိ ပေးတယ်ဆိုတာ သိပြီးသားဆိုတော့ ကိစ္စမရှိ။

Qatar Airway Check in Counter 3 က ညီမလေးတွေကတော့ ကိုယ့်မျက်နှာကို ကြည့်ပြီး အစ်ကိုက Doha Direct လားဆိုတော့
ီDoha Transit ပါ။ London ကို သွားမှာ။ အဲဒါ ကြည့်ကျက်လုပ်ပေးလိုက်ပါ။ Luggage ကတော့ ၁ လုံးတည်းပါ။
ကောင်မလေးကတော့ ဘာမှ ပြန်မပြောတော့ ။ Computer ကို တစ်ချက်ကြည့်လိုက်ပြီး ခုံနေရာ ချပေးလိုက်တယ်။ လှမ်းကြည့်လိုက်တော့ အဲဒီ ခုံက ကိုယ်တစ်ယောက်တည်း ။ ဘေးမှာ ဘယ်သူမှ မရှိ။ Window Seat ။ ဟ..ဟ...ပိုင်တယ်ကွာ။ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသလိုပေါ့။

အဲဒီလို ကြည်နူးနေတုန်း Luggage က ၂၈ ကီလို ဖြစ်နေပြီတဲ့ ။ ပစ္စည်းပြန်လျှော့ ရမယ် လို့ Doha Airline က တာဝန်ရှိသူ အရာရှိက ပြောပါရော။ အဲဒါနဲ့  ပြန်ကစ်ရတာပေါ့။
ယူနိုး ၀ါထ် ။ ၀ှမ်း အိုင် ကိမ်းဖရောမ် လန်ဒန်.. အိုင် ကင် ကဲရီး ၂၈ ကီလို ။ ဟွိုင်း ကင့်ယူ အလောင်းမီ တူ ကဲရီး ဒ ဆိမ်း ၀ိတ်?
ဆာ...၂၀ ကီလို အစ် မက်စီမမ် အလောင့်ဝမ့် တူ ကဲရီး ။
အိုး..ပလိစ်...ပလိစ်...အိုင်ဟက်ဖ် နန်းသင်း အင်းမိုင် လပ်ဂိတ်။ အုန်းလီး ဘွတ်ခ်စ် ဖော် မိုင် စတမ်ဒီး။ ပလိစ်....
အောရိုက်...အိတ်ဖ် ယူကင် တိတ်ခ်အောက် အိတ်စထရာ ၀ိတ် အင်ရော် ဟန်းကဲရီ ...ဒဲ့ဝယ်လ်ဒူး..
အိုး...သိုင်ခ့်စ် .. အိုင်ဝယ်..

အပို ၈ ကီလို လောက်ကတော့ Hand carry လုပ်ဖို့ ကတော့ ပျင်းသေးတယ်။ အဲဒါနဲ့ ဟိုပြောင်းဒီပြောင်း လုပ်ပြီးတော့ အဆင်ပြေသွားတာပေါ့။

ဒါကြောင့် သွားတာ လာတာမှာ ပြောတတ်ဆိုတတ်ဖို့ အရေးကြီးပါတယ်။ ကြောက်စရာမလို ။ ကိုယ့်အခွင့်အရေးကို ကိုယ် တောင်းဆိုတတ်ရမယ်။ အဆင်ပြေဖို့ က အရေးကြီးတယ်။ Complaint ကို များများလုပ်။ အဆင်ပြေသွားမယ်။


Boarding pass ကို ကိုင်ပြီး အပေါ်ထပ်ကို တက် ။ လေယာဉ်ထွက်မယ့် ဂိတ်ပေါက်ကို အသွား မှာ နောက်တစ်ဆင့်က ကျန်သေးတယ်။
စစစ လိုမျိုးပေါ့။ အဖွဲ့ တစ်ဖွဲ့ က စောင့်နေသေးတယ်။ Hand Carry မှာပါတဲ့ ဟာတွေ စစ်တဲ့ အဖွဲ့ ။ အိတ်လေး ဖွင့်ပြ။ ဟိုကြည့် ဒီကြည့် ဟိုကိုင် ဒီကိုင် ပေါ့။ အဲဒါလည်းပြီးရော Departure Gate ကိုရောက်။ အဲဒီမှာ လွတ်နေတဲ့ ခုံလေးတွေရှိတယ်။ ညောင်းရင် ၀င်ထိုင်။ မညောင်းရင် မှန်ပြတင်းကနေ ကိုယ်စီးရမဲ့ Qatar လေကြောင်းက Airbus A300 ကို ဟိုကြည့်ဒီကြည့်လုပ်နေပေါ့။

အချိန်တန်လို့ Departure Gate ဖွင့်ရင် ဂိတ်ဝမှာ စောင့်နေတဲ့ လေယာဉ် စပါယ်ယာမ ကို Boarding pass ပြလိုက်ရင် သူက ကိုယ်စီးရမဲ့ ထိုင်ခုံကို ညွှန်ပေးလိမ့်မယ်။ ၀င်သွားလိုက်ယုံပဲ။ အဲဒီ Air Line ကတော့ မြန်မာ လေယာဉ် စပါယ်ယာမ တွေ ရှိတော့ နိုင်ငံခြား ခရီး ပထမ ဆုံး ထွက်မဲ့ သူတွေ အတွက် အဆင်ပြေတာပေါ့။ သူတို့ က အဆင်ပြေအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။

ကိုယ်ထိုင်ရမဲ့ ထိုင်ခုံနေရာကိုရောက်ရင် အဲဒီအပေါ်မှာ Luggage Cabin ရှိတယ်။ ဆွဲဖွင့်ပြီး Hand carry အိတ်တွေ ထိုးသာထည့်လိုက်။ ပြည့်နေရင်တော့ တစ်ခြားနေရာမှာ ရှာပြီးထည့်။ အားနာစရာမလိုဘူး။ ပိုက်ဆံပေးစီးတာ။

မြန်မာပြည်ကနေ Doha ဆွဲတဲ့ Qatar Airline ဟာ များသောအားဖြင့် ခရီးသည် နည်းတတ်ပါတယ်။ တစ်စီးလုံးမှ ခရီးသည် ၅၀ တောင်မရှိပါဘူး။ ထိုင်ခုံ နေရာတွေ အများကြီး လွတ်ပါတယ်။ တစ်ကယ်လို့ များ ကိုယ့်ထိုင်ခုံမှာ ဘေးမှာလည်း လူရှိနေတယ်။ နေရာကလည်း တောင်ပံ နေရာလောက်မှာ ကျနေမယ် ။ စိတ်ကြိုက်မတွေ့ ဘူးဆိုပါတော့ ။ လေယာဉ် မတက်ခင် (အခြေအနေပေးရင် တစ်ခါတည်း နေရာပြောင်းလိုက်) ဘယ်နေရာမှာ ထိုင်ခံလွတ်နေသလဲ ဆိုတာ ကြိုတင်သာ ကြည့်ထား။ လွတ်လွတ်လပ်လပ် အိပ်ချင်ရင် အလယ်တန်းနေရာက ခုံ ၄ ခုံ ကို ရအောင်သာ နေရာ ဦးထား။ ထိုင်ခုံ လက်တန်းတွေကိုဖယ်ပြီး ကုတင်တစ်လုံးလို လုပ်ပြီး အိပ်လို့ ရတယ်။ ခရီးစဉ်က ကြာမယ် ဆိုတော့ အိပ်တဲ့အခါမှာ သက်တောင့်သက်သာ ဖြစ်အောင်၊ မညောင်းအောင် ၊ အဆင်ပြေအောင် ကြံရတာပေါ့။

အဆင်ပြေပြီဆိုရင်တော့ ထိုင်ခုံမှာ စိတ်အေးအေးထားပြီးထိုင်။ ဘုရားစာလေး ဘာလေးရွတ်။ တော်ကြာ လေယာဉ်ပြေးလမ်းချော်ပြီး ဟုတ်ပေ့ဖြစ်နေမယ်။
ခေါင်းပေါ်မှာ စာဖတ်ဖို့ အတွက် မီးလုံးရယ်၊ လေအေးပေးတဲ့ ခလုတ်ရယ် ၊ လေယာဉ်စပါယ်ယာ ကို ခေါ်ဖို့ ခလုတ်တွေ ရှိတယ်။ ကြိုက်တာသာနှိပ် ။ လိုအပ်ရင်ပြောတာပါ။

ကိုယ်ထိုင်တဲ့ ခုံရဲ့ လက်ရမ်းကိုလည်း ကြည့်လိုက်အုံး ။ ညာဖက်မှာ သီချင်းနားထောင်ဖို့ အတွက် pin ထည့်ဖို့ အပေါက် ပါတယ်။ pin ကတော့ ခဏနေရင် လာပေးမယ်။ အသာလေးနေ ။ ပြီးတော့ ဆေးလိပ်သောက်တတ်တဲ့ သူတွေအတွက် ပြာချွေဖို့ အံဝှက်ရှိတယ်။ အဲဒါက ရှိသာရှိတာ။ သုံးလို့ မရဘူး။ ဆေးလိပ်သောက်ခွင့်မပြုဘူးလေ။ လက်ရမ်းမှာ ကိုယ့်ထိုင်ခုံကို ရှေ့ တိုး နောက်ဆုတ် Adjust လုပ်လို့ ရအောင် ၊ မှီတဲ့အခါမှာ အဆင်ပြေအောင် အတွက် လုပ်ဖို့ ဘုတစ်ခုတွေ့ အုံးမယ်။ စမ်းကြည့် ။
ထိုင်ခုံပေါ်မှာ အိပ်ဖို့ ခေါင်းအုံး သေးသေးလေး တစ်လုံး ပေးထားမယ်။ ထိုင်ခုံအောက်မှာ က Life Jacket ရှိမယ်။ ယောင်လို့ တောင် ထုတ်မကြည့်နဲ့ မလိုအပ်ဘူး။ လေယာဉ် ရေထဲ ထိုးဆင်းပျက်ကျမှ အဲဒါက အသုံးဝင်မှာ။

အဲဒီမှာ Leg rest လို့ ခေါ်တဲ့ ခြေတင်လို့ ရတဲ့ အတန်းလေးတစ်တန်း ရှိတယ်။ ထိုင်ခုံရဲ့ အောက်ခြေမှာပေါ့။ Adjust လုပ်လို့ ရတယ်။ လေယာဉ် အတက် ၊ အဆင်းမှာ အဲဒါကို အပေါ်တင်ထားရတယ်။ ကျန်တဲ့အချိန်မှာတော့ အဲဒါလေးချပြီး ခြေထောက်ကို အနားပေးထားပေါ့။

ကိုယ့်အရှေ့ မှာတော့ သူများထိုင်ခုံနောက်ကျောပေါ့ ။ အဲဒီမှာ ကလိလို့ ရတယ်။ အစားအသောက်တင်ဖို့ အတွက် ခေါက် Table လေး ရှိတယ်။ အဲဒါကို တင်လိုက်ချလိုက် လုပ်ကြည့် ။ အဲဒါနဲ့ တစ်ဆက်တည်းမှာပဲ မဂ္ဂဇ္ဖင်းတွေ၊ စာအုပ်တွေ ၊ လေယာဉ်မူးရင် အန်တတ်တဲ့သူတွေအတွက် အိတ် ရှိတယ်။ အစားအသောက် Menu ကဒ် ထည့်ချင်လည်း ထည့်ထားမယ်။

Airline အားလုံး အတူတူပဲ ။ Singapore ။ Malaysia ၊ Thai အဲဒီ အတိုင်းပဲ။

လူစုံလို့  လေယာဉ်တံခါးပေါက်ပိတ်ပြီး မကြာခင်မှာပဲ လေယာဉ် စပါယ်ယာမ တစ်ယောက်က ပေါင်းတင်ထားတဲ့ မျက်နှာသုတ်ပ၀ါ တစ်ခု လာပေးမယ်။ ယူသာယူ ။ ချွေးပြန်နေတဲ့ မျက်နှာ ။ လည်ပင်းတွေ အကုန်သုတ်၊ ပြီးမှ လက်ကိုသုတ်။ အဲဒါကို ပြစ်မချနဲ့ အုံး ။ လက်ထဲမှာ ကိုင်ချင်ကိုင်၊ မကိုင်ချင်ရင် ကိုယ့်ရှေ့ မှာ ရှိတဲ့ စားစရာတင်တဲ့ Table ပေါ်ကို တင်ထားယုံပဲ။ တစ်အောင့်လောက်ကြာရင် စပါယ်ယာမ က လာသိမ်းလိမ့်မယ်။ သကြားလုံးလည်းကျွေးပါလိမ့်မယ်။ စားသာစားပါ ။ အဆိပ်ခတ်မထားပါဘူး။

အဲဒါနဲ့ တစ်ဆက်တည်းမှာပဲ ပလတ်စတစ် အထုပ်တစ်ထုပ်လာပေးပါလိမ့်မယ်။ ဒါလည်းယူထားလိုက်ပါ။ ပြီးတော့ ဖွင့်ကြည့်လိုက်ပါ။ နီညိုရောင် စောင်ပါးလေး တစ်ထည် ၊ Qatar တံဆိပ်နဲ့ Bag လေး တစ်ခု ။ အဲဒီ အိပ်ထဲမှာတော့ သွားတိုက်ဆေး ၊ သွားတိုက်တံ ၊ ခြေအိပ်တစ်စုံ၊ အိပ်တဲ့အခါမှာ မီးရောင်နဲ့ မအိပ်တတ်တဲ့သူတွေအတွက် Eye mask လို့ ခေါ်တဲ့ မျက်လုံးကို ပိတ်တဲ့ ဟာလေး ။ နောက်ဆုံးတစ်ခုကတော့ သီချင်းအစီအစဉ် ၊ ဗွီဒီယို အစီအစဉ် ၊ ရေဒီယို အစီအစဉ်တွေ နားထောင်လို့ ရအောင်ဖို့ အတွက် Ear Phone တစ်ခု အစရှိတာတွေ ပါ ပါတယ်။

ယူသာ ယူထားပါ။ စောင်နဲ့ Earphone မှ အပ ကျန်တာတွေဟာ ကိုယ့်အတွက် ကိုယ်ပိုင်ဖြစ်ပါတယ်။ ယူသွားလို့ လည်း ခွင့်ပြုပါတယ်။

အဲဒါတွေရရင်တော့ ခြေအိတ်ကို လဲချင် လဲလိုက်ပါ။ တစ်ချို့ ခြေအဆီ ထွက်တဲ့သူတွေဟာ ခြေအိတ်စွပ်ရင် အနံ့ ထွက်တတ်ပါတယ်။ အဲဒါကို ကာကွယ်ဖို့ အတွက်ပါပဲ။ လွတ်လွတ်လပ်လပ် ၊ သက်တောင့်သက်သာ နေပါ။ ဖိနပ်ကိုလည်း ၀ါသနာပါရင် ချွတ်လိုက်ပါအုံး ။ ခြေထောက် အိုက်ပါတယ်။ စီးရမဲ့ ခရီးစဉ်က အကြာကြီးဆိုတော့ ဖိနပ်ချွတ်တာဟာ အကောင်းဆုံးပါ။ လိုအပ်မှ ပြန်စီးပါ။


ခရီးသည်အများစုဟာ မြန်မာပြည်သားတွေ ဖြစ်ဖို့ များပါတယ်။ အနည်းအကျဉ်းကတော့ နိုင်ငံခြားသားတွေပါပဲ။ ဒီအထဲမှာတော့ Doha မှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာတွေ လည်း ပါပါလိမ့်မယ်။ ခွင့်နဲ့ ခဏပြန်လာကြတဲ့သူတွေပါ။

လေယာဉ်ဟာ Boarding Gate ကနေ ခွာတော့မယ်ဆိုရင်တော့ ခါးပတ်တွေ ပတ်ခိုင်း ၊ ဆေးလိပ်မသောက်ရ ဆိုတဲ့ Sign တွေကို တင်ပါလိမ့်မယ်။ ကိုယ့်အတွက်တော့ ထူးမှာမဟုတ်ပါဘူး။ ဆေးလိပ်က သောက်မှ မသောက်ရတာ။
မကြာခင်မှာပဲ လေယာဉ် ဒရိုင်ဘာကနေပြီးတော့ စကားပြောပါလိမ့်မယ်။ သူဟာ ဘယ်သူဘယ်ဝါပေါ့။ ဒီခရီးစဉ်ဟာ မိုင်ဘယ်လောက်ရှိမယ်။ ပျံသန်းချိန် ဘယ်လောက်ကြာမယ်။ အမြင့်ပေဘယ်လောက်ကနေပျံသန်းမယ်ဆိုတာကို ပြောပြီးတော့ ကမ္မ၀ါ ညှပ်ပါလိမ့်မယ်။

လေယာဉ်ဟာ ပြေးလမ်းပေါ်ရောက်လို့ အရှိန်ယူပြီး ကောင်းကင်ကို ပျံတက်တဲ့အခါမှာ အဲဒီ အရသာကို ခံစားကြည့်ပါ။ အသည်းထဲ အေးခနဲ ၊ ငြိမ့်ခနဲ ပါပဲ။ ပြတင်းပေါက်ခုံ နဲ့ နီးတဲ့လူဆိုရင်တော့ ရန်ကုန်မြို့ တော်ရဲ့ ညအလှကို မီးမှိတ်တုတ်နဲ့ မြင်ရမှာပါ။

ဝေဟင်ကို လေယာဉ် ပျံတက်ပြီး သိပ်မကြာခင်မှာ ညစာကျွေးပါမယ်။ Menu Card လေးတွေ လာပေးပါမယ်။ စားချင်တာသာမှာစားပါ။ အားမနာနဲ့ ။ သောက်တတ်တဲ့သူများ မှာသောက်ပါ။ ဘီယာ ၊ ၀ိုင် ၊ တစ်ခါတစ်လေ Whisky တောင် ပေးပါတယ်။ ချသာ ချ ။ ပိုက်ဆံပေးပြီး စီးတာ။ တန်အောင်စားပါ။ အရည်အတွက်ကတော့ ရေချည်းပဲ သောက်မနေပါနဲ့ ။ ရေဆာရင် အချိုရည်တောင်းသောက်ပါ။ ဘီယာတောင်းသောက်ပါ။ (ကြိုက်တတ်တဲ့ သူတွေ အတွက်ပါ)

Thai Airway က ဆိုရင်တော့ လေယာဉ်စပါယ်ယာ က လက်တစ်ဘက်စီမှာ ၀ိုင်ပုလင်း တစ်လုံးစီကိုင်ပြီး White Wine? Red Wine ဆိုပြီး လာအော်ပါလိမ့်မယ်။ မော့သာမော့ပစ် ။ ချဉ်ချဉ်တူးတူး ၊

အဲဒီလို စားစရာ သောက်စရာ မှာပြီးရင်တော့ လေယာဉ် ရဲ့ အလယ်လိုင်းမှာ တီဗီတွေပါ ပါတယ်။ အဲဒါလေး အသာလေးမှေးပြီး Ear Phone လေးနဲ့ မျက်စိအရသာ ခံယုံပါပဲ။ တီဗွီအစီအစဉ်မကြိုက်ရင် သီချင်း ၊ သီတင်း ၊ ရေဒီယို ပါတဲ့ လိုင်းကို လျှောက်နှိပ်ပြီး နားထောင်နေယုံ ပါပဲ။

အဲဒီလိုနဲ့ မှာထားတဲ့ စားစရာတွေရောက်လာရင် ကိုယ့်ထိုင်ခုံ အရှေ့ က Table လေးကို ချပြီး စားသောက်ယုံပဲ ။ ကိုယ်က မလုပ်တတ်ရင် လေယာဉ်စပါယ်ယာမတွေက အစအဆုံး လုပ်ပေးပါမယ်။ စိတ်မပူနဲ့ ။ မရှက်နဲ့ ။ တစ်ခုခု တောင်းချင်ရင်တော့ စကားရဲ့ နောက်ဆုံးကနေ Please ဆိုတာလေး တစ်လုံးပါ ပါပါစေ။ လိုချင်တာ အကုန်ရမယ် ။ မရတာကတော့ မရှိလို့ ပဲ မှတ်ပါ။

စားပြီးသောက်ပြီးရင်တော့ အိပ်ဖို့ အတွက် လေယာဉ်က မီးမှိတ်ပေးပါမယ်။ အဲဒီအခါမှာတော့ မအိပ်ချင်ရင် ကိုယ့်မှာပါလာတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ကို စာကြည့်မီးလုံးလေးဖွင့်ပြီး ဖတ်ချင်ဖတ်၊ အဖော်ပါတဲ့သူကတော့ အဖော်နဲ့ စကားတွေဖောင်ဖွဲ့ ပေါ့။ အဖော်မပါလည်း အခြေအနေပေးရင် လေယာဉ်နောက်ပိုင်းမှာ ငိုက်ချင်ငိုက် ၊ သူ့ အလုပ်သူ ရှုပ်နေတဲ့ လေယာဉ်စပါယ်ယာမတွေနဲ့ တော်ကီ သွားပွားပါ။
သူတို့ က အတွေ့ အကြုံတွေများတဲ့သူဆိုတော့ တစ်ခြားနိုင်ငံ အတွေ့ အကြုံတွေ ကို ပြောပြပါလိမ့်မယ်။ English လို စကားပြောကျင့်သလိုမျိးပါပဲ။ များသောအားဖြင့် သူတို့ ဟာ Asian နိုင်ငံတွေ က ဖြစ်ပါတယ်။ အိပ်ချင်ရင်တော့ လေယာဉ်မထွက်ခင်က ကြိုတင်ရှာထားတဲ့ ထိုင်ခုံ နေရာမှာ ခြေဆန့် လက်ဆန့် တစ်မေ့တစ်မော အိပ်လိုက်ပေတော့။

အိမ်သာသွားချင်ရင်လို့ ကိုယ့်ဘေးမှာ လူရှိနေလည်း အားမနာနဲ့ ။ နိုင်ငံခြားသားဆိုရင်လည်း Excuse me လို့ သာပြော။ အိပ်နေလည်း နှိုးပြီးတော့ ပြော။ ကိုယ့်အရေး က သူအိပ်နေတာထက် ပို ကြီးတယ်။

အဲဒီလိုနဲ့ ခရီးဆုံးခါနီး ၂နာရီ အလိုဆိုရင် စားစရာလေးတွေ နောက်တစ်ခေါက် ထပ်လာမယ်။ မနက်စာပေါ့။ စားသာစား ၊ သွပ်သာသွပ်။
Doha ရောက်လို့ အပိုငွေမကုန်စေချင်ရင် စားသာစားထား။

အဲ...တစ်ခုပြောရအုံးမယ်။ လေယာဉ်စီးလို့ မူးပြီး အန်ချင်ရင်တော့ အိပ်ရှိတယ်ဆိုတာ မမေ့နဲ့ ။ ကိုယ်ထိုင်တဲ့ ထိုင်ခုံရှေ့ အောက်နားက အိတ်ထဲမှာ ရှိတယ်။ နောက်တစ်ခုက လေယာဉ်တွင်းမှာဆိုတော့ လေဖိအား နည်းတာ ၊ များတာ ဖြစ်လို့ နားတွေ တိန်း ကုန်တာ ၊ နားအကြား တွေ တိုးသွားတာတွေ ဖြစ်တတ်တယ်။ အဲဒါဆိုရင်တော့ နှာခေါင်းပေါက် ၂ ဖက်လုံးကို လက်နဲ့ ပိတ်ညှစ်ပြီးတော့ တံတွေး မျိုချလိုက်။ တစ်ခေါက်နဲ့ မရရင် နောက်တစ်ခေါက်ထပ်လုပ်ကြည့်ပါ။ ပျောက်သွားပါလိမ့်မယ်။

လေယာဉ်ပျံသန်းနေတုန်း တစ်ခါတစ်လေ လေပြင်းထန်တာ၊ ရာသီဥတုဆိုးရွား လို့ ရှိရင်တော့ ခါးပတ်ပြန်ပတ်ခိုင်းပါလိမ့်မယ်။
ကျန်တဲ့အချိန်မှာတော့ ခါးပတ်ပတ်ထားတာကို ဖြုတ်ဖို့ မမေ့ပါနဲ့ ။ သက်တောင့်သက်သာ နေပါ။ ပင်ပန်းလှပါတယ်။ ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ ။

Doha လေဆိပ်ကို လေယာဉ်ဆင်းလို့ ရှိရင် ညဖက်ဆိုတော့ ကောင်းကင်ကနေ မြေပြင်အလှကို ကြည့်ရတာ တော်တော်လှပါတယ်။ နေ့ ဖက်ဆိုရင်တော့ သိပ်မလှဘူး ။ဘာလို့ လည်း ဆိုတော့ သဲကန္တာရ ထဲမှာ ဆောက်ထားတဲ့ မြို့ ဖြစ်ပြီး အတော်လည်း ပူပါတယ်။ နေ့ ဖက်ဆိုရင် ကျစ်ကျစ်ပူနေပါရော။ မြန်မာပြည်ထက်ကို ပူပါတယ်။ ညဖက်လည်း ပူတာပဲ။

Doha လေဆိပ်ကတော့ Tube မရှိတဲ့ အတွက် လှေခါးပါတဲ့ ကားတွေနဲ့ တံတားထိုးပြီး အောက်မှာတော့ Aircon Bus တွေ လာကြိုပါလိမ့်မယ်။ လေယာဉ်ပေါ်ကဆင်းရင်လည်း Cabin Luggage တွေကို ပြန်ယူဖို့ မမေ့နဲ့ အုံး။ ၀မ်းသာအားရဖြစ်ပြီးတော့ မေ့တတ်တယ်။ အဲဒီကနေ တစ်ဆင့် Arrival ကို Bus တွေနဲ့ သယ်သွားပါလိမ့်မယ်။ တစ်ခါတစ်လေ အဲဒီ Arrival ကို ရောက်ဖို့ ၁၅ မိနစ်လောက်ကြာပါတယ်။ အဲသလောက် ဝေးတယ်။ တစ်ခါတစ်လေတော့လည်း ၅ မိနစ်ပေါ့။ လေယာဉ်ပေါ်မှာ မူတည်ပါတယ်။

Doha လေဆိပ် အတွင်း မြင်ကွင်း (ဆက်ရန်)....