Friday, March 27, 2009

ဥရှိခုဘုရားကြီး

ဥရှိခုဘုရားကြီးက ကမ္ဘာမှာ အမြင့်ဆုံးဘုရားကြီးပါ။ ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းတင်ခြင်းခံထားရပါတယ်။ဘုရားကြီးကို အဝေးကနေ လှမ်းရိုက်လိုက်တော့ ဒီလိုမြင်ရပါတယ်။ ကောင်းကင်ပေါ်က ကြွလာသလိုမျိုး ထင်မိပါတယ်။
ဘုရားကြီးဆီရောက်ဖို့ ဒီလိုလမ်းကို ဖြတ်ခဲ့ရတာပေါ့။

အနီးကပ်လာလေလေ ပိုမိုပီပြင်လာလေပါပဲ။

အနီးကပ် ဖူးမြော်ကြည့်လိုက်တော့ သပ္ပာယ်လိုက်တာ..............
ရင်ပတ်တော်မှာ အပေါက်သုံးပေါက်ရှိတာ သတိထားမိကြပါသလား။ အဲဒါ ပြတင်းပေါက်ရှင့်။
တကယ်တော့ ဘုရားကြီးရဲ့ ကိုယ်တော်ထဲကို ဝင်လို့ရပါတယ်။အရင်ဆုံး စက်လှေကားအကျယ်ကြီးနဲ့ တက်ပြီး သွားရပါတယ်။ ပြီးရင် အထပ်တွေရှိပါတယ်။ တစ်ထပ်ချင်း တက်ကြည့်လို့ ရပါတယ်။ အပေါ်ဆုံးအထပ်က အခုနက အပေါက်သုံးပေါက်အဖြစ်မြင်ရတဲ့ အထပ်ပါ။ ဘုရားကြီးရဲ့ ရင်ပတ်တော်ရှိတဲ့နေရာပေါ့။အဲဒီ ပြတင်းပေါက်မှ မြင်ရတဲ့မြင်ကွင်းပါ။
မြန်မာလူမျိုး ပူဇော်ကိုးကွယ်ထားတဲ့ မြန်မာဘုရားတစ်ဆူလည်း ဖူးမြော်ခဲ့ပါသေးတယ်။

ဘုရားကြီးရဲ့ ညာဘက်ခြေမတော် ပုံပွါးပါ။

ဒါကတော့ ဦးခေါင်းတော်ပါ။ တစ်ကယ့်ဘုရားကြီးရဲ့ တစ်ထောင်ပုံပုံ တစ်ပုံပါ။
ဘုရားကြီးရဲ့အမြင့်ကို ဒီလိုတိုင်းတာပြထားပါတယ်။


ဂင်းနစ်မှတ်တမ်းလွှာ
ဘုရားကြီးကို အလွယ်တကူ တည်ထားကိုးကွယ်ခဲ့ရတာမဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ တည်ထားခဲ့ရတာပါ။
စကားချပ်၊ ရာသီဥတုသိပ်မကောင်းတဲ့နေ့သွားခဲ့မိလို့ နည်းနည်းဝါးနေပါတယ်။

Wednesday, March 18, 2009

အဲနိုရှီးမားသို့အလည်တစ်ခေါက်

(17.3.2009)နေ့က အဲနိုရှီးမားကိုသွားခဲ့ပါတယ်။ မနက်ပိုင်းက ခမကုရပေါ့။ Free pass နဲ့သွားတာ အရမ်းတန်ပါတယ်။ တစ်ယောက်ကို ယန်းငွေ (1500)လောက်ပဲကျတယ်သိလား။ Free pass ဆိုတာ မိမိစထွက်တဲ့ဘူတာကနေ Free pass ထဲမှာပါတဲ့ ရထားလိုင်းထဲကဘူတာတွေကို ကြိုက်သလောက် စီးလို့ရတဲ့ ရထားလက်မှတ်ပါ။ တက်လိုက်၊ ဆင်းလိုက် ကြိုက်သလောက် လုပ်လို့ရလို့ ရထားစီးရကျိုးနပ်ပါတယ်။ အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် သွားစရာနေရာတွေလည်း အများကြီးပါပဲ။ ဒါကြောင့် ကျမတို့က မနက်ပိုင်းကို ခမကုရသွားပြီး အပြန်လမ်းတစ်လျှောက်ကို ကြည့်၊ အဆုံးမှာ အဲနိုရှီးမားကို ဝင်ခဲ့တာပါ။

အဲနိုရှီးမားက တော်တော်လှပါတယ်။ ခရီးသွားဧည့်သည်တော်တော်များများ လာရောက်လည်ပတ်တဲ့ နေရာတစ်ခုလည်းဖြစ်တယ်လေ။ ဖေဖေနဲ့မေမေကို လိုက်ပို့ရင်း ကျမပါ ရောက်သွားခဲ့တာ။ ပထမဦးဆုံးအကြိမ်ဆိုတော့ အစုံတောင် မလည်လိုက်ရဘူး။ ရသလောက်ကိုပဲ လျှောက်ကြည့်ခဲ့ရတယ်။ ထုံးစံအတိုင်း တွေ့တဲ့နေရာဓာတ်ပုံရိုက်လေ့ရှိတော့ အခုလည်း အပီအပြင်လက်စွမ်းပြခဲ့ပါတယ်။ ဖေဖေနဲ့မေမေကို ရိုက်ပေးလိုက်၊ ကိုယ့်ဘလော့အတွက် ရိုက်လိုက်နဲ့ အလုပ်ရှုပ်မှရှုပ်။ ကိုယ့်ကို ကိုယ်တောင် ဓာတ်ပုံရိုက်ခံဖို့ သတိမရတဲ့အထိပဲ။ :z ပုံတွေအများကြီးထဲက ကောင်းနိုးရာရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

KATASE ENOSHIMA STATION(片瀬江の島駅)
ကျွန်းပေါ်ကနေဖြတ်လျှောက်လာရင်း ရိုက်ထားတာပါ။ ရှည်ရှည်မျှော်စင်လေးကို သတိထားမိလား။ အဲဒီအပေါ်ကို တက်ခဲ့တယ်ရှင်။ ကျွန်းတစ်ကျွန်းလုံးရဲ့အလှကို ခံစားရအောင်လို့ပါ။ အဲဒီကို ရောက်ဖို့ လှေကားနဲ့ အရင်တက်ရပါတယ်။ ကျမကတော့ လူကြီးတွေပါလို့ စက်လှေကားနဲ့ တက်ခဲ့ပါတယ်။ စက်လှေကားနဲ့ တက်ခက တစ်ယောက် ယန်းငွေ(350)ပါ။ ပြီးရင် ပန်းခြံရှိပါတယ်။ ပန်းခြံထဲမှာမှ မျှော်စင်ကရှိတာပါ။ ပန်းခြံဝင်ခက ယန်းငွေ (200)ပေးရပါတယ်။၊ မျှော်စင်တက်ခက ယန်းငွေ (300)ပေးရပါတယ်။ ဒီတော့ ၊ဟိုးအပေါ်ထိရောက်ဖို့ အားလုံးပေါင်း ယန်းငွေ(850) ကျတာပေါ့နော်။


မျှော်စင်ပေါ်မှ ရိုက်ထားသော ၏အလှ
ဒီပန်းခြံကို ဖြတ်ခဲ့ရတာပေါ့။ အခုတော့ အပေါ်စီးကနေ ကြည့်ကြည့်တာ လှတော့လှသား။
အငူလေးတွေပေါ်အောင် Zoom ဆွဲပြီး ရိုက်ကြည့်ခဲ့သေးတယ်။
နည်းနည်းမှောင်လာပြီရှင့်။
အဲနိုရှီးမား နဲ့ဖူဂျီတောင်ရဲ့ နေဝင်ဆည်းဆာအလှပေါ့။ ကျမ အကြိုက်ဆုံး ဓာတ်ပုံပါ။

နေဝင်သွားပေမယ့် ဖူဂျီကတော့ လှမြဲလှဆဲပဲသိလား။

Sunday, October 5, 2008

Elephanta Island သို့ အလည်တစ်ခေါက်


The Gateway of India (Mumbai)




ဒါကမော်တော်ဘုတ်ပေါ်မှာပေါ့..
အမြင်ဆန်းနေတဲ့သဘောင်္ကြီး(သောင်တူးသဘောင်္ာထင်တယ်)

ဘုံဘေမြို့ဆိပ်ကမ်းအလှ



မိမိရောက်ရှိနေရာ အနီး စိတ်ဝင်စားဖွယ်နေရာလေးတွေ ရှိတယ် ကြားရင် အလည်အပတ်ခရီး တစ်ခါတစ်ခေါက်ဖြစ်ဖြစ် သွားချင်စိတ်ဖြစ်တတ်ပါတယ်။ ယခုရောက်နေတာက ဘုံဘေ။ ဘုံဘေ ဆိုတာက အရှေ့တိုင်းရဲ့ နယူးရောက်လို့ တင်စားပြောနိုင်မလား။ဒီမြို့မှာ ကမ္ဘာ့အဆင့်မှီ ဘီလျံနာ သူဌေးကြီးများ လည်းရှိသလို ဖြစ်သလိုစား ဖြစ်သလိုနေထိုင်ကြတဲ့ အခြေအနေမဲ့ Slum များလည်း အများအပြားရှိကြလေရဲ့။ ဗီဇာကသက်တန်းက မကြာမှီ ကုန်တော့မယ်။ ဘုံဘေရောက်စဉ် လည်ပတ်သင့်ရာ စိတ်ဝင်စားဖွယ်နေရာတစ်ချို့ ဆီ သွားဦးမယ်လို့ စိတ်ကူးရပါတယ်။

ဘယ်နေရာ သွားရင်ကောင်းမလဲ….၊ လွယ်ပါတယ်..အင်တာနက်ပေါ် ရှာလိုက်။ ဘုံဘေတစ်ခွင်က တို့ရစ် ဆိုက် လို့ ဂိုဂယ်မှာ ရိုက် ထည့်..ရှာလိုက်တာ။တွေ့ပါပီ…ကမ္ဘာ့အမွေအနှစ်ရှေးဟောင်း နေရာ..Elephanta Island and Elephanta Caves တဲ့။ လိုကေးရှင်းကို ဂိုဂယ် အတ်နဲ့ ရှာကြည့်တော့ ဘုံဘေ နဲ့ မနီးမဝေး ခရီး။ တစ်နေ့တာတော့ အချိန်ပေးရမယ်။

Elephanta Island ကိုရောက်ပါပီ
ဒီရထား စီးရင် အသွားအပြန် ၁၀ ကျမယ်
လမ်းလျှောက်ဝင်တော့ အကုန်အကျသက်သာတာပေါ့..







လမ်းညွှန်စာအုပ်ဝယ်နိုင်ပြီ


ကျိုက်ထီးရိုးအလား ဈေးဆိုင်လေးများ..

အချိုရည်လုသောက် ကိုရွှေမျောက်




ဝင်ကြေးပေးရသည် ၂၅၀ စီ.




ဒါနဲ အစောကြီးအိပ်ရာထ၊ မနက်ငါးနာရီခွဲမှာ အသင့်ပြင်၊ ၆ နာရီမှာ တည်းခိုရာ Kalina University Campus မှ ဒေသအခေါ် Auto, သီရိလင်္ကာ အခေါ် Three Wheel,ထိုင်းအခေါ် တုတ်တုတ် စီးပြီး Santacruze(E) ဘူတာသို့ ထွက်ခဲ့တယ်။ Santacruze(E) မှ Churchgate သို အသွားအပြန် ရထားလက်မှတ်ဖြတ်၊ ရထားစောင့်စီး၊ Churgegate သို့လာတယ်။ နောက် Gateway of India ကို ခရီးဆက်…တယ်။ မနက်စာ စားပြီးနောက် နာရီကြည့်လိုက်တော့ ၈ နာရီခွဲ။ Elephanta Island သို့ သွားတဲ့ ပထမဆုံး ဖယ်ရီဘုတ်က မနက် ၉နာရီ။ သဘောင်္မှီအောင် India Gate သို့သွား..၊ ဖယ်ရီဘုတ်ရဲ့ အပေါ်ထပ်မှာ နေရာယူ..၉ နာရီထိုးတာနှင့် လှေ ကမ်းက ခွါ .. Elephanta Island သို့ ဦးတည်မောင်းပါတော့တယ်။….



ပင်လယ်နဲ့ မစိမ်းလှပေမဲ့ ဘုံဘေ ဆပ်ကမ်းအလှ ကို ပထမဆုံး ထိတွေ့ခွင့်ရတာမို့…မော်တော်ဘုတ်စီးရင်း ရှုခင်းတွေကို မှတ်တမ်းတင်တယ်။ကင်မရာလေးလည်း ဘက်ထရီကုန်မှ အနားရပါတော့တယ်…။ :P


ကျွန်းပေါ်ရှိတောင်ကုန်းပေါ်က မြင်ကွင်း.

ဘုံဘေ ဆိပ်ကမ်း.အိန္ဒိယ ဂိတ်ဝေးမှ မနက် ၉ နာရီထွက်..၊မနက် ၁၀နာရီမှာ Elephanta Island သို့ဆိုက်ပါတယ်။ ဘုံဘေ အပြန်မော်တော်က နေ့လည် ၁၂ နာရီမှ ညနေ ၅နာရီခွဲ အထိ နာရီဝက် တစ်စင်းထွက်ပေးတယ်။ ဆိပ် ကမ်းနဲ့ ကျွန်း က တစ်ကီလိုမီတာ သာသာပါ။ ရထားလေးစီးမလား…ရတယ်။ ၁၀ ပေးရမယ်။ ကျွန်းပေါ် ရောက်လို့ အ၀င်..ဂိတ်ကြေးက တစ်ခါ ပေးရပြန်တယ်။ ကျွန်းဂိတ်ကိုဖြတ်ပြီးနောက် ကျောက်လှေကားလေးနဲ့ ကုန်းလေးကို တက်သွား၊ တစ်ဘက်တစ်ချက်မှာ ခင်းထားတဲ့ဈေးဆိုင်တန်းတွေက ကျိုက်ထီးရိုးကို ပြန်ရောက်နေသလား ထင်ရတယ်။ အစာမြင်ရင် အတင်း ၀င်ဆွဲလု တတ်တဲ့ မျောက်တွေက ဟို နားဒီနား တွေ့ ရတယ်။

အမြောက်ကြီး..တစ်ခု.



ဘာသာခြားနဲ့မရောယှက်..ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားပုထိုး ဆင်းတု ဂူတွေ ရှိသေး တယ်လို့သိရပေမဲ…No visitors allow ပါတဲ့။ ကိုးကွယ်ဆည်းကပ်သူ မရှိတော့ဘူးဆိုရင် စေတီဘုရား ဆင်းတုတော်တွေလည်း…..သင်္ခါရတွေပါဘဲ။

တောင်ကုန်းကို ကွေ့ပတ်ပြီးတောင်ထိပ်တက်သွားတော့ တွေ့ရတာက အမြောက်ကြီး ၂ လက်။ကြည့်ခဲ့ဖူးတဲ့ The Guns of Navarone ကိုပြန်အောက်မေ့ မိပါတယ်။

ဘုံဘေဆိပ်ကမ်းရှိ စပိဘုတ်များ..
လှေပေါ်ဝယ်..အမှတ်ရ.


၂ နာရီမှာ ပြန်ထွက်တဲ့ ဖယ်ရီ နဲ့ပြန်လာခဲ့ပြီး..တည်းခိုရာအဆောင်ရောက်တော့ ညနေ ၄ နာရီခွဲပါပြီ။ ဘုံဘေအနီးရှိ.World Heritage စားရင်းဝင် Elephanta Island and Caves ဆီ အလည်ရောက်ခဲ့ပြီးဖြစ် ကြောင်း မှတ်တမ်းပြုရပါသတည်း။…….။


Friday, September 5, 2008

ကျမသိခဲ့သော နေပြည်တော်

ကိုမင်းယွန်းသစ်ရေးထားတဲ့ နေပြည်တော်အကြောင်းက တော်တော်ကို ပြည့်စုံပါတယ် ။ နေပြည်တော်ကိုတောင် ထပ်သွားချင်သွားပြီ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြန်မာနိုင်ငံကို ခဏပြန်တုန်း နေပြည်တော်ကို သွားလည်ဖူးပါတယ်။ ကျမ သွားတဲ့ အချိန်က အကယ်ဒမီပေးပွဲ ကျင်းပဖို့ တရက်ပဲလိုတော့လို့ အကယ်ဒမီပေးပွဲ ကျင်းပမယ့် အဆောက်အဦးကို မြင်ခဲ့ရပါတယ်။


နေပြည်တော်မြို့မဈေးကြီးက ဆောက်လုပ်ဆဲအဆောက်အဦးတွေနဲ့ အခုလိုမစည်ကားသေးပါဘူးရှင်။ လူအသွားအလာလည်း အရမ်းကို နည်းပါသေးတယ်။
အပေါ်စီး ကနေ လှမ်းရိုက်ထားတာပါ။ ညာဘက်အချမ်းမှာ အမိုးအပြာလေးတွေ မိုးထားတဲ့နေရာလေး တွေ့မိကြပါသလား။ အဲဒါ တုတ်တုတ်လို့ ခေါ်တဲ့ ဆိုင်ကယ်ခေါင်းနဲ့ ထော်လာဂျီကိုယ်ဆက်ထားတဲ့ စီးတော်ယာဉ်တွေရဲ့ စုဝေးရပ်နားရာမှတ်တိုင်ဖြစ်ပါတယ်။

နေပြည်တော်မြို့မဈေး မုခ်ဦးပါ။

ကားပေါ်ကနေ လှမ်းရိုက်ထားတဲ့ ဧဒင် အ၀ိုင်းပါ။ ကံကောင်းစွာနဲ့ စီးတော်ယာဉ်(3)မျိုးစလုံး ဧဒင် အ၀ိုင်းကို ပတ်နေတာကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။
ဒီပုံက နည်းနည်းပိုကြည်လင်သလိုပဲနော်။ ဝေးတာတော့ ဝေးတုန်းပဲ။ :P
ဘာအဆောက်အဦးလည်းတော့ မသိပါဘူး။ ချစ်စရာအရောင်လေးနဲ့မလို့ ရိုက်ယူခဲ့ပါတယ်။
ကျမရိုက်ခဲ့တဲ့ ဓာတ်ပုံ ဒါအကုန်ပါပဲရှင်။ အဲဒီတုန်းက တရားဝင် ဓာတ်ပုံရိုက်ခွင့်မပြုသေးပါဘူး။(အခုတော့ ဘယ်လိုအခြေအနေရှိလည်း မသိပါ။) ကြောက်ကြောက်နဲ့ ဘာလို့ ရိုက်ခဲ့ရလည်းဆိုတော့ နေပြည်တော်ကို ရောက်ဖူးဖို့နေနေသာသာ၊ ဘယ်နားမှာ ရှိမှန်းတောင် သေချာမသိသေးတဲ့ ကျမ သူငယ်ချင်းတွေကို ပြချင်လို့ပါ။ တခြားဘာရည်ရွယ်ချက်မှာ မရှိပါဘူးရှင်။

မှတ်ချက်၊ကိုမင်းယွန်းသစ်ရဲ့ နေပြည်တော်Post ကို အားဖြည့်တဲ့ အနေနဲ့ ဒီPost ကို ရေးလိုက်ပါတယ်ရှင်။