Saturday, August 16, 2014

ပင်လယ်ဓားပြကျွန်း (သို့) ဘင်တန်သို့တစ်ခေါက်

     စင်္ကာပူမှာ နေရတာ နွားခြေရာခွက်ထဲက ဖားသူငယ်လိုပဲ လို့တော့ မပြောချင်ပါဘူး။ ဘာပဲဖြစ်ဖြစ်နိုင်ငံတကာနဲ့ ဆက်ဆံနေရတာတွေ၊ အင်တာနက် မီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေရတာတွေကြောင့်ပါ။ ဒါဆို ဒီလိုလေး ပြောင်းပြောချင်ပါတယ်။ နွားခြေရာခွက်ထဲမှာ အင်တာနက်သုံးနေရတဲ့ ဖားသူငယ်ဘ၀ပါ။ အဲဒါကြောင့် မြန်မာပြည်ကို အမြဲပြန်ရင်ပြန် သို့မဟုတ်ရင်လည်း အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ မလေးရှား အင်ဒိုနီးရှားတို့ကို သွားလည်ဖို့ အမြဲစဉ်းစားမိပါတယ်။ မလေးရှားကျတော့ KL Genting ကလည်း လေးငါးခေါက်ရှိပြီ၊ Cameroon Highland၊ Tioman Island တို့ကလည်း ရောက်ဖူးပြီးသားဖြစ်နေတော့ အင်ဒိုနီးရှားဖက်ကို ခြေဦးလှည့်ဖို့ ကြိုးစားကြည့်ပါတယ်။ အင်ဒိုနီးရှားဖက်ကို သွားဖို့ စဉ်းစားမိစေတဲ့ အချက်နောက်တစ်ချက်က မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအတွက် ဗီဇာမလိုတော့တဲ့ အချက်ကြောင့်လည်း ပါတယ်။ အရင်ကဆို အင်ဒိုနီးရှားဗီဇာက တကြိမ်ဝင်ခွင့် အတွက် စင်္ကာပူ ၇၅ ဒေါ်လာခန့် ပေးရတယ်လို့ မှတ်သားဖူးပါတယ်။ မလေးရှားတောင် စင်္ကာပူဒေါ်လာ ၂၀ ပေးရင် တစ်နှစ်စာ ကြိုက်သလောက် ၀င်ခွင့် ဗီဇာရပါတယ်။ အခုလို တစ်ခါသွားရုံအတွက် ၇၅ ဒေါ်လာပေးရတယ်ဆို မတန်ဘူးလို့ ထင်လို့ မသွားခဲ့ပါဘူး။ 
Agro Resort မှ လမ်းညွန်များ
            ဒါပေမယ့် မနှစ်က စပြီး ဗီဇာ မလိုတော့ဘူး ကြားရတဲ့အတွက် စင်္ကာပူရောက်မြန်မာတွေရော မြန်မာနိုင်ငံက လာလည်တဲ့ မြန်မာတွေအတွက်ပါ သက်သက်သာသာနဲ့ သွားလို့ ရတဲ့ နိုင်ငံတစ်ခုတိုးလာပါတယ်။ အများစု သွားကြတာကတော့ ကမ်းခြေအပန်းဖြေ စခန်းတချို့ဖြစ်တဲ့ ဘင်တန်၊ ဘတ်တန်နဲ့ ဘာလီတို့ပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အကြီးဆုံး၊ အလှဆုံးနဲ့ နာမည်အကြီးဆုံးကတော့ ဘာလီကျွန်းပဲ ဖြစ်တယ်။ သူက စင်္ကာပူထက်ကို သြစတြေးလျနဲ့ ပိုနီးတဲ့အတွက် သြစတြေးလျနိုင်ငံသားတော်တော်များများလည်း လာကြတယ်လို့ သိရပါတယ်။ စင်္ကာပူကနေဆိုရင်တော့ သင်္ဘောနဲ့သွားတာထက်ကို လေယာဉ်နဲ့ သွားရတာ ပိုအဆင်ပြေတဲ့အတွက်ကြောင့် ဈေးလည်းပိုကြီးပါတယ်။ ဒါ့ကြောင့် ဘင်တန်နဲ့ ဘတ်တန်နှစ်ခုထဲက ဘယ်သွားရင်ကောင်းမလဲလို့ လိုက်ဖတ်ကြည့်တဲ့အခါ ဘတ်တန်က စင်္ကာပူနဲ့ အနီးဆုံးမှာ ရှိပြီး ဘင်တန်ကတော့ တစ်နာရီနီးပါး ဖယ်ရီလို့ခေါ်တဲ့ မော်တော်ဘုတ်အကြီးစား စီးပြီး သွားရတဲ့နေရာမှာရှိပါတယ်။ ဘတ်တန်က ဈေးပိုသက်သာတယ်၊ ပင်လယ်စာနဲ့ အစားအသောက်ပိုပေါတယ်၊ အင်ဒိုနီးရှားစတိုင်ပိုဆန်တယ်။ ဘင်တန်က ဈေးပိုကြီးတယ်။ အစားအသောက်လည်း မသက်သာဘူး၊ ဒါပေမယ့် အပန်းဖြေဖို့ကောင်းတယ်၊ ရေကြည်တယ်၊ ခရီးသွားဧည့်သည်တွေအတွက် သင့်တော်တယ်။ အဲဒီအချက်တွေယှဉ်ပြီး စဉ်းစားရင်းနဲ့ စင်္ကာပူရဲ့ ဈေးပေါတဲ့ promotion တွေ တင်ပေးထားတဲ့ Deal.com မှာ Bintan Agro Resort က အသွားအပြန်၊ နေစရိတ်အပြီး ၁ ညအိပ် ၂ရက်ခရီး Promotion တစ်ခုကို စင်္ကာပူ ၉၉ဒေါ်လာနဲ့ ရလို့ ၀ယ်လိုက်တယ်။
Ferry ပေါ်မှ ဆိုင်ကလေး
       တကယ်တမ်းရက်ရွေးတော့ စနေတနင်္ဂနွေသွားချင်တာ ဖြစ်တဲ့အတွက် ဟိုတယ်အတွက် Weekend surcharge က ဘယ်လောက်၊ ဖယ်ရီ(သင်္ဘောခ)အတွက်က ဘယ်လောက်ဆိုပြီး အပိုတွေ ထပ်ပေးရတာအားလုံးပေါင်းတော့ စင်္ကာပူဒေါ်လာ ၁၆၀ လောက်ကျသွားလေရဲ့။ ဘင်တန်ကို ဖယ်ရီစီးဖို့ Tanah Merah Ferry terminal ကို Bedok Interchange ကနေပြီး ဘတ်စ်ကားနံပါတ် ၃၅ စီးရင်ရောက်ပါတယ်။ ပြီးတော့ လေယာဉ်စီးသလိုပဲ ထွက်ခွာချိန်ရဲ့ တစ်နာရီ မတိုင်ခင် အရောက်သွားရပြီး check in လုပ် boarding pass ထုတ်၊ Immigration counter ဖြတ်ရတယ်။ Departure Lounge ထဲမှာ စင်္ကာပူ ချန်ဂီ လေဆိပ်မှာ မရနိုင်တဲ့ အရာတစ်ခုကို တွေ့ရတယ်။ အဲဒါကတော့ Duty free ဆိုင်က ရောင်းတဲ့ ဆေးလိပ်ဗူးတွေပါ။ ချန်ဂီမှာ ဆယ်ဗူးပါတဲ့ တစ်တောင့်ကိုသာ ၀ယ်လို့ရပြီး တစ်ဗူးချင်းဆီကို Duty free ဆိုင်က ရောင်းတာတော့ ဒီမှာပဲ တွေ့ဖူးပါတယ်။ အပြင်မှာ ၁၂ဒေါ်လာလောက် ရှိတဲ့ စီးကရက်တစ်ဗူးကို ငါးဒေါ်လာတဲ့။ ဆေးလိပ်လည်း မသောက်ဖြစ်တော့ ဟိုမှာ ဈေးကြီးမှာစိုးလို့ ဘီယာသုံးလုံးလောက်ပဲ ၀ယ်ခဲ့ပါတယ်။
ဟိုတယ်ခန်းမှ လှမ်းမြင်ရသော မြင်ကွင်း
     ဖယ်ရီလာဖို့ စောင့်နေတဲ့အချိန်မှာ သွားရမယ့် ဘင်တန်အကြောင်းကို ဖုန်း အင်တာနက်နဲ့ ရှာဖတ်နေမိတယ်။ ဘင်တန်ကျွန်းဟာ  2400 Km square ကျယ်တာမို့ 680 Km square ပဲ ကျယ်တဲ့ စင်္ကာပူထက်ကို လေးဆလောက်ပိုကြီးပါတယ်။ Riau Archipelago လို့ ခေါ်တဲ့ အင်ဒိုနီးနား ကျွန်းငယ်ပေါင်း ၃၂၀၀ ထဲမှာ အကြီးဆုံးကျွန်းကြီးလည်း ဖြစ်ပါတယ်။ ၁၂ရာစုခန့်က ဒီကျွန်းပေါ်တွင် မလေးပင်လယ်ဒမြများ ကျက်စားခဲ့သောကြောင့် ပင်လယ်ဒမြကျွန်းဟုလည်း အမည်တွင်သည်လို့ ဆိုပါတယ်။  ကျွန်းပေါ်မှာရှိတဲ့ Resort တော်တော်များများကို စင်္ကာပူသဌေးတွေက ပိုင်တာဖြစ်ပြီး Bintan Lagoon နဲ့ Nirwana Resort Hotel တွေကတော့ အကောင်းဆုံးလို့ နာမည်ကြီးပါတယ်။ အခုသွားမယ့် Resort ကတော့ Agro Resort ဖြစ်ပြီး Bintan Ferry Terminal ကနေ ၁နာရီလောက် ကားထပ်စီးရပါသေးတယ်။ အဲဒီအချက်တွေကို လိုက်ကြည့်ရင်းနဲ့ပဲ Ferry ရောက်လာတဲ့အခါ Free seating ဖြစ်တာကြောင့် ခရီးသည်တွေဟာ အပြေးအလွှားတက်ကြပါတယ်။  ထိုင်ခုံတွေကလည်း သက်တောင့်သက်သာနဲ့ အစားအသောက်ရောင်းတဲ့ဆိုင် အသေးလေး တစ်ခုမှာလည်း အပျင်းပြေစားဖို့ ခေါက်ဆွဲဗူး၊ အာလူးကြော်၊ ပေါင်မုန့်နဲ့ အအေးမျိုးစုံကို ရနိုင်တယ်။
Kayak လှေငယ်
       ဘင်တန်ကိုရောက်တော့ အင်ဒိုနီးရှား Immigration မှာ မိနစ် ၂၀နီးပါးတန်းစီပြီးတဲ့အခါ အပြင်မှာ ဟော်တယ်က ၀န်ထမ်းက လာကြိုတယ်။ Agro Resort က ဝေးလို့ ထင်တယ် သွားတဲ့လူလည်း နည်းပြီး Town Ace လိုကား ကိုတောင် လူအပြည့်မပါဘူး။ ဟိုတယ်က ဘန်ဂလိုပုံစံနဲ့ မဟုတ်ပဲ ၃ထပ် အဆောက်အဦးဖြစ်ပြီး တော်တော်များများက ပင်လယ်ဖက်ကို မျက်နှာမူထားတယ်။ ရောက်ရောက်ခြင်း သတိစထားမိတာကတော့ Kite surfing ပါ။ ပင်လယ်လှိုင်းစီးတဲ့ ဘုတ်ပြားကြီးတွေကို အနောက်တိုင်းသားတွေ သယ်လာတာ တွေ့လို့ ဒီကမ်းခြေသေးသေး လှိုင်းမဖြစ်စလောက်လေးမှာ ဘယ်လိုများ လှိုင်းစီးမလဲ ဆိုပြီး တွေးမိပါသေးတယ်။ ဒါပေမယ့် ဒုတိယထပ်မှာ ရှိတဲ့ ဟော်တယ်ခန်းကနေ ကြည့်မှ အမြင်တွေ ရှင်းသွားတယ်။ တကယ်တော့ လှိုင်းစီးတာမဟုတ်ပဲ စွန်အကြီးစားကြီးတွေကို ကြိုးနဲ့ဆွဲပြီး ဘုတ်ပြားပေါ်မှာ မတ်တပ်ရပ်လို့ လေဟုန်နဲ့ ရေလွှာလျှောစီးတာပါ။ ၀ယ်ထားတဲ့ လက်မှတ်မှာ Sea Sport တချို့ပါတယ်ဆိုလို့ အဲဒီ Kite Surfing များ ပါမလားလို့ ကြည့်တော့ စက်ဘီးတစ်နာရီစာ၊ Kayaking လှေ တစ်နာရီစာနဲ့ လေမွေ့ရာလို ပုံစံမျိုးတွေထဲက တစ်ခုကို ရွေးစီးရတာတွေပါတယ်။ ရောက်ရောက်ချင်း ဗိုက်လည်းဆာလာတာကြောင့် Package ထဲမှာ တခါတည်းပါတဲ့ အင်ဒိုနီးရှား စတိုင်လ် နေ့လည်စာကိုမြည်းကြည့်တော့ မြန်မာပါးစပ်နဲ့ တွေ့တယ်။ အဲဒီမှာ သတိထားမိတာက စားပွဲထိုးကောင်လေးတွေပါပဲ၊ စင်္ကာပူက လာလို့လားမသိ၊ ကောင်လေးတွေကို ကြည့်ရတာ မျက်နှာတော်တော်ချိုပြီး အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်။ Service ကတော့ စင်္ကာပူထက်သာတယ်ဆိုတာ ပြောစရာမလို။
 
Kite Surfing လုပ်နေကြသူများ
       ညနေဖက်ရောက်တော့  လေမွေ့ရာလိုပုံစံမျိုးစုံရှိတဲ့  လေမှုတ်ထားတဲ့ ဖော့တွေထဲက ကြိုက်တာကိုရွေးပြီး စီးလို့ရတယ်။ လူက ဖော့ပေါ်မှာ နေလို့ အရှေ့က Speed boat တစ်စင်းနဲ့ ဆွဲပြီး မွေ့ပါတယ်။ အဲဒါတွေထဲက ဘယ်ဟာစီးရင်ကောင်းမလဲဆိုပြီး လိုက်ကြည့်တော့ လေမှုတ်ထားတဲ့ ဖော့ကုလားထိုင်လို ဟာကို အရှေ့ကနေ လှေကို အရှိန်ပြင်းပြင်းနဲ့ ဆွဲတဲ့ Big Marble ဆိုတာကို စီးဖြစ်ခဲ့တယ်။ အရှိန်နဲ့ ပင်လယ်ပြင်ပေါ်မှာ လေးငါးပတ်လောက် မွေ့တာမို့ မူးတတ်သူတွေတော့ မစီးသင့်ပါဘူး။ တချို့ကလည်း ဘင်တန်က ဈေးကြီးတယ် အစားအစာတွေကို စင်္ကာပူဒေါ်လာနဲ့ပဲ ပေးရပြီး ဒေါ်လာတစ်ဆယ်အထက် ပေးရတယ် စသဖြင့် ပြောကြပေမယ့် Agro Resort မှာတော့ စင်္ကာပူဒေါ်လာ တစ်ဆယ်အောက်လောက်ပဲ ပေးရတဲ့ ထမင်းကြော်၊ ကြာဇံကြော်တွေလည်း ရှိပါတယ်။ အဲဒီ Resort ကနေ တခြားလည်း ထွေထွေထူးထူး သွားစရာမရှိပါဘူး။ ဘုရားကျောင်းတချို့ရှိတဲ့နေရာ၊ လမုတောလို တောအုပ်ထဲမှာ လှေလေးနဲ့ လိုက်ပြတာ၊ စသည်ဖြင့် လုပ်ထားပေမယ့် စိတ်မ၀င်စားလို့ မသွားဖြစ်ပါ။ တခြား Resort တွေတော့ မပြောတတ်ပေမယ့် Agro ကမ်းခြေကတော့ ရေလည်း သိပ်မကြည်ပါ၊ ပင်လယ်အောက်ခြေမှာလည်း ဒိုက်လိုလို မှော်လိုလို သစ်ပင်များရှိနေပါတယ်။ သောင်ပြင်တော့ Singapore East Coast နှင့် နင်လား ငါလားပါပဲ၊ တခါတလေကျတော့လည်း သောင်ပြင်က တမျှော်တခေါ်၊ ပင်လယ်ပြင်ထဲမှာ သွားစရာ သဲဖြူကျွန်း၊ အနောက်ဖက်မှာ ပင်လယ်စာပေါတဲ့ တံငါရွာ၊ ညာဖက်မှာ ကျောက်မောင်နှမနဲ့ ဘယ်ဖက်မှာ ဖိုးကုလားကျွန်းရှိတဲ့ ချောင်းသာကမ်းခြေကိုပဲ လွမ်းမိပါတယ်။ အပြန်ခရီးမှာတော့ ဘင်တန်လို ကျွန်းတောင် Tourist Attraction တစ်ခုအနေနဲ့ လုပ်နိုင်သေးတာ ငါတို့ဆီက ကျွန်းတွေရော ဘာလို့ မဖြစ်နိုင်ရမှာလဲဆိုတဲ့ အတွေးတို့နဲ့ စိတ်ပျက်ငြီးငွေ့ဖွယ် နေ့စဉ်ဘ၀တွေကို ဖြတ်သန်းဖို့ စင်္ကာပူကို ပြန်ရောက်ခဲ့ပါတော့တယ်။

စည်သူ(သံလွင်)
၁၂ စက်တင်ဘာ ၂၀၁၂

Saturday, May 30, 2009

Nothing In Vain?

> They establish their wish to be free Aunty Su. They are starving and
> giving efforts day by day! Not only London and also Singapore ... We
> can say global action. Hope nothing in vain and wish everyone
> realize that never defeat until quit from any game or battle!

Monday, April 27, 2009

Chaung Tha Trip

ချောင်းသာကို သွားရမယ်ဆိုတော့ ကျွန်မ အတော်လေးကို ပျော်ရွှင်မိတာ အမှန်ပါပဲ။ ဒါ့အပြင် ရုံးကလူတွေနဲ့အတူ တစ်စုတစ်စည်းတည်း သွားရမယ်ဆိုတော့ ပိုပြီးတော့တောင် ပျော်စရာ ကောင်းအုံးမယ်လို့ တွေးမိပါသေးတယ်။ တစ်ကယ်လည်း ချောင်းသာခရီးက ပျော်စရာ အလွန်ကောင်းခဲ့တယ်လေ။ လမ်းခရီးမှာ နည်းနည်းပင်ပန်းခဲ့တာကလွဲလို့ ကျန်တာတွေအားလုံးဟာလည်း အဆင်ပြေချောမွေ့ပါတယ်။ ကျွန်မ ဘယ်လိုမှ မတွေးထားမိတာက ချောင်းသာမရောက်ခင်မှာ ရခိုင်ရိုးမကို ကျော်ရလိမ့်မယ်ဆိုတာပါပဲရှင်။ ဟုတ်တာပေါ့.. တောင်ကိုကျော်ပြီးမှ ပင်လယ်ကိုရောက်တဲ့ ထုံးစံကို ကျွန်မက မေ့ထားခဲ့တာကိုးရှင့်။ ဧရာဝတီတိုင်းထိ ထိုးထွက်ရှည်လျားနေတဲ့ ရခိုင်ရိုးမကို ကျော်ရတာဟာ ကျွန်မတို့ ကိုယ့်ဒေသကိုပြန်သလောက် တောင်ရိုးမရှည်ပေမယ့် ပင်ပန်းခဲ့တာချင်းကတော့ အတူတူပါပဲ။

ပုသိမ်ကို ကျော်လွန်လာခဲ့လို့ တောင်ကိုစတက်တယ်ဆိုရင်ပဲ တောင်ရဲ့ အကွေ့အကောက်၊ အတက်အဆင်းတွေဟာ ကျွန်မ ရင်းနှီးနေကျပုံစံနဲ့ တူတယ်လို့တော့ ထင်ခဲ့မိပါရဲ့။ ရန်ကုန်နဲ့ မာန်အောင်ကို အခေါက် နှစ်ဆယ်ထက်မနည်း ကူးချည်သန်းချည်းနဲ့ ကျောင်းတက်လာခဲ့ရတဲ့ ကျွန်မတို့ဟာ ရခိုင်ရိုးမရဲ့ တောင်ကွေ့တွေကို မှတ်မိနေတာကတော့ မဆန်းပါဘူးရှင်။ ကျွန်မ ရိပ်တော့ ရိပ်မိလိုက်တယ်.. ကျွန်မ ထုံးစံအတိုင်း အန်တော့မယ်ဆိုတာ။ ဘာလို့လဲဆိုတော့ လမ်းက အကွေ့အကောက်များတယ်တဲ့အပြင် လမ်းကြမ်းတာကြောင့် ကားကလည်း အလွန်ခုန်တယ်လေ။ တောင်ကို တက်ပြီး နာရီဝက်လောက်ကြတယ်ဆိုရင်ပဲ ကျွန်မလည်း ရောဂါစတော့တာပါပဲရှင်။ မူးလိုက် အန်လိုက်တာများ ဟိုတယ်ကို ရောက်တဲ့အထိပါပဲ။ Hotel Max ကို ရောက်ပြီးပြန်တော့လည်း တစ်ခြားသူတွေက အကုန်အခန်းရပြီး ကျွန်မတို့နေ့မယ့်အခန်းက Room Cleaning မပြီးသေးတာကြောင့် မောမောပန်းပန်းနဲ့ပဲ Reception မှာ ဆက်စောင့် နေရပါသေးတယ်။ အခန်းလည်းရရော ကျွန်မှာ ခရီးပန်းလာတာကြောင့် ဟန်တောင်မဆောင်နိုင်ပဲ အိပ်ရာထဲ လဲတော့တာပါပဲရှင်။ ညကလည်း တစ်ညလုံး မအိပ်ပဲနေခဲ့တာကြောင့် ပိုအားနည်းနေတာလည်း ပါမှာပေါ့လေ။ ကျွန်မတို့က ရန်ကုန်ကနေ မနက် ငါးနာရီလောက်ကို စထွက်ပြီး ချောင်းသာကို နေ့လည် ဆယ့်နှစ်နာရီလောက်မှာ ရောက်ပါတယ်။ ရုံးကစထွက်တာကတော့ မနက်လေးနာရီဆိုပေမယ့် ရုံးကိုမလာပဲ လမ်းကနေကြားဖြတ်လိုက်မယ့် သူတွေကို လျှောက်ခေါ်ရသေးတာကြောင့် မနက်ငါးနာရီလောက်မှ ရန်ကုန်က စထွက်ရတာပါ။

ဖုန်းခေါ်သံတွေကြောင့် ကျွန်မနိုးလာတော့ ညနေသုံးနာရီလောက် ရှိပြီထင်ပါရဲ့။ ရေထဲဆင်းဖို့ အကောင်းဆုံး အချိန်ပေါ့ရှင်။ ဒါနဲ့ကျွန်မလည်း အင်္ကျီလဲ.. ဘောင်းဘီတိုဝတ်.. Sun Block တွေ တစ်ကိုယ်လုံး လူးပြီး သူငယ်ချင်းတွေနဲ့ ရေထဲဆင်းဖို့ ပြင်တော့တာပေါ့။ ဟိုတယ်က ကမ်းစပ်မှာရှိတာကြောင့် နည်းနည်းလောက် လမ်းလျှောက်လိုက်ရင်ပဲ ကမ်းခြေကို ရောက်သွားပါပြီ။ ပင်လယ်ကြီးကို မြင်လိုက်ရတော့ ကျွန်မရဲ့ စိတ်တွေလည်း ပြန်လည်လန်းဆန်းပြီး အားအင်တွေ ပြည့်လာတော့တာပေါ့။ ကျွန်မတို့လည်း ဘောကွင်းတွေ ငှားပြီး ရေထဲကို တစ်ခါတည်းကို ပြေးဆင်းကြတော့တာပါပဲ။ ရေအနက်ကြီးထိဆင်းပြီး ရေထဲကနေ ကမ်းစပ်ကို အပြေးပြိုင်ကြတယ်၊ ဘောပေါ်တက်နေတဲ့သူတွေကို ရေထဲ မရ အရ နှစ်ချတယ်၊ ရေကြောက်တတ်တဲ့သူတွေကို အဝေးကြီးထိ မရ ရအောင်ခေါ်သွားလိုက်ရတာနဲ့ ပျော်စရာကို ကောင်းနေရောရှင်။ ယောင်္ကျားလေးတွေကတော့ ကမ်းစပ်မှာ ဘောလုံးကန်နေကြလေရဲ့။ ကမ်းစပ်မှာ ငါးကင်တွေ၊ ပုဇွန်ကင်တွေလည်း ၀ယ်စားကြသေးတယ်။ အုန်းသီးရည်တွေလည်း သောက်ကြသေးတယ်။ ညနေ ခြောက်နာရီကျော်လောက်မှ ကျွန်မတို့ ရေထဲကနေပြန်တက်ခဲ့တယ်။ ဒါတောင် သိပ်တက်ချင်ကြသေးတာ မဟုတ်ဘူး။ ကျွန်မမှာ ရေကူးရင်း မူးလာတာကြောင့် ဘယ်လိုမှ ဆက်မကူးနိုင်တာနဲ့ ဟိုတယ်လ်ကို ပြန်နားဖို့လုပ်ရင်း အကုန်လိုက်ပြန်ခဲ့ကြတာ။

နောက်နေ့မနက်ကျတော့ သဲဖြူကျွန်းကို သွားဖို့လုပ်ကြတယ်။ ဟိုတယ်လ်မှာပဲ နံနက်စာစားပြီး ကိုးနာရီ ကျော်ကျော်လောက်ကို စက်လှေနဲ့ထွက်လာကြပါတယ်။ သဲဖြူကျွန်းဟာ ချောင်းသာကမ်းခြေကနေ ဆယ့်ငါးမိနစ်ကျော်ကျော်လောက် စက်လှေနဲ့ သွားရပါတယ်။ သဲဖြူကျွန်းဆိုတဲ့အတိုင်း အဲဒီက သဲတွေဟာ ဖြူဖွေးပြီး အလွန်လှပပါတယ်။ ကျောက်ဆောင်တွေလည်း အလွန်ပေါများပြီး ဓါတ်ပုံရိုက်လို့ အရမ်းကိုကောင်းတဲ့ နေရာပေါ့။ အဲဒီမှာ လှိုင်းတွေကလည်း ချောင်းသာကမ်းခြေမှာထက် ပိုကြီးတယ်။ ရေတွေကလည်း စိမ်းလဲ့ပြီး ကြည်နေလိုက်တာများ အောက်ခြေထိကို မြင်နေရပါတယ်။ ကျွန်မတို့ အဖွဲ့ဆို ရောက်ကတည်းက အပြန်ထိ ရေထဲကကို မတက်ကြဘူးလေ။ ကျောက်ဆောင်တွေပေါ်မှာ ထိုင်ရင်း လှိုင်းရိုက်တဲ့ဒဏ်ကို ခံရတာ တစ်ကယ့်ကို ဖီလ်းပါပဲရှင်။ ရေတွေက မျက်စိထဲလည်းဝင် ပါးစပ်ထဲလည်းဝင်နဲ့ ငန်လိုက် စပ်လိုက်တာများ မပြောပါနဲ့တော့။ ဒါပေမယ့် ငန်တာကငန်တာ၊ စပ်တာက စပ်တာ၊ ရေစိမ်တာက ရေစိမ်တာပဲလေ။ သြော်.. ကျွန်မတို့တွေက ရေမကူးတတ်တော့.. ချောင်းသာကို ရေသွားကူးတာ မဟုတ်ဘူးရှင့်။ ပင်လယ်ရေ သွားစိမ်တယ်လို့ ခေါ်ရမှာပေါ့နော်။

သဲဖြူကျွန်းက ပြန်ရောက်တော့ နေ့လည်တစ်နာရီလောက်ရှိပါပြီ။ နေ့လည်စာစား.. ခဏ နားပြီးတာနဲ့ ညနေမီးပုံပွဲအတွက် ပြင်ဆင်ကြပါတော့တယ်။ အဲ့ဒီမှာ ဂိမ်းပြိုင်ပွဲတွေလည်းရှိတယ်လေ။ ပုဇွန်ကင်၊ ဂဏန်းကင်၊ ငါးကင်တွေလည်း အလျှံပယ်စားရမှာဆိုတော့ ဒီပွဲကို မနွှဲလို့မဖြစ်ဘူးရှင့်။ ဂိမ်းဆော့ရင်လည်း ဂိမ်းမာစတာ ခိုင်းတဲ့အတိုင်း မရှက်မကြောက်လုပ်ကြဖို့ တိုင်ပင်ရသေးတယ်။ ဒါမှ ဆုရမှာ မဟုတ်လားရှင့်။ တစ်ကယ်လည်း ကျွန်မတို့ အရှက်မရှိ လုပ်ခဲ့ကြပါတယ်။ သင်္ကြန်အကပြိုင်တာ၊ မိန်းကလေးက ယောင်္ကျားလေးလို သရုပ်ဆောင်၊ ယောင်္ကျားလေးက မိန်းကလေးလို သရုပ်ဆောင်ပြီး အတွဲလိုလျှောက်ရတာ၊ I Love Chaung Tha ကမ်းခြေ…………… ဆိုပြီး အသံကိုအရှည်နိုင်ဆုံး ဆွဲပြီးအော်ရတာ၊ ယောင်္ကျားလေးက ပေါင်ကိုကားထားပြီး မိန်းကလေးက ဘောလုံးကို ၀င်အောင်ကန်ရတာ စသဖြင့် စုံနေအောင်ကို ဆော့ကြပါရော။ ကျွန်မတို့အဖွဲ့က ဒုတိယ ရပါတယ်။ ကျွန်မက အကကောင်းတာကိုးရှင့်။ သင်္ကြန်အကနဲ့ အမှတ်တက်သွားတာလေ.. ဟဲ ဟဲ။

မီးပုံပွဲက ညဆယ့်တစ်နာရီမှာ ပြီးပေမယ့် ကျွန်မတို့တွေ အခန်းကိုမပြန်ပဲ ကမ်းခြေမှာ ဆက်ကဲကြပါသေးတယ်။ ကာရာအိုကေဆိုပြီး ကလိုက်၊ ၀မ်း တူး သရီးနဲ့ ပင်လယ်ကြီးကို မျက်နှာမူပြီး အော်ချင်ရာတွေ လျှောက်အော်လိုက်၊ လှိုင်းသံတွေကို နားထောင်လိုက်နဲ့ တစ်ကယ်တမ်း အခန်းကိုပြန်နားတော့ ညတစ်နာရီကျော်နေပါပြီ။ မနက်ကို ရန်ကုန်ပြန်မှာဆိုတော့ ကျွန်မတို့လည်း မအိပ်ချင်ပေမယ့် အိပ်ဖို့ လုပ်ရတာပေါ့။ ဒါတောင် တစ်ချို့အဖွဲ့တွေ ဟိုတယ်လ်က မြက်ခင်းပြင်မှာ ဂစ်တာနဲ့ သီချင်းဆိုနေကြသေးတယ်တဲ့။

နောက်နေ့ကျတော့ ကျွန်မတို့အကုန်လုံး မနက်စာစားအပြီးမှာ ရန်ကုန်ကို ပြန်လာခဲ့ကြပါတယ်။ အပြန်ခရီးကလည်း ကားပေါ်မှာ ဂစ်တာသံ တစ်ဒေါင်ဒေါင်နဲ့ ပျော်စရာကို ကောင်းနေရောပေါ့။ ကျွန်မကတော့ အတော်လေးကို အသားမဲလာတယ်။ ၀တ်တာတွေကလည်း ဒူးလောက် ပေါင်လောက်တွေဆိုတော့ ကျွန်မမှ အသားမမဲရင် ဘယ်သူအသားမဲတော့မလဲနော်။ ပြန်ဖြူအောင် Whitening Lotion တွေလူးပြီး အိမ်တွင်းအောင်းရအုံးမယ်။

တစ်ကယ်တမ်းပြောရရင်တော့ ချောင်းသာက သွားရေးလာရေးအဆင်ပြေလို့သာ လူတွေ အများကြီးသွားနေကြတာ ရခိုင်ပြည်နယ်ဘက်က ကမ်းခြေတွေလောက် မသာယာဘူးရှင့်။ သဲတွေကလည်း ဖြူဖွေးနေတာ မဟုတ်ပဲ ညိုညစ်ညစ်နဲ့၊ အုန်းပင်တွေလည်း သိပ်မရှိပါဘူး။ ပြီးတော့ ကမ်းခြေကိုလည်း သိပ်မထိမ်းသိမ်းနိုင်တာ တွေ့ရပါတယ်။ ရေထဲမှာတောင် ဒိုက်တွေတွေ့နေရသေးတယ်လေ။ ဘာပဲပြောပြောပါ ချောင်းသာကို သွားလိုက်ရတာကတော့ ကျွန်မအတွက် တစ်ကယ့်ကို Relax ဖြစ်သွားစေပါတယ်ရှင်။ ဓါတ်ပုံတွေကတော့ သေချာမရိုက်ခဲ့ရပါဘူး။ တစ်ကယ်က ကျွန်မက ရှုခင်းတွေကို ပိုရိုက်ချင်တာ။ ဒါပေမယ့် သိတယ်မဟုတ်လား ပါလာတဲ့လူတွေကများများ ကင်မရာက နည်းနည်းဆိုတော့ ငါ့ကိုရိုက်ပါအုံး.. သူ့ကို ရိုက်ပါအုံးနဲ့ ကျွန်မပုံတောင် သိပ်မပါပါဘူးရှင်။ ဒီတော့ ကောင်းတဲ့ပုံလေးတစ်ချို့ကိုပဲ ဘလောဂ့်မှာ တင်ပေးလိုက်ပါတယ်။ ကျွန်မကင်မရာက ပျက်သွားတော့ တိုလီရဲ့ ကင်မရာကို ငှားသွားရတယ်လေ။ အခုတောင် ပိုစ့်တင်ပြီး ကင်မရာပြန်တောင်းခြင်း ခံနေရတယ်ရှင့်။ ဘာပဲပြောပြော ကျေးဇူးတင်ပါတယ် တိုလီမောင်လေးရေ။


လှိုင်းလေးတွေ ဖွေးကာ ဖွေးကာ ပြာသော ကောင်းကင်အောက်မှာ ချစ်စရာ


Image Hosted by ImageShack.us


Image Hosted by ImageShack.us


Image Hosted by ImageShack.us


စည်ကားနေတာ ချောင်းသာကမ်းခြေကြီး


Image Hosted by ImageShack.us


အုန်းလက်ဦးထုပ် ရောင်းတဲ့ ကလေးလေး တစ်ယောက်


Image Hosted by ImageShack.us


Image Hosted by ImageShack.us


သဲဖြူကျွန်းမှာ လန်းနေတာလေ.. အသားကို မဲရော


Image Hosted by ImageShack.us


ရေတိမ်နစ်တော့ မလို့...


Image Hosted by ImageShack.us


စက်ဘီးကလည်း စီးလိုက်သေးတယ်...


Image Hosted by ImageShack.us


လုပ်ချင်တာကတော့ တိုင်တင်းနစ်ပေါ့.. ဖြစ်နေတာက တစ်ယောက်တည်း..


Image Hosted by ImageShack.us



Friday, March 27, 2009

ဥရှိခုဘုရားကြီး

ဥရှိခုဘုရားကြီးက ကမ္ဘာမှာ အမြင့်ဆုံးဘုရားကြီးပါ။ ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းတင်ခြင်းခံထားရပါတယ်။ဘုရားကြီးကို အဝေးကနေ လှမ်းရိုက်လိုက်တော့ ဒီလိုမြင်ရပါတယ်။ ကောင်းကင်ပေါ်က ကြွလာသလိုမျိုး ထင်မိပါတယ်။
ဘုရားကြီးဆီရောက်ဖို့ ဒီလိုလမ်းကို ဖြတ်ခဲ့ရတာပေါ့။

အနီးကပ်လာလေလေ ပိုမိုပီပြင်လာလေပါပဲ။

အနီးကပ် ဖူးမြော်ကြည့်လိုက်တော့ သပ္ပာယ်လိုက်တာ..............
ရင်ပတ်တော်မှာ အပေါက်သုံးပေါက်ရှိတာ သတိထားမိကြပါသလား။ အဲဒါ ပြတင်းပေါက်ရှင့်။
တကယ်တော့ ဘုရားကြီးရဲ့ ကိုယ်တော်ထဲကို ဝင်လို့ရပါတယ်။အရင်ဆုံး စက်လှေကားအကျယ်ကြီးနဲ့ တက်ပြီး သွားရပါတယ်။ ပြီးရင် အထပ်တွေရှိပါတယ်။ တစ်ထပ်ချင်း တက်ကြည့်လို့ ရပါတယ်။ အပေါ်ဆုံးအထပ်က အခုနက အပေါက်သုံးပေါက်အဖြစ်မြင်ရတဲ့ အထပ်ပါ။ ဘုရားကြီးရဲ့ ရင်ပတ်တော်ရှိတဲ့နေရာပေါ့။အဲဒီ ပြတင်းပေါက်မှ မြင်ရတဲ့မြင်ကွင်းပါ။
မြန်မာလူမျိုး ပူဇော်ကိုးကွယ်ထားတဲ့ မြန်မာဘုရားတစ်ဆူလည်း ဖူးမြော်ခဲ့ပါသေးတယ်။

ဘုရားကြီးရဲ့ ညာဘက်ခြေမတော် ပုံပွါးပါ။

ဒါကတော့ ဦးခေါင်းတော်ပါ။ တစ်ကယ့်ဘုရားကြီးရဲ့ တစ်ထောင်ပုံပုံ တစ်ပုံပါ။
ဘုရားကြီးရဲ့အမြင့်ကို ဒီလိုတိုင်းတာပြထားပါတယ်။


ဂင်းနစ်မှတ်တမ်းလွှာ
ဘုရားကြီးကို အလွယ်တကူ တည်ထားကိုးကွယ်ခဲ့ရတာမဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ တည်ထားခဲ့ရတာပါ။
စကားချပ်၊ ရာသီဥတုသိပ်မကောင်းတဲ့နေ့သွားခဲ့မိလို့ နည်းနည်းဝါးနေပါတယ်။

Wednesday, March 18, 2009

အဲနိုရှီးမားသို့အလည်တစ်ခေါက်

(17.3.2009)နေ့က အဲနိုရှီးမားကိုသွားခဲ့ပါတယ်။ မနက်ပိုင်းက ခမကုရပေါ့။ Free pass နဲ့သွားတာ အရမ်းတန်ပါတယ်။ တစ်ယောက်ကို ယန်းငွေ (1500)လောက်ပဲကျတယ်သိလား။ Free pass ဆိုတာ မိမိစထွက်တဲ့ဘူတာကနေ Free pass ထဲမှာပါတဲ့ ရထားလိုင်းထဲကဘူတာတွေကို ကြိုက်သလောက် စီးလို့ရတဲ့ ရထားလက်မှတ်ပါ။ တက်လိုက်၊ ဆင်းလိုက် ကြိုက်သလောက် လုပ်လို့ရလို့ ရထားစီးရကျိုးနပ်ပါတယ်။ အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် သွားစရာနေရာတွေလည်း အများကြီးပါပဲ။ ဒါကြောင့် ကျမတို့က မနက်ပိုင်းကို ခမကုရသွားပြီး အပြန်လမ်းတစ်လျှောက်ကို ကြည့်၊ အဆုံးမှာ အဲနိုရှီးမားကို ဝင်ခဲ့တာပါ။

အဲနိုရှီးမားက တော်တော်လှပါတယ်။ ခရီးသွားဧည့်သည်တော်တော်များများ လာရောက်လည်ပတ်တဲ့ နေရာတစ်ခုလည်းဖြစ်တယ်လေ။ ဖေဖေနဲ့မေမေကို လိုက်ပို့ရင်း ကျမပါ ရောက်သွားခဲ့တာ။ ပထမဦးဆုံးအကြိမ်ဆိုတော့ အစုံတောင် မလည်လိုက်ရဘူး။ ရသလောက်ကိုပဲ လျှောက်ကြည့်ခဲ့ရတယ်။ ထုံးစံအတိုင်း တွေ့တဲ့နေရာဓာတ်ပုံရိုက်လေ့ရှိတော့ အခုလည်း အပီအပြင်လက်စွမ်းပြခဲ့ပါတယ်။ ဖေဖေနဲ့မေမေကို ရိုက်ပေးလိုက်၊ ကိုယ့်ဘလော့အတွက် ရိုက်လိုက်နဲ့ အလုပ်ရှုပ်မှရှုပ်။ ကိုယ့်ကို ကိုယ်တောင် ဓာတ်ပုံရိုက်ခံဖို့ သတိမရတဲ့အထိပဲ။ :z ပုံတွေအများကြီးထဲက ကောင်းနိုးရာရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

KATASE ENOSHIMA STATION(片瀬江の島駅)
ကျွန်းပေါ်ကနေဖြတ်လျှောက်လာရင်း ရိုက်ထားတာပါ။ ရှည်ရှည်မျှော်စင်လေးကို သတိထားမိလား။ အဲဒီအပေါ်ကို တက်ခဲ့တယ်ရှင်။ ကျွန်းတစ်ကျွန်းလုံးရဲ့အလှကို ခံစားရအောင်လို့ပါ။ အဲဒီကို ရောက်ဖို့ လှေကားနဲ့ အရင်တက်ရပါတယ်။ ကျမကတော့ လူကြီးတွေပါလို့ စက်လှေကားနဲ့ တက်ခဲ့ပါတယ်။ စက်လှေကားနဲ့ တက်ခက တစ်ယောက် ယန်းငွေ(350)ပါ။ ပြီးရင် ပန်းခြံရှိပါတယ်။ ပန်းခြံထဲမှာမှ မျှော်စင်ကရှိတာပါ။ ပန်းခြံဝင်ခက ယန်းငွေ (200)ပေးရပါတယ်။၊ မျှော်စင်တက်ခက ယန်းငွေ (300)ပေးရပါတယ်။ ဒီတော့ ၊ဟိုးအပေါ်ထိရောက်ဖို့ အားလုံးပေါင်း ယန်းငွေ(850) ကျတာပေါ့နော်။


မျှော်စင်ပေါ်မှ ရိုက်ထားသော ၏အလှ
ဒီပန်းခြံကို ဖြတ်ခဲ့ရတာပေါ့။ အခုတော့ အပေါ်စီးကနေ ကြည့်ကြည့်တာ လှတော့လှသား။
အငူလေးတွေပေါ်အောင် Zoom ဆွဲပြီး ရိုက်ကြည့်ခဲ့သေးတယ်။
နည်းနည်းမှောင်လာပြီရှင့်။
အဲနိုရှီးမား နဲ့ဖူဂျီတောင်ရဲ့ နေဝင်ဆည်းဆာအလှပေါ့။ ကျမ အကြိုက်ဆုံး ဓာတ်ပုံပါ။

နေဝင်သွားပေမယ့် ဖူဂျီကတော့ လှမြဲလှဆဲပဲသိလား။

Sunday, October 5, 2008

Elephanta Island သို့ အလည်တစ်ခေါက်


The Gateway of India (Mumbai)




ဒါကမော်တော်ဘုတ်ပေါ်မှာပေါ့..
အမြင်ဆန်းနေတဲ့သဘောင်္ကြီး(သောင်တူးသဘောင်္ာထင်တယ်)

ဘုံဘေမြို့ဆိပ်ကမ်းအလှ



မိမိရောက်ရှိနေရာ အနီး စိတ်ဝင်စားဖွယ်နေရာလေးတွေ ရှိတယ် ကြားရင် အလည်အပတ်ခရီး တစ်ခါတစ်ခေါက်ဖြစ်ဖြစ် သွားချင်စိတ်ဖြစ်တတ်ပါတယ်။ ယခုရောက်နေတာက ဘုံဘေ။ ဘုံဘေ ဆိုတာက အရှေ့တိုင်းရဲ့ နယူးရောက်လို့ တင်စားပြောနိုင်မလား။ဒီမြို့မှာ ကမ္ဘာ့အဆင့်မှီ ဘီလျံနာ သူဌေးကြီးများ လည်းရှိသလို ဖြစ်သလိုစား ဖြစ်သလိုနေထိုင်ကြတဲ့ အခြေအနေမဲ့ Slum များလည်း အများအပြားရှိကြလေရဲ့။ ဗီဇာကသက်တန်းက မကြာမှီ ကုန်တော့မယ်။ ဘုံဘေရောက်စဉ် လည်ပတ်သင့်ရာ စိတ်ဝင်စားဖွယ်နေရာတစ်ချို့ ဆီ သွားဦးမယ်လို့ စိတ်ကူးရပါတယ်။

ဘယ်နေရာ သွားရင်ကောင်းမလဲ….၊ လွယ်ပါတယ်..အင်တာနက်ပေါ် ရှာလိုက်။ ဘုံဘေတစ်ခွင်က တို့ရစ် ဆိုက် လို့ ဂိုဂယ်မှာ ရိုက် ထည့်..ရှာလိုက်တာ။တွေ့ပါပီ…ကမ္ဘာ့အမွေအနှစ်ရှေးဟောင်း နေရာ..Elephanta Island and Elephanta Caves တဲ့။ လိုကေးရှင်းကို ဂိုဂယ် အတ်နဲ့ ရှာကြည့်တော့ ဘုံဘေ နဲ့ မနီးမဝေး ခရီး။ တစ်နေ့တာတော့ အချိန်ပေးရမယ်။

Elephanta Island ကိုရောက်ပါပီ
ဒီရထား စီးရင် အသွားအပြန် ၁၀ ကျမယ်
လမ်းလျှောက်ဝင်တော့ အကုန်အကျသက်သာတာပေါ့..







လမ်းညွှန်စာအုပ်ဝယ်နိုင်ပြီ


ကျိုက်ထီးရိုးအလား ဈေးဆိုင်လေးများ..

အချိုရည်လုသောက် ကိုရွှေမျောက်




ဝင်ကြေးပေးရသည် ၂၅၀ စီ.




ဒါနဲ အစောကြီးအိပ်ရာထ၊ မနက်ငါးနာရီခွဲမှာ အသင့်ပြင်၊ ၆ နာရီမှာ တည်းခိုရာ Kalina University Campus မှ ဒေသအခေါ် Auto, သီရိလင်္ကာ အခေါ် Three Wheel,ထိုင်းအခေါ် တုတ်တုတ် စီးပြီး Santacruze(E) ဘူတာသို့ ထွက်ခဲ့တယ်။ Santacruze(E) မှ Churchgate သို အသွားအပြန် ရထားလက်မှတ်ဖြတ်၊ ရထားစောင့်စီး၊ Churgegate သို့လာတယ်။ နောက် Gateway of India ကို ခရီးဆက်…တယ်။ မနက်စာ စားပြီးနောက် နာရီကြည့်လိုက်တော့ ၈ နာရီခွဲ။ Elephanta Island သို့ သွားတဲ့ ပထမဆုံး ဖယ်ရီဘုတ်က မနက် ၉နာရီ။ သဘောင်္မှီအောင် India Gate သို့သွား..၊ ဖယ်ရီဘုတ်ရဲ့ အပေါ်ထပ်မှာ နေရာယူ..၉ နာရီထိုးတာနှင့် လှေ ကမ်းက ခွါ .. Elephanta Island သို့ ဦးတည်မောင်းပါတော့တယ်။….



ပင်လယ်နဲ့ မစိမ်းလှပေမဲ့ ဘုံဘေ ဆပ်ကမ်းအလှ ကို ပထမဆုံး ထိတွေ့ခွင့်ရတာမို့…မော်တော်ဘုတ်စီးရင်း ရှုခင်းတွေကို မှတ်တမ်းတင်တယ်။ကင်မရာလေးလည်း ဘက်ထရီကုန်မှ အနားရပါတော့တယ်…။ :P


ကျွန်းပေါ်ရှိတောင်ကုန်းပေါ်က မြင်ကွင်း.

ဘုံဘေ ဆိပ်ကမ်း.အိန္ဒိယ ဂိတ်ဝေးမှ မနက် ၉ နာရီထွက်..၊မနက် ၁၀နာရီမှာ Elephanta Island သို့ဆိုက်ပါတယ်။ ဘုံဘေ အပြန်မော်တော်က နေ့လည် ၁၂ နာရီမှ ညနေ ၅နာရီခွဲ အထိ နာရီဝက် တစ်စင်းထွက်ပေးတယ်။ ဆိပ် ကမ်းနဲ့ ကျွန်း က တစ်ကီလိုမီတာ သာသာပါ။ ရထားလေးစီးမလား…ရတယ်။ ၁၀ ပေးရမယ်။ ကျွန်းပေါ် ရောက်လို့ အ၀င်..ဂိတ်ကြေးက တစ်ခါ ပေးရပြန်တယ်။ ကျွန်းဂိတ်ကိုဖြတ်ပြီးနောက် ကျောက်လှေကားလေးနဲ့ ကုန်းလေးကို တက်သွား၊ တစ်ဘက်တစ်ချက်မှာ ခင်းထားတဲ့ဈေးဆိုင်တန်းတွေက ကျိုက်ထီးရိုးကို ပြန်ရောက်နေသလား ထင်ရတယ်။ အစာမြင်ရင် အတင်း ၀င်ဆွဲလု တတ်တဲ့ မျောက်တွေက ဟို နားဒီနား တွေ့ ရတယ်။

အမြောက်ကြီး..တစ်ခု.



ဘာသာခြားနဲ့မရောယှက်..ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားပုထိုး ဆင်းတု ဂူတွေ ရှိသေး တယ်လို့သိရပေမဲ…No visitors allow ပါတဲ့။ ကိုးကွယ်ဆည်းကပ်သူ မရှိတော့ဘူးဆိုရင် စေတီဘုရား ဆင်းတုတော်တွေလည်း…..သင်္ခါရတွေပါဘဲ။

တောင်ကုန်းကို ကွေ့ပတ်ပြီးတောင်ထိပ်တက်သွားတော့ တွေ့ရတာက အမြောက်ကြီး ၂ လက်။ကြည့်ခဲ့ဖူးတဲ့ The Guns of Navarone ကိုပြန်အောက်မေ့ မိပါတယ်။

ဘုံဘေဆိပ်ကမ်းရှိ စပိဘုတ်များ..
လှေပေါ်ဝယ်..အမှတ်ရ.


၂ နာရီမှာ ပြန်ထွက်တဲ့ ဖယ်ရီ နဲ့ပြန်လာခဲ့ပြီး..တည်းခိုရာအဆောင်ရောက်တော့ ညနေ ၄ နာရီခွဲပါပြီ။ ဘုံဘေအနီးရှိ.World Heritage စားရင်းဝင် Elephanta Island and Caves ဆီ အလည်ရောက်ခဲ့ပြီးဖြစ် ကြောင်း မှတ်တမ်းပြုရပါသတည်း။…….။