Friday, September 5, 2008

ကျမသိခဲ့သော နေပြည်တော်

ကိုမင်းယွန်းသစ်ရေးထားတဲ့ နေပြည်တော်အကြောင်းက တော်တော်ကို ပြည့်စုံပါတယ် ။ နေပြည်တော်ကိုတောင် ထပ်သွားချင်သွားပြီ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြန်မာနိုင်ငံကို ခဏပြန်တုန်း နေပြည်တော်ကို သွားလည်ဖူးပါတယ်။ ကျမ သွားတဲ့ အချိန်က အကယ်ဒမီပေးပွဲ ကျင်းပဖို့ တရက်ပဲလိုတော့လို့ အကယ်ဒမီပေးပွဲ ကျင်းပမယ့် အဆောက်အဦးကို မြင်ခဲ့ရပါတယ်။


နေပြည်တော်မြို့မဈေးကြီးက ဆောက်လုပ်ဆဲအဆောက်အဦးတွေနဲ့ အခုလိုမစည်ကားသေးပါဘူးရှင်။ လူအသွားအလာလည်း အရမ်းကို နည်းပါသေးတယ်။
အပေါ်စီး ကနေ လှမ်းရိုက်ထားတာပါ။ ညာဘက်အချမ်းမှာ အမိုးအပြာလေးတွေ မိုးထားတဲ့နေရာလေး တွေ့မိကြပါသလား။ အဲဒါ တုတ်တုတ်လို့ ခေါ်တဲ့ ဆိုင်ကယ်ခေါင်းနဲ့ ထော်လာဂျီကိုယ်ဆက်ထားတဲ့ စီးတော်ယာဉ်တွေရဲ့ စုဝေးရပ်နားရာမှတ်တိုင်ဖြစ်ပါတယ်။

နေပြည်တော်မြို့မဈေး မုခ်ဦးပါ။

ကားပေါ်ကနေ လှမ်းရိုက်ထားတဲ့ ဧဒင် အ၀ိုင်းပါ။ ကံကောင်းစွာနဲ့ စီးတော်ယာဉ်(3)မျိုးစလုံး ဧဒင် အ၀ိုင်းကို ပတ်နေတာကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။
ဒီပုံက နည်းနည်းပိုကြည်လင်သလိုပဲနော်။ ဝေးတာတော့ ဝေးတုန်းပဲ။ :P
ဘာအဆောက်အဦးလည်းတော့ မသိပါဘူး။ ချစ်စရာအရောင်လေးနဲ့မလို့ ရိုက်ယူခဲ့ပါတယ်။
ကျမရိုက်ခဲ့တဲ့ ဓာတ်ပုံ ဒါအကုန်ပါပဲရှင်။ အဲဒီတုန်းက တရားဝင် ဓာတ်ပုံရိုက်ခွင့်မပြုသေးပါဘူး။(အခုတော့ ဘယ်လိုအခြေအနေရှိလည်း မသိပါ။) ကြောက်ကြောက်နဲ့ ဘာလို့ ရိုက်ခဲ့ရလည်းဆိုတော့ နေပြည်တော်ကို ရောက်ဖူးဖို့နေနေသာသာ၊ ဘယ်နားမှာ ရှိမှန်းတောင် သေချာမသိသေးတဲ့ ကျမ သူငယ်ချင်းတွေကို ပြချင်လို့ပါ။ တခြားဘာရည်ရွယ်ချက်မှာ မရှိပါဘူးရှင်။

မှတ်ချက်၊ကိုမင်းယွန်းသစ်ရဲ့ နေပြည်တော်Post ကို အားဖြည့်တဲ့ အနေနဲ့ ဒီPost ကို ရေးလိုက်ပါတယ်ရှင်။

4 comments:

Anonymous said...

ဒီပိုစ်အခုမှ ဖတ်ဖြစ်ပါတယ်။ ဝေမျှတဲ့တွက်ကျေးဇူးပါရှင်။

Ko Par Yar said...

ကောင်းပါတယ်ခင်ဗျာ။
အကျိုးပြုတဲ့သူကြောင့် အကျိုးရှိကြပါတယ်။
လောကနီတိ အရ ....ကျေးဇူးတင်ပါတယ်။

တောင်ပေါ်သား said...

နေပြည်တော်ကြီးကလဲ ခြောက်ကပ်လိုက်တာကော လူတွေ ဘယ်သွားကုန်တာလဲ။

phiamphu said...

နေပြည်တော်ကလူတွေဘယ်သွားကုန်တုံးဆိုသူတို့ အားလုံးသန်းရွေ ရဲ့ ခေါင်းက သန်းတွေ သွားရှာကြ
တာနေမှာပေါ့