အပိုင်း(၁) မှ >>>
ရန်ကုန်မြို့က အဝေးမှာကျန်ခဲ့လေပြီ ... ။
လေယာဉ်ပေါ်မှာ မူးဝေတတ်တဲ့ ခရီးသည်အချို့အတွက် အခက်အခဲရှိနေပေမယ့် ကျနော့်အတွက်ကတော့ သက်တောင့်သက်တာရှိလှပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၀၀ ခန့်ပါဝင်ပြီး အနည်းစုက စင်္ကာပူ နိုင်ငံမှာ ခရီးစဉ်ပြီးဆုံးကြမှာပါ။ ကျနော်အပါအ၀င် ခရီးသည်အများစုကတော့ မလေးရှားနိုင်ငံမှာ ခရီးစဉ်ပြီးဆုံးကြမှာပါ။
ရန်ကုန်မြို့မှ စတင်ထွက်ခွာကတည်းက ပြတင်းတံခါး လိုက်ကာပိတ်၊ မျက်လုံး အသာမှိတ်ပြီး လိုက်ပါလာခဲ့တာ နာရီဝက်လောက်ကြာတော့ " ပင်လယ် " ဆိုတဲ့ စကားသံက ကျနော့်နားထဲ တိုးဝင်လာခဲ့တယ်။ ကျနော် ပင်လယ်ကမ်းခြေကိုသာ ရောက်ဖူးခဲ့ပေမယ့် ပင်လယ်ထဲကို တခါမှမရောက်ဘူးလေတော့ ပင်လယ်ပြင်ရဲ့ အနှစ်သာရကို အပြောနဲ့သာ ကြားခဲ့ဖူးတာပါ။ အခွင့်ရေးအခိုက်ကနော်လည်း တိမ်ဆိုင်အချို့ကြားကနေပြီး ပင်လယ်ပြင်ကို အတန်ကြာမင်သက် ငေးမောမိခဲ့တယ်။ ရာသီဥတုကလည်း သာယာနေပြန်တော့ အလွန်ဘဲ ပြောမပြနိုင်လောက်အောင် ရွန်းလဲ့လှပလွန်းနေပါတယ်။
ပင်လယ်ပြင်ရဲ့ အဆုံးမဲ့ အနားသတ်များကို မျှော်ကြည့်ရင်း တိုက်တိုက်ဆိုင်ဆိုင် ကျနော်ထိုင်နေရာတည့်တည့်မှ လေယာဉ်အတောင်ပံကို ကြည့်မိလေမှ ကြည်နူးစိတ် အချို့ လွင့်ပျယ်ပျောက်ပျက်ခဲ့ရပြန်တယ်။ အခြားလေကြောင်းလိုင်းများရဲ့ လေယာဉ်များကို မသိရပေမယ့် ကျနော်လိုက်ပါလာတဲ့ မြန်မာ့လေကြောင်းလိုင်း ရဲ့ လေယာဉ် အတောင်ပံတွေကတော့ လွန်စွာမှ ယိမ်းထိုးလှုပ်ရှားနေတာကို တွေ့မြင်ရပါတယ်။ ကျနော်လည်း ကသိကအောက်စိတ်လေး ပြန်ထိန်းပြီး ပြတင်းလိုက်ကာကို ပြန်ပိတ်လိုက်မိပါတယ်။
တဒင်္ဂညစ်တွေးနောက်ကျိသွားတဲ့ စိတ်တွေက ကြာကြာမခံလိုက်ပါဘူး။ လေယာဉ်မယ် အချို့ အစားအသောက် လိုက်လံပို့ဆောင်နေခြင်းက ကျတော့်စိတ်ကိုဆွဲဆောင်လိုက်ပြန်တယ်။ " ဘာသုံးဆောင်မလဲ " ဆိုတဲ့ မေးခွန်းနဲ့အတူ အနားရောက်လာသော လေယာဉ်မယ်ရဲ့ ရွေးချယ်စေသော မီနူးက ထူးခြားလှပါတယ်။ အနောက်တိုင်း အစားအစာ ပုံစံ ထဲက ပေါင်မုန့်အသားညှပ် နှင့် ပုစွန်ခေါက်ဆွဲ ဘာစားမလဲရွေးတဲ့ .... ။ နောက် ကော်ဖီနဲ့ လိမ္မော်ရည် ကြိုက်တာသောက်တဲ့ ... ။ဘာဘဲပြောပြော မြန်မာဘာသာနဲ့ ရေးထားတဲ့ မီနူးကလွဲရင် ဖြောင့်ဖြောင့်မဖတ်တတ်တဲ့ ကျနော်တို့လို သူတွေအတွက်ကတော့ မြန်မာ့လေကြောင်း ရဲ့ " Yes (or) No မီနူး "ကို ကျေးဇူးတင်စွာနဲ့ဘဲ ပေါင်မုန့်အသားညှပ်နဲ့ ကော်ဖီဘဲ မှာလိုက်ပါတယ်။
ခေါင်းကြည်စေတဲ့ လိမ္မော်ရည်ကတော့ သောက်လို့ကောင်းသူရော ၊ မလောက်လို့ တောင်းသူရော များလေတော့ မလောက်ငှဘူး ၊ ကုန်သွားပြီဆိုတဲ့ တီးတိုးအသံတွေကို ချန်ထားခဲ့ပြီး ကျနော်တမှေးဆက်မှေးလိုက်မိတယ်။ အစာစားပြီး အကောင်းဆုံးသော အနားယူမှုမှာ သူများထက်သာတဲ့ကျနော်ကတော့ စင်္ကာပူနိုင်ငံကို ဆင်းသက်ဖို့အတွက် ကြေငြာသံထွက်ပေါ်လာမှဘဲ ပြန်လည်နိုးထလာတော့တယ်။ " စင်္ကာပူ တစ်ခေါက်ရောက်ဖူးရချေရဲ့ " လို့ စိတ်ထဲက ကြုံးဝါးရင်း ထိုင်ခုံမှ ခါးပါတ်ကို ပြန်ပါတ်လိုက်မိတော့တယ် .... ။
ဆက်လက်ဖတ်ရှုရန် >>>
Saturday, December 29, 2007
Friday, December 28, 2007
Mandalay Trip
သူများတွေ ဒီဇင်ဘာမှ အပျော်ခရီးထွက်ကြတယ်။ ကျွန်မကတော့ တာဝန်ကြီး တစ်ခွဲသားနဲ့ မန္တလေးကို ခရီးသွားရတယ်။ ဘာပဲ ပြောပြော ခရီးထွက်ရတော့ စိတ်လေး နည်းနည်း လန်းဆန်းလာပါတယ်။ တစ်ကယ်တော့ မန္တလေးဆိုတာ မြန်မာနိုင်ငံထဲမှာ ကျွန်မ အသွားချင်ဆုံး မြို့တစ်မြို့ထဲက နေရာတစ်ခုပါ။ အဲဒီကို သွားရတိုင်း ကျွန်မ ပျော်တယ်။ ဘယ်နေရာမှ မရောက်ရင်တောင် မန်းလေးကို သွားရတယ် ဆိုတဲ့ စိတ်နဲ့ ပျော်တယ်။ ဒီတစ်ခေါက်တော့ ကျွန်မ မန္တလေးကို စိတ်မကောင်းခြင်း ကြီးစွာနဲ့ သွားခဲ့ရတာပါ။ ဘာပဲ ပြောပြော မန္တလေးကို တစ်ခေါက် ရောက်ရတာ၊ ဒီဇင်ဘာမှာ ခရီးထွက်ရတာ 2007 ရဲ့ အမှတ်တရ တစ်ခုအနေနဲ့ ကျွန်မ မှတ်မှတ်ရရ ရှိနေမှာပါ။
ဆေးလ်ဗားမွန်းနဲ့ သူ့ချစ်ချစ်လာခေါ်လို့ ဂျပန်ဆိုင်တစ်ဆိုင်မှာ ညဘက်ခဏလေး မုန့်သွား စားဖြစ်ကြတယ်။ စား စား စားကြပါအုံးလား ဟင်! ပြီးတော့ ဘုရားကြီးကို ခဏရောက်တယ်။ မှောင်နေလို့ ဘုရားဖူးပြီးပဲ ပြန်လာခဲ့ပါတယ်။

ရွှေမန်းတောင် ဂေါက်ကွင်းကို အလုပ်ကိစ္စသွားရင်းနဲ့က မန္တလေးတောင်ကို လွမ်းလွမ်းနဲ့ ရိုက်ယူခဲ့တယ်။ တောင်ပေါ်တင်ချင်လိုက်တာလေ တစ်ပိုင်းကို သေရော။ ဒါပေမယ့် မတက်ဖြစ်ခဲ့ပါဘူး.. အလုပ်က ရှိသေးတာကို။

Mandalay Hill Resort Hotel ကြီးပါ။ ခပ်တည်တည်နဲ့ ကိုယ်ပဲ အဲဒီနေရာမှာ တည်းခဲ့သလိုလို လုပ်ချင်လို့ ရိုက်လာခဲ့တယ်။ မိုက်တာတော့ တော်တော် မိုက်တယ်ရှင့်။ ဟိုတယ်လ်ကြီးက..

နေရာတိုင်းမှာ ဆိုင်ကယ်တွေနဲ့ ရှုပ်ရှက် ခတ်နေတဲ့ မန္တလေးမြို့ကြီးဟာ ဘယ်အချိန်သွားသွား ပြောင်းလဲတယ်လို့ကို မရှိပါဘူး။ မန္တလေးက လူတွေ ချစ်စရာကောင်းတယ် ကူညီတတ်တယ်။ ခုချိန်မှာတော့ ဘယ်မှာလဲ မန်းသူ၊ မန်းသား မေးရလောက်အောင်ကို မန္တလေးမြို့ကြီးဟာ ရှမ်းတရုတ်တွေ၊ တရုတ်တွေရဲ့ အုပ်စိုးခြင်းကို ခံနေရလေရဲ့။ ထူးခြားတယ်ပဲ ပြောရမလား၊ ထူးဆန်းတယ်ပဲ ပြောရမလား မန်းသူ မန်းသား တွေ တော်တော် ချမ်းတတ်ကြတယ်။ မနက်စောစော ပင့်ဂိုလ်းတို့ အင်္ကျီ ပါးပါးနဲ့ သွားလာ နေချိန်မှာ အနွေးထည်တွေ ထူထူဝတ်ပြီး ချမ်းနေကြလေရဲ့။ နေ့လည် 12 နာရီထိုး ပင့်ဂိုလ်းတို့ ချွေးပြိုက်ပြိုက် ကျနေချိန်မှာ သူတို့တွေ အနွေးထည် မချွတ်ကြသေးဘူး။ မေးကြည့်တော့ ချမ်းတယ်လေတဲ့….. သြော်! သူတို့ကတောင် မေးသေးတယ် နင်ချမ်းပုံက ဘယ်လိုလဲမှ မသိတာတဲ့။ ငါတို့တော့ တော်တော်အေးတယ်တဲ့။ မန္တလေးအသွား လမ်းပေါ်က မြို့တွေကတော့ တော်တော်အေးတယ်။ ခပ်တည်တည်နဲ့ ရွှီးလိုက်မယ်.. Seoul ကိုရောက်နေသလိုပဲ။ ခိုက်ခိုက်ကို တုန်ရောရှင်။

ရတနာပုံဈေးက ဈေးဝယ်လို့ ကောင်းတယ်။ အထူးသဖြင့်တော့ အ၀တ်အထည်တွေပေါ့။ တရုပ်ပစ္စည်းတွေ ပေါသလောက် ဈေးလည်းတန်ပါတယ်။ ဆစ်တတ်ရင်လည်း ဈေးသက်သက် သာသာနဲ့ ၀ယ်လို့ရပါသေးတယ်။ အပေါ်ထပ်က Skywalk Shopping Mall မှာလည်း ဒါပဲ။ အောက်ထပ်က ရတနာပုံဈေးမှာလည်း ဒီပစ္စည်းတွေပဲ ဆိုတော့ အပေါ်မှာ ဒီဇိုင်းကြည့်။ အောက်မှာ ဈေးသက်သက်သာသာနဲ့ ၀ယ်၊ မိုက်တော့ မိုက်နေတာပဲ။ ခုတလော မန်းလေးမှာ ခေတ်စားနေတာက ဒူးကောက်ကွေးရယ်၊ ဂွ နားရယ်မှာ စက်နဲ့ အကြေတွန့်ထားပြီး ပန်းတွေ၊ စီးကွင့်တွေနဲ့ အိတ်တွေမှာ အလှဆင်ထားတဲ့ ဂျင်းဘောင်းဘီတွေပါ။ ဘယ်နေရာ ဘယ်ဆိုင်သွားသွား ဒါမျိုးတွေ ချည်းပါပဲ။ ပင့်ဂိုလ်းတောင် ဂျင်းဘောင်ဘီ Plain လိုချင်တာ ရတာနာပုံဈေး တစ်ခုလုံး တော်တော် မွှေလိုက်ရတယ်။ ဒီရာသီမှာ ဒါမျိုးခေတ်မစား ဘူးကိုရှင့်။ နောက်ဆုံးတော့ Plain Jean တစ်ထည်တွေ့တာကို 8000 နဲ့ရအောင် ဆစ်ပြီး ၀ယ်ခဲ့တယ်။ မိုက်သကွ!

Wednesday, December 26, 2007
ချင်းမိုင်(ဇင်းမယ်) သို့ တစ်ခေါက်တစ်ခါ
ဒီဇင်ဘာလကုန်တော့မည်မို့ အင်တာနက်စာမျက်နှာတွေအပေါ်မှာ လိုချင်သည့်သတင်းအချက်အလက် အချို့ ကို မနားတမ်းရှာဖွေနေသည်။ မိမိမသွားလိုသည့်ခရီးအတွက် အဆင်သင့်ဖြစ်ရန်အတွက် ဆက်သွယ်ရမည့်သူတွေရဲ့ ဖုန်းနံပါတ် မိမိသွားရောက်လိုသည့်လိပ်စာများကို မှတ်စုစာအုပ်လေးဖြင့် လည်းကောင်း ဖုန်းဆက်၍လည်း ဆရာ ကျွန်တော်လာခဲ့မယ်နော် ... ကျောင်းကဘယ်နာမှာလည်းအစသဖြင့် မေးသံတွေနှင့် ပြာများနေသည်။ မရောက်ဖူးသေးသည့်ခရီးစဉ်မို့ စိတ်ကူးတွေနှင့် တစ်ယောက်တည်း ပြုံးစိစိလုပ်နေသည်။
အရမ်းသွားချင်၍သာအရဲစွန့်ပီသွားခြင်းဖြစ်သည်။ သွားရမည့်ခရီးက ချင်းမိုင်(ဇင်းမယ်)မြို့ တကယ်ဆို ဒီဇင်မယ်ဆိုတဲ့အမည်ကို အလယ်တန်းကျောင်းသားဘ၀ကပင် သမိုင်းစာမျက်နှာတွေအပေါ်တွင် မကြာကြာတွေ့ဖူးသည်။ ယခုတကယ်သွားရတော့မည်ဆိုတော့ အပျော်တွေရင်နှင့်မဆန့်အောင်ဖြစ်တည်ခြင်း ရင်ခုန်ခြင်း ၊ ကြောက်ရွံခြင်း နှင့်အတူ စိတ်ကူယဉ်ခြင်းတွေပါ ပြွပ်သိပ့်နေသည်။ ကိုယ်ကဘယ်မှသွားဖူးသည်မဟုတ် ထိုင်းနိုင်ငံကို ရောက်နေသည့်ကာလ နှစ်တွေကြာပေမဲ့ ဘန်ကောက်မြို့တွင်းရှိ မြဘုရားသို့ပင်မရောက်ဖူးချေ။ ထိုင်းနိုင်ငံရဲ့မြောက်ပိုင်းရှိဇင်းမယ်ကို စိတ်ကူးနှင့်ပင်မတွေးခဲ့ သွားရမည်ဆိုတော့လည်း ဘယ်ကစလို့ စရမှန်းမသိ ဟိုရောက်တော့ ဘာတွေများဖြစ်လာအုံးမလဲဆိုတဲ့ စူးစမ်းစိတ်က တစ်ထွေ အစသဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချရမှန်းမသိ။ နောက်ဆုံးတော့ ဘာဖြစ်ဖြစ်ကွာ သွားမယ်လို့စိတ်ကိုလျှော့ချလိုက်သည်။ သွားမဲ့ရက်ကိုတစ်ယောက်တည်း ရွေးနေမိအခိုက် သူငယ်ချင်းတစ်ယောက်နှင့်အဖော်စပ်မိလေတော စားကံကြုံတော့ မုဆိတ်ပျာစွဲး ဆိုသလိုပေါ့ သူငယ်ချင်းက အခြားမဟုတ် ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဗိုလ်တစ်ဦး ၊ ကိုယ်က သူတို့နိုင်ငံအတွင်းကို တရားမ၀င် ၀င်ရောက်လာသည့် ရွေ့ပြောင်းအလုပ်သမား(migrant worker ) တစ်ယောက် ဒီကဲ့သို့ သူနှစ်ဦး ခင်မင်ကြသည်ကို အခြားသူများအံသြကောင်း အံသြနေကြမည်း တကယ်တော့ ဘာအရောင်အဆင်မှမပါသည့် လူသားနှစ်ဦး ခင်မင်ကြခြင်းသာဖြစ်သည်။
သူငယ်ချင်းက ”ငါက မိသားစုတွေနဲ့ Dec /2မှာ သွားမယ် မင်းလည်းရွာကိုတစ်ခေါက်လိုက်ခဲ့ကွာ နောက် ဇင်းမယ်ကိုဆက်သွားရင် ဟိုကနေကားဆက်စီးလို့ရတာဘဲ ငါလိုက်ပို့မှာပေါ့ ဆိုတော့ ၀မ်းသာသွားသည် အဖော်မရှိဘဲ တစ်ယောက်တည်း သွားရတာထက်စာလျှင် ခရီးတစ်ဝက်လောက် အဖော်ရသည်ဆိုတော့မဆိုး ဒီလိုနဲ့ ညနေ ၆ နာရီခန့်တွင် မဟာချိုင် (Samut Sakhon) မှသူငယ်ချင်းရဲ့ကားဖြင့်ထွက်လာကြသည် ကားပေါ်တွင် သူ့ဇနီးတစ်ယောက်ပါလာတော့ သုံးယောက်ဖြစ်သွားသည်။ ဘန်ကောက်ကိုရောက်တော့ ကားတွေကြပ်နေပြီ ယခုလို နှစ်ကုန်ပိုင်းနှင့် သင်္ကြန်တွင် ဘန်ကောက်၌ ယဉ်ကြောပိတ်ဆို့မှု့ရှိမြဲ ဘာလို့လဲဆိုတော့ စက်ရုံ နှင့် အလုပ်ရုံများတွင် ရက်ရှည်အလုပ်ပိတ်ကြသဖြင့် နေရာဒေသသီးသီးမှ လာရောက်အလုပ်လုပ်ကြသောသူများဟာ မိမိတို့ရပ်ရွာများကိုပြန်ကြခြင်းရောက် ထိုကာလတွင် ကာမှတ်တစ်ဆောင်ရရန်မလွယ် ဤကဲသို့ ယာဉ်ကြောပိတ်ဆို့မှု့တွေကို သက်ဆိုင်ရာတွေက အတတ်နိုင်ဆုံးဖြေရှင်းပေးကြသလို Radio ဌာနများကလည်း ယာဉ်မောင်းသူများနှင့်ခရီးသွားများကို တေးသီချင်းများဖြင့် ဖျော်ဖြေပေးကြသည်။
ဘန်ကောက်မြို့တွင် ကျောင်းတက်နေသည့်သူငယ်ချင်း၏ သမီးနှစ်ယောက်ကိုတစ်ပါတည်း ခေါ်လာကြပြန်တော့ ကားထဲတွင် အားလုံးစုစုပေါင်း ငါးယောက်ဖြစ်သွားသည် ။ ဒီတော့ ခရီးသွားငါးယောက်ပေါ့နော် ... သီချင်းများကိုနားထောင်၍လည်းကောင်း စကားစမြည်းပြောဆို၍ လည်းကောင်း ကားလမ်းဘေးများတွင်ရောင်းကြသည့် နှစ်သစ်ကူးအတွက်လက်ဆောင်များကိုဝယ်၍လည်းသွားကြရာ သူငယ်ချင်း၏ မိဘများနေထိုင်ရာ Nikhon Sawan သို့မနက် ၄ နာရီတွင်ရောက်လာကြလေတော့ အအေးဓာတ်က ပိုမိုစိပ့်လာသဖြင့် အသင့်ယူလာသည် အနက်ရောင် ဂျာကင်လေးကို ထုတ်ဝတ်လိုက်ရသည်။ ကျွန်တော်တို့ရောက်ပီမရှေးမနှောင်းမှာပင် သူငယ်ချင်း၏ ညီအစ်ကိုမောင်နှမများကလည်း မိသားစုအလိုက် ရောက်လာကြသည့်အပြင် အခြားသောအိမ်နီးချင်များတွင်အထွေထွေရောက်လာကြတော့ တိတ်ဆိတ်မှု့ကို ဖြိုခွဲလိုက်သလားမသိ တစ်ရွာလုံးနိုးကြကုန်ပြီး ၀မ်းသာအားရနှင့် မိမိတို့သားသမီးများကို နွေးနွေးထွေးထွေး ဆီးကြိုကြသည်။ တစ်ချို့လူငယ်များက အိမ်အ၀တွင်ပင် အထုတ်အပိုးများကိုချကာ ခွဲခွာနေရသည့် သူငယ်ချင်းများဆီသို့ ပြေးသွားကြသည့်မြင်ကွင်က စိတ်တွင်းလန်းဆန်းသွားတော့သည်။
jan /2 တွင်ကျောင်းဖွင့်မှာမို့ Nakhon Sawan တွင်နှစ်ရက်ခန့်နေပြီးနောက် ချင်းမိုင်(ဇင်းမယ်)သို့ခရီးဆက်ရသည်။ ထိုနှစ်ရက်အတွင်းနေရသည်ကာလကို မေ့မရပါ။ အမြင်ဆန်းသည့်ယဉ်ကျေးမှု့တွေနှင့် နွေးထွေးသည့်ကြိုဆိုးမှု့တွေအပြင် လူမျိုးခြား ၊ နိုင်ငံခြားသားတစ်ယောက်အပေါ်တွင် အလေးပေးဆက်ဆံကြသည်။ ခရီးဆက်ရန်ပြင်ဆင်နေသည့်ကျွန်တော်ကို သူငယ်ချင်း၏အမေက ပရိတ်ချည်ဖြူကို ညာလက်တွင်ချည်ပေးရင် ခရီးသွားရာတွင် ဘေးအန္တာရာယ်ကင်းစေရန် ဂါထာများကိုရွတ်၍လည်း ဆုံးမစကားများကိုပြောကြားလေသည်။ ဘန်းကောက်တွင်ဤကဲသို့ မြင်ကွင်မျိုးကိုမမြင်ဖူး သူ့အလုပ်နှင့်သူ တစ်ပါးသူကိုစိတ်မ၀င်စားအား ။ ချင်းမိုင်(ဇင်းမယ်)သို့သွားရန်ကားလက်မှတ်ကို သူငယ်ချင်းကပင် ဖြတ်ပေးသဖြင့် သက်သာရာရခဲ့သည် နောက် ကားထွက်မှ သူတို့ဇနီးမယားနှစ်ယောက် လက်ပြနှုတ်ဆက်၍ ပြန်သွားကြသည်။
လမ်းခရီးတစ်ဝက်ကို သူတစ်ပါးအကူညီနဲ့ မကြောင့်မကြရောက်ခဲ့ရပေမဲ့ ကျန်ရှိသေးသည့်တစ်ဝက်တွင်မည်ကဲ့သို့ဆက်ဖြစ်လာမယ်ဆိုတာမသိသေး ရင်တွေထပ်မံခုန်လာပြန်သည် မြောက်ဘက်ပိုင်းသို့ရောက်လာသည်ထင် ဟိုင်းဝေကားကြီးက မြင့်လိုက်နိပ့်လိုက်နဲ့ တစ်တောင်တက်တစ်တောင်ဆင်းဖြင့် အရှိန်ပြင်းစွာပြေးနေဆဲ အချိန်တွေက တစ်ဖြည်းဖြည်းကုန်လာတော့ ကားပေါ်ရှိ ခရီးသည်းများမှာလည်း တစ်ယောက်ပြီးတစ်ယောက်လျော့နည်းလာသည်။ ယခုအချိန်အထိ ချင်းမိုင်(ဇင်းမယ်)လို့ရေးထားသည့် ဆိုင်ပုဒ်တစ်ခုမျှမတွေ့ရသေး စိုးရိမ်စိတ်နဲ့အတူ ကြောက်ရွံခြင်း ၊ ရင်ခုန်ခြင်းတွေကမြန်လာသည်။ ဘေးတွင်စကားစမြည်းပြောရန်လူမရှိ စိတ်တွေက ကယောင်ခြောက်ခြားဖြစ်ချင်နေပီ မိမိကိုယ်ကိုယ်အားတင်းကာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများကို ဦးထိပ်ဆင်လျှက် တတ်နိုင်ဆုံးစိတ်ကို တည်ငြိမ်အောင်ထိန်းချုပ်ခဲ့သည်။ ဒီလိုနဲ့ ည ၇ နာရီခန့် တွင်ချင်းမိုင်(ဇင်းမယ်) ရောက်ပါပြီး။ Nakhon Sawan မှနေခင်း ၂ နာရီခန့်မှစထွက်ခဲ့ရာ အချိန်ငါး နာရီခန့် စိတ်ပင်ပန်း လူပင်ပန်းနဲ့ လိုက်လာခဲ့ရာ အခုမှ အသက်ကိုရှူးနိုင်တော့သည်။ သိုသော်လည်း အပြည့်အ၀တော့မဟုတ် စိုးရိမ်စိတ်တွေဖြေးလျှော့၍ ကားကြီးပေါ်မှ ဆင်းလာခဲ့ရင် မျက်စီတွေက ဟိုဟိုဒီဒီလျှောက်ကြည့်နေမိသည့် မိမိအားလာရောက်ကြိုမည့်သူကိုတော့မဟုတ် လမ်းဘေးဖုန်းကိုရှားခြင်ပါ။ အကြွေစေ့လေးနှစ်ဘတ်ခန့်ထည့်ပီ ဖုန်းဆက်လိုက်တော့ ဖုန်းထဲကပြောသည့်လိပ်စာအတိုင်း ဘေးတွရပ်ထားသည့် တိုးတို့(သုံးဘီကားငယ်)ကိုခေါ်၍ပို့စေရသည်။ အခက်တော့တွေချေပြီ အခြာတော့မဟုတ် ဘာသာစကား သူတို့ပြောစကားကို ကျွန်တော်တစ်လုံးမျှနားမလည် မိမိကိုယ်ကိုယ်ထိုင်းစကားပြောတတ်သည်ထင်ခဲသမျှ ဤနေရာတွင် ဘာလုပ်ရမှန်မသိ သူတို့ပြောသောထိုင်းဘာသာစကားမှာ မြောက်ပိုင်းစကားများဖြစ်သောကြောင့်နားမလည်ခြင်ပင် နောက်ဆုံး တစ်ဦးနှစ်တစ်ဦး နားလည်မှု့ယူပီ ပြောရသည် အိုကေ အစ်ကို Chiang mai Grandview Hotel ကိုသိလား သိတယ်ဆိုတော့ အေဗျာ အဲဒီကိုမောင်း ဆိုတော့ ကိုတော်ချောက ဘယ်လိုမောင်းလိုက်သည်မသိ ၁၅ မိနစ်ခန့်ကြတော့ ဟိုတယ်ကြီးတစ်ခုအတွင်းသို့မောင်းဝင်လိုက်လေသည်။ ကျွန်တော်လည်းအစပိုင်းတွင်ကြောင်နေပီမှ ကျသင့်ငွေကိုရှင်းလိုက်ပြီး အပြင်ဘက်သို့ပြန်ထွက်လာရသည်။ ဟိုတယ်ဝန်ထမ်းကလည်းကြောင်ကြည့်နေသည်။ နောက်မှကျွန်တော်အဖြစ်ကိုသိ၍ဘာမှမပြော ”ဟဲ ဟဲ” ကိုယ်ကမှ သူတို့ဟိုတယ်မှာ မတည်းနိုင်တာ ဈေးက နည်းသည်မဟုတ် သာမန်ထိုင်းများပင် မငှားနိုင်။
ကျွန်တော်သွားရမှာက ဤဟိုတယ်ဘေးလမ်းတွင်းရှိ MLC (Migrant Learning Center) ကျောင်းသို့ပါ ။တဖြည်းဖြည်းနှင့် လမ်းလေးအတိုင်းဆင်းလာရသည်။ ညကလည်းတဖြည်းဖြည်းနက်လာတော့ လူကလည်းအရမ်းပင်ပန်နေပြီး လမ်းပင်မလျှောက်ချင်တော့ လမ်းထိပ်တွင်လူတစ်ယောက်နဲ့တွေ့တော့ လှမ်းမေးရသည် အစ်ကိုကျေးဇူးပြု၍ ဒီနားမှာ MLC ကျောင်းကိုသိပါသလားခင်ဗျာလို့မေးလိုက်ရာ ”နမိတ်တိန်လိန်” အစ်ကိုလည်းဧည့်သည်ပါတဲ့ အင်း စိတ်ဓာတ်ကိုကျသွားတာဘဲ ... ဘယ်လိုလုပ်မယ်မှန်မသိ ကျွန်တော်ပုံစံကိုကြည့်ပီ ညီလေးမှာအခန်းမရသေးဘူးလားလို့ ဂရုဏာသက်စွာပြန်မေးတော့ ဘာဖြေလို့ဖြေ၇မှန်မသိ ချင်းမိုင်တွင် ယခုလိုရာသီမျိုးတွင် အခန်းတစ်ခန်းရရန်မလွယ် ခရီးသည်တွေအပြင် အလည်းပတ်ရောက်များလွန်းခြင်းကြောင့်ဖြစ်သည်။ ”ဟုတ်ကဲ” ကျွန်တော်က ဒီနားက မြန်မာကျောင်းတစ်ကျောင်းကိုလာတာပါ ဟုပြောလိုက်ရာ နောက်မှ ရောက်လာသည့် လူတစ်ရောက် ဒီလမ်းထဲမှာတော့ မြန်မာကျောင်းလို့ထင်ရတဲ့ကျောင်းတစ်ကျောင်းရှိပါတယ် ဟိုအနားမှာဆိုတော့ အားတက်လာသည် ဟုတ်ကဲ့ ကျွန်တော်ရှားကြည့်လိုက်မယ်ဆိုပီ ထွက်လာရတော့သည်။ ဒီလိုနဲ့မရွေ့တရွေ့ခြေလှမ်းများဖြင့် လျှောက်လာရာ ခြံဝင်းတစ်ခုအရှေ့သို့ရောက်လာရာ အတွင်းမှ လူနှစ်ဦးသုံးဦး စကားစမြည်းပြောနေကြသည် သူတို့အသံတွေက မသဲကွဲ ခြံဝင်းပတ်ပတ်လည်းကိုရှာဖွေမိသည်။ MLC ဒါမှမဟုတ် RWCT(Reading Writing Center Thinking)ဆိုတဲ့ ဆိုင်းပုဒ်တွေကိုလိုက်ရှာမိသည် မတွေ့ စိတ်မှာကသီ့ကအောက်ဖြစ်သွားတော့ မခေါ်လည်းမခေါ်ရဲ မှားနေမှာကိုဆိုး၍ မခေါ်ခြင်းပင် အရှေ့မှာများဖြစ်နေမလားဆိုပီအရှေ့ဘက်သို့လျှောက်ကြည့်မိပြန်ရာမတွေ့ အခုဏကတွေခဲ့သည် ခြံဝင်းကို စိတ်မချ ပြန်ကြည်မှဘဲ ဆိုပီ ပြန်လှည့်လိုက် ပြန်သွားလိုက်နဲ့ အခေါက်ခေါက်အခါခါ ဖြတ်လျှောက်ပီ ဘာဖြစ်ဖြစ်ခေါ်ကြည့်မှဘဲလို့ ဆုံးဖြတ်ပီ ခြံဝင်းအနားကပ်လိုက်ရာ ”ဘယ်သူနဲ့တွေ့ချင်လို့လဲ” ဆိုသည့်ပီပီသသ မိန်ကလေးအသံတစ်ခု အနာမှထွက်ပေါ်လာရာ ”အောက်မလေးဗျာ” ဆိုပီလန့်သွားရာမှ ချက်ချင်းသတိဝင်ကာ ထခုန်မိမတတ် ၀မ်းသာသွားသည်။ ဖွင့်ပေးသည့်တံခါးမှ အထဲသို့ဝင်လိုက်ရာ အတွင်း၌ ကျွန်တော်အရွယ်ကောင်းလေး ၂ ယောက်နဲ့ ကောင်မလေး ၁ ယောက် နောက် အသက်၅၀ကျော်ခန့်ရှိမည့် သူနှစ်ဦး တံခါးဖွင့်ပေးသည့်ကောင်းမလေးကပင် အားလုံးနှင့်မိတ်ဆက်ပေးရာ ဆရာစိုင်းနှင့် ဒေါက်တာသိန်းလွင်ဖြစ်ကြောင်းသိရသည်။ ကောင်လေးနှင့် ကောင်မလေးတွေကတော့ ဘန်ကောက်မှရောက်လာခြင်းဖြစ်ကြောင်းနှင့် ကျွန်တော်နှင့် မရှေ့မနှောင်းတွင်းရောက်လာကြခြင်းဖြစ်သည်။ ကျွန်တော်အားလာရောက်တံခါးဖွင့်ပေးသည့်မိန်ကလေးရဲ့နာမည်မှာ မစိုင်းဟုသိရပြီး ဤကျောင်း၌ စာကြည့်တိုက်မှုးတာဝန်ကိုထမ်းဆောင်နေသူဖြစ်သည်။ ကျွန်တော်ရောက်ပြီမကြာမိမှာပင် ဖိလစ်ပိုင်နိုင်ငံသို့ ပညာသင်ဆုဖြင့် သွားရောက်ပညာသင်ကြားနေလေရာ ယခုအချိန်အထိ မေးလ်တွေနဲ့သာဆက်သွယ်ဖြစ်ကြသည်။ ဤကျောင်းတွင် လူမျိုးစုံလှသည် မြန်မာနိုင်ငံတွင်မတွေ့ဖူးသည်တိုင်းရင်သားများကိုတွေ့ရ၍ အရမ်းပင်ပျော်ခဲ့ရသည့်အပြင် ယခုတိုင်သူတို့တွေအားလုံးကို သိရဆဲ ....
ခရီးပန်းလာသည်ကတစ်ကြောင်း လမ်းခရီးတွင် စိုးရိမ်းပူပန်တွင် စိုးရိမ်းပူပန်စိတ်များနှင့်ခရီးဆက်လာရသဖြင့် အတော်ပင်ပန်းနေပြီး ရေချိုးခန်းရောက်မှ အသက်ပြင်တွေကိုလွတ်ထုတ်ရသည်။ ရေချိုးခန်းကထွက်တော် မစိုင်းကပင် အိပ်ရာခင်းတွေပြင်ဆင်ပေးနေသဖြင့် မနက်ဖန်တွင်စောစောထ၇န် အိပ်မှဘဲဟု စိတ်ကူးပြီ အိပ်ရာဝင်လိုက်ရာဘယ်အချိန်ကေ၇ာက်နေမှန်းမသိသည့် ကြောင်တစ်ကောင်က တိုးဝှေ့နေသဖြင့် သူ့အားနေရာပေးကာ ချင်းမိုင်ရဲ့အအေးဓါတ်ကိုကိုခိုလုံရင် မနက်ဖန်နေ့များကိုရောက်ရန် မျက်လုံးမှိတ်လိုက်ရလေသည်။
Saturday, December 22, 2007
ဘန်ကောက်ရဲ့ ဒီဇင်ဘာ
ဒီဇင်ဘာဟာ ထိုင်းတွေ သိပ်ပျော်တဲ့ လပါ။ သူတို့ရဲ့ ချစ်မြတ်နိုး လေးစားဆုံး ဘုရင်ရဲ့ မွေးနေ့ ဒီဇင် ဘာ ၅ရက်နေ့ (တကယ့် မွေးနေ့ အစစ်တော့ ဟုတ်ဘူးဗျ.. ဗေဒင် တွက်ကြည့်တော့ သူ့မွေးနေ့မှာ မွေးတဲ့ လူက ဒီလို ဥပဓိ မရှိနေဘူး.. ဟွန့် ညာတယ်) ထိုင်းနိုင်ငံရဲ့ အခြေခံ ဥပဒေ ရေးဆွဲတဲ့နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နဲ့ ခရစ်စမတ် နေ့၊ နှစ်သစ်ကူး ဆက်တိုက် ခွင့်ယူပြီး ပျော်ကြ လို့ပါပဲ.. ဒီလ ဆိုရင် ဘန်ကောက် ဘယ်လောက် လှလဲ ဆိုတာ သိရ အောင်နဲ့ အမိ မြန်မာ နိုင်ငံတော် ကြီးရဲ့ အကြီးဆုံး စီးပွားရေး မြို့တော် ကြီး နှစ်ခု ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေး တို့နဲ့ နှိုင်းယှဉ် ကြည့်နိုင်အောင် ဓာတ်ပုံတွေ တင်ပေး လိုက်ပါတယ်။ ယုံတမ်းတော့ ကြားဖူး တာပဲဗျ.. ၁၉၆၂ ခုနှစ် မတိုင်မီက ရန်ကုန်က ဘန်ကောက် ထက်ရော စင်ကာပူ ထက်ပါ လှလို့ တိုးတက်လို့ သူတို့က ပြန်ငေး ခဲ့ကြ ရဖူး သတဲ့။ အဲဒီ အချိန်က ဘန်ကောက် ပုံ ရှားရှား ပါးပါး ရထားလို့ တင်ပေး လိုက်ပါတယ်။ နှိုင်းယှဉ် ကြည့်ပေါ့နော့။

ဘန်ကောက် မြို့ရှိ အမှိုက် ကွမ်းသွေး ကင်းစင်သော လမ်းဘေး လူသွား စင်္ကြန်များ ( လူအများ စည်းကမ်းရှိမှုနဲ့ စားဝတ် နေရေး ချောင်လည်မှု တို့ကြောင့် ပန်းများ ပန်းအိုးများ ခိုးယူ ခူးဆွတ် ခံရခြင်း မည်သည့် အခါမျှ မရှိပါ

အမှိုက်ကင်းစင်သော ဘန်ကောက်မြို့ရဲ့ လမ်းတွေ

သူတို့ ဘုရင်ကို ချစ်လွန်းလို့ ခရစ်စမတ် လက်ဆောင် အဖြစ် ဘုရင့်ရဲ့ မှန်ဘောင် သွင်းဓာတ်ပုံ များ အပြည့် ချိန်ဆွဲ ထားတဲ့ ခရစ်စမတ် သစ်ပင်များ

Emporium Shopping Mall ရှေ့မှ ပလတ်စတစ် ပြားလေး များဖြင့် ပြုလုပ်ထားသော ခရစ်စမတ် ပင်ကြီး

မီး အလှဆင်ယင် ထားသော လူပျံတော် အရုပ်များ

Central World Plaza ရှေ့မှ အမြင့်ဆုံး ခရစ်စမတ် သစ်ပင်ကြီး

Siam Paragon Shopping Complex (Siam ဘူတာရုံ ကပ်လျက်) မှ ရေပန်းနဲ့ မီး အလှ

ရေသန့်ဗူးခွံများဖြင့် တန်ဆာ ဆင်ထားသော ခရစ်စမတ် သစ်ပင် (ဘုရင်ရဲ့ Reduce, Reuse & Recycle Policy ကို လေးစား လိုက်နာခြင်း အမှတ်တရ)

အသုံးပြုပြီးသား စီဒီပြား အပျက်များကို အ၀ိုင်းဖောက်ပြီး တန်ဆာ ဆင်ထားသော ဖိတ်ဖိတ်တောက် မုခ်ဦးကြီး (ဘုရင်ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမှိုက်ထွက် နည်းပါးရေး Reduce, Reuse & Recycle Project အမှတ်တရ)
***(ထိုင်းလူမျိုး တွေလို တိုးတက်အောင် ကိုယ်တိုင် ဖန်တီး ကြိုးစား စေချင်ပါတယ်။ ထိုင်းကို ရောက်ဖူးအောင် လာလည်ဖို့ သူဌေး တွေရဲ့ ခရီးဖော် မယား အဖြစ် လိုက်လာတဲ့ မြန်မာမလေး များကိုတော့ မမြင်ချင် တော့ပါဘူးရှင်)***

Thursday, December 20, 2007
Tuesday, December 18, 2007
ခရီးသွားခြင်း
ဟိုတစ်ခါတုန်းကလေ ခရီးသွားတုန်းကပေါ့ ဓါတ်ပုံလေးတွေ ရိုက်ခဲ့သေးတယ် အဲဒီ့တုန်းကဓါတ်ပုံတွေ တင်မယ်နော်
ပန်းတွေနဲ့ ပုံဖော်ထားတာ အမှန်က အကြီးကြီးရယ် အရမ်းလှတယ်
ပြန်ကာနီး ပင်လယ်တောင်ရောက်ခဲ့သေးတယ်
နေဝင်ချိန်က အရမ်းကိုလှတယ် ကျွန်မကသေချာမရိုက်တတ်လို့သာမလှတာ
တစ်ချို့ဓါတ်ပုံတွေက ကားပေါ်ကရိုက်တာဆိုတော့ သိပ်တော့ မကောင်းဘူး မိတ်ဆွေတို့ကြည့် ကြည့်ပါဦး ကျွန်မက ဓါတ်ပုံရိုက်နည်းတွေ
ဘာတွေသေချာတော့ မသိဘူး ခရီးသွားရင်း ရှုခင်းလှလှလေးတွေ တွေ့ရင်တော့ ဓါတ်ပုံရိုက်တဲ့ ဝါသနာကပါနေတာနဲ့ ရိုက်ဖြစ်သွားတာပါ။
ဒါကဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတာဝါဖြစ်တဲ့ Tokyo Tower ဖြစ်ပါတယ်
အဲဒီ့နားမှာတော့ ရထားတွေ တိုက်တွေနဲ့ အပေါ်စီးက ကြည့်ရင် အရမ်းလှတယ်
်ဒီတံတားကြီးတော့ ညဖက်ဆို အရမ်းလှတယ် နောက်မှ ဒီတံတားကြီးပုံတွေ သပ်သပ်တင်ပါဦးမယ် နေရာကတော့ အိုဒိုင်းဗား လို့ခေါ်တဲ့ နေရာနားမှာ ရှိပါတယ် နာမည်ကတော့ Rainbow Bridge လို့ခေါ်ပါတယ်
(နာမည်ကြီးပါတယ်)
စင်ကာပူပန်းခြံက မျှော်စင်ကြီးပါ 
မြင်းလှည်းလေးက ပန်းခြံတစ်ပတ် ပတ်စီးလို့ ရတဲ့မြင်းလှည်းလေးပါ (ချစ်စရာလေး)

(နာမည်ကြီးပါတယ်)

်

ဟီး...နယ်လွန်ပြီး မမလင်းလတ်တို့ နေတဲ့ စင်ကာပူတောင် ရောက်သွားပြီ (အမှန်က ဒီနေရာက ဂျပန်နိုင်ငံက မြန်မာတွေ အခေါ် စင်ကာပူပန်းခြံက ရုပ်တုပါ လူတွေ ရှုပ်နေတာနဲ့ လူရှင်းတုန်း ရိုက်ထားတာပါ

ဒီလိုနဲ့ပဲ ကျွန်မရဲ့တစ်ရက်တာ ခရီးစဉ်လေးက ပြီးသွားပါတယ်ရှင် သူငယ်ချင်းတို့လည်း ပိုက်ပိုက်မကုန်ပဲ ခရီးရောက်သွားပြီနော် ကောင်းလေစွ :) :) :)
Tuesday, December 11, 2007
Photos
Subscribe to:
Posts (Atom)