Wednesday, December 26, 2007

ချင်းမိုင်(ဇင်းမယ်) သို့ တစ်ခေါက်တစ်ခါ

ဒီဇင်ဘာလကုန်တော့မည်မို့ အင်တာနက်စာမျက်နှာတွေအပေါ်မှာ လိုချင်သည့်သတင်းအချက်အလက် အချို့ ကို မနားတမ်းရှာဖွေနေသည်။ မိမိမသွားလိုသည့်ခရီးအတွက် အဆင်သင့်ဖြစ်ရန်အတွက် ဆက်သွယ်ရမည့်သူတွေရဲ့ ဖုန်းနံပါတ် မိမိသွားရောက်လိုသည့်လိပ်စာများကို မှတ်စုစာအုပ်လေးဖြင့် လည်းကောင်း ဖုန်းဆက်၍လည်း ဆရာ ကျွန်တော်လာခဲ့မယ်နော် ... ကျောင်းကဘယ်နာမှာလည်းအစသဖြင့် မေးသံတွေနှင့် ပြာများနေသည်။ မရောက်ဖူးသေးသည့်ခရီးစဉ်မို့ စိတ်ကူးတွေနှင့် တစ်ယောက်တည်း ပြုံးစိစိလုပ်နေသည်။


အရမ်းသွားချင်၍သာအရဲစွန့်ပီသွားခြင်းဖြစ်သည်။ သွားရမည့်ခရီးက ချင်းမိုင်(ဇင်းမယ်)မြို့ တကယ်ဆို ဒီဇင်မယ်ဆိုတဲ့အမည်ကို အလယ်တန်းကျောင်းသားဘ၀ကပင် သမိုင်းစာမျက်နှာတွေအပေါ်တွင် မကြာကြာတွေ့ဖူးသည်။ ယခုတကယ်သွားရတော့မည်ဆိုတော့ အပျော်တွေရင်နှင့်မဆန့်အောင်ဖြစ်တည်ခြင်း ရင်ခုန်ခြင်း ၊ ကြောက်ရွံခြင်း နှင့်အတူ စိတ်ကူယဉ်ခြင်းတွေပါ ပြွပ်သိပ့်နေသည်။ ကိုယ်ကဘယ်မှသွားဖူးသည်မဟုတ် ထိုင်းနိုင်ငံကို ရောက်နေသည့်ကာလ နှစ်တွေကြာပေမဲ့ ဘန်ကောက်မြို့တွင်းရှိ မြဘုရားသို့ပင်မရောက်ဖူးချေ။ ထိုင်းနိုင်ငံရဲ့မြောက်ပိုင်းရှိဇင်းမယ်ကို စိတ်ကူးနှင့်ပင်မတွေးခဲ့ သွားရမည်ဆိုတော့လည်း ဘယ်ကစလို့ စရမှန်းမသိ ဟိုရောက်တော့ ဘာတွေများဖြစ်လာအုံးမလဲဆိုတဲ့ စူးစမ်းစိတ်က တစ်ထွေ အစသဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချရမှန်းမသိ။ နောက်ဆုံးတော့ ဘာဖြစ်ဖြစ်ကွာ သွားမယ်လို့စိတ်ကိုလျှော့ချလိုက်သည်။ သွားမဲ့ရက်ကိုတစ်ယောက်တည်း ရွေးနေမိအခိုက် သူငယ်ချင်းတစ်ယောက်နှင့်အဖော်စပ်မိလေတော စားကံကြုံတော့ မုဆိတ်ပျာစွဲး ဆိုသလိုပေါ့ သူငယ်ချင်းက အခြားမဟုတ် ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဗိုလ်တစ်ဦး ၊ ကိုယ်က သူတို့နိုင်ငံအတွင်းကို တရားမ၀င် ၀င်ရောက်လာသည့် ရွေ့ပြောင်းအလုပ်သမား(migrant worker ) တစ်ယောက် ဒီကဲ့သို့ သူနှစ်ဦး ခင်မင်ကြသည်ကို အခြားသူများအံသြကောင်း အံသြနေကြမည်း တကယ်တော့ ဘာအရောင်အဆင်မှမပါသည့် လူသားနှစ်ဦး ခင်မင်ကြခြင်းသာဖြစ်သည်။


သူငယ်ချင်းက ”ငါက မိသားစုတွေနဲ့ Dec /2မှာ သွားမယ် မင်းလည်းရွာကိုတစ်ခေါက်လိုက်ခဲ့ကွာ နောက် ဇင်းမယ်ကိုဆက်သွားရင် ဟိုကနေကားဆက်စီးလို့ရတာဘဲ ငါလိုက်ပို့မှာပေါ့ ဆိုတော့ ၀မ်းသာသွားသည် အဖော်မရှိဘဲ တစ်ယောက်တည်း သွားရတာထက်စာလျှင် ခရီးတစ်ဝက်လောက် အဖော်ရသည်ဆိုတော့မဆိုး ဒီလိုနဲ့ ညနေ ၆ နာရီခန့်တွင် မဟာချိုင် (Samut Sakhon) မှသူငယ်ချင်းရဲ့ကားဖြင့်ထွက်လာကြသည် ကားပေါ်တွင် သူ့ဇနီးတစ်ယောက်ပါလာတော့ သုံးယောက်ဖြစ်သွားသည်။ ဘန်ကောက်ကိုရောက်တော့ ကားတွေကြပ်နေပြီ ယခုလို နှစ်ကုန်ပိုင်းနှင့် သင်္ကြန်တွင် ဘန်ကောက်၌ ယဉ်ကြောပိတ်ဆို့မှု့ရှိမြဲ ဘာလို့လဲဆိုတော့ စက်ရုံ နှင့် အလုပ်ရုံများတွင် ရက်ရှည်အလုပ်ပိတ်ကြသဖြင့် နေရာဒေသသီးသီးမှ လာရောက်အလုပ်လုပ်ကြသောသူများဟာ မိမိတို့ရပ်ရွာများကိုပြန်ကြခြင်းရောက် ထိုကာလတွင် ကာမှတ်တစ်ဆောင်ရရန်မလွယ် ဤကဲသို့ ယာဉ်ကြောပိတ်ဆို့မှု့တွေကို သက်ဆိုင်ရာတွေက အတတ်နိုင်ဆုံးဖြေရှင်းပေးကြသလို Radio ဌာနများကလည်း ယာဉ်မောင်းသူများနှင့်ခရီးသွားများကို တေးသီချင်းများဖြင့် ဖျော်ဖြေပေးကြသည်။


ဘန်ကောက်မြို့တွင် ကျောင်းတက်နေသည့်သူငယ်ချင်း၏ သမီးနှစ်ယောက်ကိုတစ်ပါတည်း ခေါ်လာကြပြန်တော့ ကားထဲတွင် အားလုံးစုစုပေါင်း ငါးယောက်ဖြစ်သွားသည် ။ ဒီတော့ ခရီးသွားငါးယောက်ပေါ့နော် ... သီချင်းများကိုနားထောင်၍လည်းကောင်း စကားစမြည်းပြောဆို၍ လည်းကောင်း ကားလမ်းဘေးများတွင်ရောင်းကြသည့် နှစ်သစ်ကူးအတွက်လက်ဆောင်များကိုဝယ်၍လည်းသွားကြရာ သူငယ်ချင်း၏ မိဘများနေထိုင်ရာ Nikhon Sawan သို့မနက် ၄ နာရီတွင်ရောက်လာကြလေတော့ အအေးဓာတ်က ပိုမိုစိပ့်လာသဖြင့် အသင့်ယူလာသည် အနက်ရောင် ဂျာကင်လေးကို ထုတ်ဝတ်လိုက်ရသည်။ ကျွန်တော်တို့ရောက်ပီမရှေးမနှောင်းမှာပင် သူငယ်ချင်း၏ ညီအစ်ကိုမောင်နှမများကလည်း မိသားစုအလိုက် ရောက်လာကြသည့်အပြင် အခြားသောအိမ်နီးချင်များတွင်အထွေထွေရောက်လာကြတော့ တိတ်ဆိတ်မှု့ကို ဖြိုခွဲလိုက်သလားမသိ တစ်ရွာလုံးနိုးကြကုန်ပြီး ၀မ်းသာအားရနှင့် မိမိတို့သားသမီးများကို နွေးနွေးထွေးထွေး ဆီးကြိုကြသည်။ တစ်ချို့လူငယ်များက အိမ်အ၀တွင်ပင် အထုတ်အပိုးများကိုချကာ ခွဲခွာနေရသည့် သူငယ်ချင်းများဆီသို့ ပြေးသွားကြသည့်မြင်ကွင်က စိတ်တွင်းလန်းဆန်းသွားတော့သည်။


jan /2 တွင်ကျောင်းဖွင့်မှာမို့ Nakhon Sawan တွင်နှစ်ရက်ခန့်နေပြီးနောက် ချင်းမိုင်(ဇင်းမယ်)သို့ခရီးဆက်ရသည်။ ထိုနှစ်ရက်အတွင်းနေရသည်ကာလကို မေ့မရပါ။ အမြင်ဆန်းသည့်ယဉ်ကျေးမှု့တွေနှင့် နွေးထွေးသည့်ကြိုဆိုးမှု့တွေအပြင် လူမျိုးခြား ၊ နိုင်ငံခြားသားတစ်ယောက်အပေါ်တွင် အလေးပေးဆက်ဆံကြသည်။ ခရီးဆက်ရန်ပြင်ဆင်နေသည့်ကျွန်တော်ကို သူငယ်ချင်း၏အမေက ပရိတ်ချည်ဖြူကို ညာလက်တွင်ချည်ပေးရင် ခရီးသွားရာတွင် ဘေးအန္တာရာယ်ကင်းစေရန် ဂါထာများကိုရွတ်၍လည်း ဆုံးမစကားများကိုပြောကြားလေသည်။ ဘန်းကောက်တွင်ဤကဲသို့ မြင်ကွင်မျိုးကိုမမြင်ဖူး သူ့အလုပ်နှင့်သူ တစ်ပါးသူကိုစိတ်မ၀င်စားအား ။ ချင်းမိုင်(ဇင်းမယ်)သို့သွားရန်ကားလက်မှတ်ကို သူငယ်ချင်းကပင် ဖြတ်ပေးသဖြင့် သက်သာရာရခဲ့သည် နောက် ကားထွက်မှ သူတို့ဇနီးမယားနှစ်ယောက် လက်ပြနှုတ်ဆက်၍ ပြန်သွားကြသည်။


လမ်းခရီးတစ်ဝက်ကို သူတစ်ပါးအကူညီနဲ့ မကြောင့်မကြရောက်ခဲ့ရပေမဲ့ ကျန်ရှိသေးသည့်တစ်ဝက်တွင်မည်ကဲ့သို့ဆက်ဖြစ်လာမယ်ဆိုတာမသိသေး ရင်တွေထပ်မံခုန်လာပြန်သည် မြောက်ဘက်ပိုင်းသို့ရောက်လာသည်ထင် ဟိုင်းဝေကားကြီးက မြင့်လိုက်နိပ့်လိုက်နဲ့ တစ်တောင်တက်တစ်တောင်ဆင်းဖြင့် အရှိန်ပြင်းစွာပြေးနေဆဲ အချိန်တွေက တစ်ဖြည်းဖြည်းကုန်လာတော့ ကားပေါ်ရှိ ခရီးသည်းများမှာလည်း တစ်ယောက်ပြီးတစ်ယောက်လျော့နည်းလာသည်။ ယခုအချိန်အထိ ချင်းမိုင်(ဇင်းမယ်)လို့ရေးထားသည့် ဆိုင်ပုဒ်တစ်ခုမျှမတွေ့ရသေး စိုးရိမ်စိတ်နဲ့အတူ ကြောက်ရွံခြင်း ၊ ရင်ခုန်ခြင်းတွေကမြန်လာသည်။ ဘေးတွင်စကားစမြည်းပြောရန်လူမရှိ စိတ်တွေက ကယောင်ခြောက်ခြားဖြစ်ချင်နေပီ မိမိကိုယ်ကိုယ်အားတင်းကာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများကို ဦးထိပ်ဆင်လျှက် တတ်နိုင်ဆုံးစိတ်ကို တည်ငြိမ်အောင်ထိန်းချုပ်ခဲ့သည်။ ဒီလိုနဲ့ ည ၇ နာရီခန့် တွင်ချင်းမိုင်(ဇင်းမယ်) ရောက်ပါပြီး။ Nakhon Sawan မှနေခင်း ၂ နာရီခန့်မှစထွက်ခဲ့ရာ အချိန်ငါး နာရီခန့် စိတ်ပင်ပန်း လူပင်ပန်းနဲ့ လိုက်လာခဲ့ရာ အခုမှ အသက်ကိုရှူးနိုင်တော့သည်။ သိုသော်လည်း အပြည့်အ၀တော့မဟုတ် စိုးရိမ်စိတ်တွေဖြေးလျှော့၍ ကားကြီးပေါ်မှ ဆင်းလာခဲ့ရင် မျက်စီတွေက ဟိုဟိုဒီဒီလျှောက်ကြည့်နေမိသည့် မိမိအားလာရောက်ကြိုမည့်သူကိုတော့မဟုတ် လမ်းဘေးဖုန်းကိုရှားခြင်ပါ။ အကြွေစေ့လေးနှစ်ဘတ်ခန့်ထည့်ပီ ဖုန်းဆက်လိုက်တော့ ဖုန်းထဲကပြောသည့်လိပ်စာအတိုင်း ဘေးတွရပ်ထားသည့် တိုးတို့(သုံးဘီကားငယ်)ကိုခေါ်၍ပို့စေရသည်။ အခက်တော့တွေချေပြီ အခြာတော့မဟုတ် ဘာသာစကား သူတို့ပြောစကားကို ကျွန်တော်တစ်လုံးမျှနားမလည် မိမိကိုယ်ကိုယ်ထိုင်းစကားပြောတတ်သည်ထင်ခဲသမျှ ဤနေရာတွင် ဘာလုပ်ရမှန်မသိ သူတို့ပြောသောထိုင်းဘာသာစကားမှာ မြောက်ပိုင်းစကားများဖြစ်သောကြောင့်နားမလည်ခြင်ပင် နောက်ဆုံး တစ်ဦးနှစ်တစ်ဦး နားလည်မှု့ယူပီ ပြောရသည် အိုကေ အစ်ကို Chiang mai Grandview Hotel ကိုသိလား သိတယ်ဆိုတော့ အေဗျာ အဲဒီကိုမောင်း ဆိုတော့ ကိုတော်ချောက ဘယ်လိုမောင်းလိုက်သည်မသိ ၁၅ မိနစ်ခန့်ကြတော့ ဟိုတယ်ကြီးတစ်ခုအတွင်းသို့မောင်းဝင်လိုက်လေသည်။ ကျွန်တော်လည်းအစပိုင်းတွင်ကြောင်နေပီမှ ကျသင့်ငွေကိုရှင်းလိုက်ပြီး အပြင်ဘက်သို့ပြန်ထွက်လာရသည်။ ဟိုတယ်ဝန်ထမ်းကလည်းကြောင်ကြည့်နေသည်။ နောက်မှကျွန်တော်အဖြစ်ကိုသိ၍ဘာမှမပြော ”ဟဲ ဟဲ” ကိုယ်ကမှ သူတို့ဟိုတယ်မှာ မတည်းနိုင်တာ ဈေးက နည်းသည်မဟုတ် သာမန်ထိုင်းများပင် မငှားနိုင်။


ကျွန်တော်သွားရမှာက ဤဟိုတယ်ဘေးလမ်းတွင်းရှိ MLC (Migrant Learning Center) ကျောင်းသို့ပါ ။တဖြည်းဖြည်းနှင့် လမ်းလေးအတိုင်းဆင်းလာရသည်။ ညကလည်းတဖြည်းဖြည်းနက်လာတော့ လူကလည်းအရမ်းပင်ပန်နေပြီး လမ်းပင်မလျှောက်ချင်တော့ လမ်းထိပ်တွင်လူတစ်ယောက်နဲ့တွေ့တော့ လှမ်းမေးရသည် အစ်ကိုကျေးဇူးပြု၍ ဒီနားမှာ MLC ကျောင်းကိုသိပါသလားခင်ဗျာလို့မေးလိုက်ရာ ”နမိတ်တိန်လိန်” အစ်ကိုလည်းဧည့်သည်ပါတဲ့ အင်း စိတ်ဓာတ်ကိုကျသွားတာဘဲ ... ဘယ်လိုလုပ်မယ်မှန်မသိ ကျွန်တော်ပုံစံကိုကြည့်ပီ ညီလေးမှာအခန်းမရသေးဘူးလားလို့ ဂရုဏာသက်စွာပြန်မေးတော့ ဘာဖြေလို့ဖြေ၇မှန်မသိ ချင်းမိုင်တွင် ယခုလိုရာသီမျိုးတွင် အခန်းတစ်ခန်းရရန်မလွယ် ခရီးသည်တွေအပြင် အလည်းပတ်ရောက်များလွန်းခြင်းကြောင့်ဖြစ်သည်။ ”ဟုတ်ကဲ” ကျွန်တော်က ဒီနားက မြန်မာကျောင်းတစ်ကျောင်းကိုလာတာပါ ဟုပြောလိုက်ရာ နောက်မှ ရောက်လာသည့် လူတစ်ရောက် ဒီလမ်းထဲမှာတော့ မြန်မာကျောင်းလို့ထင်ရတဲ့ကျောင်းတစ်ကျောင်းရှိပါတယ် ဟိုအနားမှာဆိုတော့ အားတက်လာသည် ဟုတ်ကဲ့ ကျွန်တော်ရှားကြည့်လိုက်မယ်ဆိုပီ ထွက်လာရတော့သည်။ ဒီလိုနဲ့မရွေ့တရွေ့ခြေလှမ်းများဖြင့် လျှောက်လာရာ ခြံဝင်းတစ်ခုအရှေ့သို့ရောက်လာရာ အတွင်းမှ လူနှစ်ဦးသုံးဦး စကားစမြည်းပြောနေကြသည် သူတို့အသံတွေက မသဲကွဲ ခြံဝင်းပတ်ပတ်လည်းကိုရှာဖွေမိသည်။ MLC ဒါမှမဟုတ် RWCT(Reading Writing Center Thinking)ဆိုတဲ့ ဆိုင်းပုဒ်တွေကိုလိုက်ရှာမိသည် မတွေ့ စိတ်မှာကသီ့ကအောက်ဖြစ်သွားတော့ မခေါ်လည်းမခေါ်ရဲ မှားနေမှာကိုဆိုး၍ မခေါ်ခြင်းပင် အရှေ့မှာများဖြစ်နေမလားဆိုပီအရှေ့ဘက်သို့လျှောက်ကြည့်မိပြန်ရာမတွေ့ အခုဏကတွေခဲ့သည် ခြံဝင်းကို စိတ်မချ ပြန်ကြည်မှဘဲ ဆိုပီ ပြန်လှည့်လိုက် ပြန်သွားလိုက်နဲ့ အခေါက်ခေါက်အခါခါ ဖြတ်လျှောက်ပီ ဘာဖြစ်ဖြစ်ခေါ်ကြည့်မှဘဲလို့ ဆုံးဖြတ်ပီ ခြံဝင်းအနားကပ်လိုက်ရာ ”ဘယ်သူနဲ့တွေ့ချင်လို့လဲ” ဆိုသည့်ပီပီသသ မိန်ကလေးအသံတစ်ခု အနာမှထွက်ပေါ်လာရာ ”အောက်မလေးဗျာ” ဆိုပီလန့်သွားရာမှ ချက်ချင်းသတိဝင်ကာ ထခုန်မိမတတ် ၀မ်းသာသွားသည်။ ဖွင့်ပေးသည့်တံခါးမှ အထဲသို့ဝင်လိုက်ရာ အတွင်း၌ ကျွန်တော်အရွယ်ကောင်းလေး ၂ ယောက်နဲ့ ကောင်မလေး ၁ ယောက် နောက် အသက်၅၀ကျော်ခန့်ရှိမည့် သူနှစ်ဦး တံခါးဖွင့်ပေးသည့်ကောင်းမလေးကပင် အားလုံးနှင့်မိတ်ဆက်ပေးရာ ဆရာစိုင်းနှင့် ဒေါက်တာသိန်းလွင်ဖြစ်ကြောင်းသိရသည်။ ကောင်လေးနှင့် ကောင်မလေးတွေကတော့ ဘန်ကောက်မှရောက်လာခြင်းဖြစ်ကြောင်းနှင့် ကျွန်တော်နှင့် မရှေ့မနှောင်းတွင်းရောက်လာကြခြင်းဖြစ်သည်။ ကျွန်တော်အားလာရောက်တံခါးဖွင့်ပေးသည့်မိန်ကလေးရဲ့နာမည်မှာ မစိုင်းဟုသိရပြီး ဤကျောင်း၌ စာကြည့်တိုက်မှုးတာဝန်ကိုထမ်းဆောင်နေသူဖြစ်သည်။ ကျွန်တော်ရောက်ပြီမကြာမိမှာပင် ဖိလစ်ပိုင်နိုင်ငံသို့ ပညာသင်ဆုဖြင့် သွားရောက်ပညာသင်ကြားနေလေရာ ယခုအချိန်အထိ မေးလ်တွေနဲ့သာဆက်သွယ်ဖြစ်ကြသည်။ ဤကျောင်းတွင် လူမျိုးစုံလှသည် မြန်မာနိုင်ငံတွင်မတွေ့ဖူးသည်တိုင်းရင်သားများကိုတွေ့ရ၍ အရမ်းပင်ပျော်ခဲ့ရသည့်အပြင် ယခုတိုင်သူတို့တွေအားလုံးကို သိရဆဲ ....


ခရီးပန်းလာသည်ကတစ်ကြောင်း လမ်းခရီးတွင် စိုးရိမ်းပူပန်တွင် စိုးရိမ်းပူပန်စိတ်များနှင့်ခရီးဆက်လာရသဖြင့် အတော်ပင်ပန်းနေပြီး ရေချိုးခန်းရောက်မှ အသက်ပြင်တွေကိုလွတ်ထုတ်ရသည်။ ရေချိုးခန်းကထွက်တော် မစိုင်းကပင် အိပ်ရာခင်းတွေပြင်ဆင်ပေးနေသဖြင့် မနက်ဖန်တွင်စောစောထ၇န် အိပ်မှဘဲဟု စိတ်ကူးပြီ အိပ်ရာဝင်လိုက်ရာဘယ်အချိန်ကေ၇ာက်နေမှန်းမသိသည့် ကြောင်တစ်ကောင်က တိုးဝှေ့နေသဖြင့် သူ့အားနေရာပေးကာ ချင်းမိုင်ရဲ့အအေးဓါတ်ကိုကိုခိုလုံရင် မနက်ဖန်နေ့များကိုရောက်ရန် မျက်လုံးမှိတ်လိုက်ရလေသည်။

No comments: