
အခုတော့ ဘာညာတစ်ယောက် အကြောင်းသုံးပါးနဲ့ ညီညွတ်လို့ ခရီးထွက်ဖြစ်သွားပါတယ်။ စရိတ်ကတော့ စပွန်ဆာပါ (FOC FOC !!)။ ဆန်းဒေးက မင်္ဂလာဆောင်သွားတဲ့ ညီမ စုံတွဲ ကဟန်းနီးမွန်းကို ၂ ယောက်တည်းသွားရတာ ပျင်းလို့ဆိုပြီး ကျနော်တို့ မောင်နှမတစ်ဖွဲ့လုံးကို စရိတ်ခံပြီးတော့ခေါ်သွားတာ။ နောက်အချိန်က လည်းအဆင်ပြေသလားမမေးနဲ့ ရုံးက ကျနော်မရှိအေးရောဆိုပြီး ခွင့်တစ်ပတ်ကို တန်းပြီးတော့ပေးလိုက်တယ်။ :P အဖော်တွေကလည်း စိတ်တူမောင်နှမတွေချည်းဆိုတော့ တစ်ခုခုလုပ်မယ်ဆို ၂ ခါမတိုင်ပင်ရဘူး။အိုကေစိုပြေနေတာပဲ ။ ဒါနဲ့ပဲ တနင်္လာနေ့က မင်္ဂလာဆောင်လည်း ပြီးရော အထုတ်ပြင်ပြီး ချောင်းသာ ကိုသွားဖြစ်ကြပါတယ်။ အဖွဲ့လိုက်ထွက်ဖြစ်တဲ့ ဟန်းနီးမွန်းခရီး ကြီးစတင်ပါပြီ.........

Blogger @ Chaung Thar

ပင်လယ်ရေကျချိန်မို့လို့ ဒီကျောက်ဆောင်တွေက ပေါ်တာ။


ဘောကွင်းတွေငှားတဲ့ဆိုင်၊ ဘောကွင်းက ၅၀၀၊ လှေက ၃၀၀၀။ နာရီနဲ့မဟုတ်ဘူး။ တစ်နေ့လုံးကြိုက်သလောက်စီး။
*ဂဏန်းမဆလာချက်*။ ချောင်းသာမှ ဂဏန်းဟင်းက ပုံမှန် 3000 လောက်တော့ရှိတယ်။ ရန်ကုန်မှာ ၁၀၀၀၀ ပေးစားရထက်စာရင် အပုံကြီးတန်တယ်။

ပုဇွန်ကြားကင်။ တစ်ချောင်း ၁၀၀။ ဈေးဆစ်နိုင်ရင်တော့ အကောင် ၃၀ ကို ၂၀၀၀ လောက်နဲ့ ရနိုင်တယ်။

မနက်စာအတွက် ဟော်တယ်ကနေ့တိုင်းဒါကျွေးတတ်တယ်။ ကောက်ညှင်းပေါင်းနဲ့ ငါးရံ့ခြောက် (အစစ်)။း)
No comments:
Post a Comment