Thursday, January 24, 2008

ပီနန် ခရီးစဉ် (၃)

အားပေးကြတဲ့ သူတွေ ရှိလို့ အားတက်စွာနဲ့ အပိုင်း (၃) ကို ဆက်လိုက် ပါတယ်၊ ကိုယ် တို့ မိသားစု Penang Hill က တောင် ခြေ နားက food court မှာမနက်စာနဲ့ ညနေစာကို ပေါင်းစားပြီး၊ မြန်မာဘုန်းကြီး ကျောင်းကို ပြန် သွားဖို့ အဲဒီ ဆိုင်က မြန်မာ ကောင်လေးကို စီးရမယ့် ဘတ်စ်ကား နံပါတ်နဲ့ ဆင်းရမယ့် နေရာ ကို မေးပြီး၊ ဘတ်စ်ကား စမ်းစီးကြဖို့ ဘတ်စ်ကား ဂိတ်ကို ချီတတ် လာပါတယ်၊ ဘတ်စ်ကား မှတ်တိုင်မှာ တော့ ကိုယ်တို့ အရင်ရောက်ပြီး နောက် ကားစီးမယ့်ူသူတွေ တဖွဲဖွဲ မှတ်တိုင်ကို ရောက်လာကြလို့ အားတက်စွာ စောင့်ဆိုင်းနေတာ ၁၀ မိနစ်လဲ မလာ၊ ၁၅ မိနစ် ကြာလဲ မလာ၊ နာရီဝက်ထိလဲ မလာတော့ မနက်က လိုက်ပို့တဲ့ Taxi driver ပြောတာ အမှန်ပဲ ဆိုတာ လက်ခံလိုက်ရတယ်၊ ဒါနဲ့ သည်းခံတဲ့ အတိုင်းအတာ အားနည်းလာနဲ့ တွေ့တဲ့ Taxi ကို ဖမ်းတားပြီး မြို့ထဲ ဖြစ်တဲ့ Komtar လို့ ခေါ်တဲ့ အထပ် ၆၀ ကျော် ရှိတဲ့ komtor shopping centre ကို ပဲ သွားလိုက်တာ 15 RM ပဲ ကျပါတယ်၊


အဲဒီမှာ ဈေးလေး ဘာလေး နဲနဲ ၀ယ်ဖို့ လျှောက်ကြည့် နေတုံး ၊ shopping centre အထပ်တိုင်းမှာ ဟို တစ်စု ဒီတစ်စုနဲ့ မြန်မာအဖွဲ့ တွေကို တွေ့တွေ့ မိနေတယ်၊ စနေနေ့လဲ ဖြစ်တာနဲ့ တူပါတယ်၊ တော်တော် များများ အဲဒီကို လာကြတယ်၊ အဲလို ဟို လျှောက် ဒီလျှောက် လျှောက် ကြည့် နေတုံး မမျှော်လင့်ပဲ မြန်မာ လက်ရေးနဲ့ ရေးထားတဲ မြန်မာ ဘီယာ ရမည်၊ ၃ လုံးနှင့် အထက် ၀ယ်ယူသူကို လက်ဖက်သုတ် တစ်ပွဲ အလကားပေးမည် ဆိုတဲ့ ဆိုင်း ဘုတ်ကို တွေ့ ပြီး အဲဒီက ၀န်ထမ်း မိန်းကလေး ကို မေးကြည့်တော့ ဒါမြန်မာ ဆိုင်လား ဆိုတော့ သူက ဟုတ်တယ်တဲ့၊ ဒါပေမယ့် သူ့ကြည့်ရတာ မြန်မာ လို ရေရေလည်လည် ပြောတတ်ပုံ မရဘူး၊ တိုင်းရင်းသား တစ် မျိုး မျိုး ဖြစ်ဖို့ တော့များတယ်၊


အဲဒါနဲ့ ကိုယ်တို့လဲ မြန်မာဆိုင်တွေ ရှိသေးလားမေးတော့ ရှိတယ် ဟိုဘက် နားမှာတဲ့ သူ လမ်းညွှန်ပြတာနဲ့ အမေ့အိမ် ဆိုတဲ့ မြန်မာ ထွက်ကုန် ပစ္စည်း အမျိုးမျိုးတင်ရာင်းတဲ့ ဆိုင်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားတယ်၊ အဲဒီက ဆိုင်ရှင် တွေကလဲ သဘောကောင်းကြတယ်၊ ပျူပျူ ငှာငှာနဲ့ ကြို ကြတယ်၊ peninsula က မြန်မာဆိုင်တွေနဲ့ များ ကွာပ၊ ကိုယ့် အဖေကလဲ ကိုယ့်ဘာသာ ကိုယ် မိတ်ဆက်ပြီ။ ကိုယ် သိချင်တာလေးတွေ စပ်စု ရတာပေါ့။ သူတို့ က သေသေချာ ချာ ဖြေတဲ့ အပြင် ဟိုဘက်မှာ စားသောက် ဆိုင်ပါ ဖွင့်ထား သေးတယ် ဆိုလို့ ကိုယ်တို့လဲ အားပေးတဲ့ အနေနဲ့ လက်ဖက်ရည် မှာသောက်ပြီး ကိုယ် သိချင်တာလေးကို စပ်စု ရတာပေါ့၊ မြန်မာ ဘုန်းကြီးကျောင်းကို သွားဖို့ မေးတော့ အခုတော့ ၆ နာရီကျော် နေလို့ သွားဖို့ မကောင်းတော့တဲ့ အကြောင်း မနက်ဖြန်မှပဲ သွားဖို့၊ သူတို့ ဆိုင်ကို လဲ မနက်ဖြန် ထပ်လာခဲ့ဖို့၊ မနက်ဖြန်ဆို တနင်္ဂနွေ ဖြစ်လို့ လူတွေ လဲ ပိုစည်မယ် ဆိုတဲ့ အကြောင်း၊ အဲဒီဆိုင်က အန်တီ၀၀ကြီင်္းက သဘော ကောင်းစွာနဲ့ ပြောပါတယ်၊ ကိုယ်တို့လဲ လက်ဖက်ရည် သောက်ရင်း မြန်မာပြည် အကြောင်းလေး အတင်းလေး ဘာလေး တုတ်ပြီး၊ ပီနန်အကြောင်း သိကောင်းစရာလေး တွေ နဲ့ ထွေရာလေးပါ ပြောဆို ကြပါတယ်၊

ဒါနဲ့ ကိုယ်တို့လဲ မိုးလဲ ချုပ်ပြီမို့လို့ တည်းတဲ့ ဟိုတယ် ကိုပဲ ပြန်ဖို့ ဆုံးဖြတ်ပြီး သူတို့ကို ပြန်ဖို့ ဘတ်စ်ကား လမ်းကြောင်း မေးပြီး ပြန်လာခဲ့ ကြတယ်၊ အဲဒီမှာ ကိုယ်တို့ က အကြား မှားပြီး ကိုယ် တို့ သွားမယ့် လမ်းကြောင်းရဲ့ ဆန့်ကျင်ဘက် ကို သွားတဲ့ မှတ်တိုင်မှာ စောင့် နေတုံး၊ အနောက်မှာ ကောင်လေး တစ်ယောက်က လာပြီ အဲဒီကားက အမတို့ သွားမယ့် နေရာကို မရောက်ဖူး၊ အမတို့ စီးချင်တဲ့ ကားက ဟိုဘက်မှာ ကျွန်တော်လဲ အဲဒီဘက်ကို သွားမှာ ကျွန်တော်နဲ့ လိုက်ခဲ့ ဆိုတာနဲ့ ကိုယ်တို့လဲ ကျေးဇူးတင်စွာနဲ့ သူ့နောက်လိုက်ခဲ့ ကြတယ်၊ ဘတ်စ်ကား မှတ်တိုင်ကို သွားနေတုံး အဖေကတော့ စာရေးဆရာ ဆိုတဲ့အတိုင်း သူ့ကုန်ကြမ်း ရဖို့ အတွက် ကောင်လေးကို အင်တာဗျူးရင်း သူ့နောက်လဲ လိုက်ရင်းပေါ့၊ ကောင်းလေးက ပြောတယ် ဦးလေးတို့ လက်ဖက်ရည်ဆိုင် မှာ ကတည်းက ပြောတာ ကြားနေတယ်၊ ဦးလေးတို့ လမ်းမှားသွားလို့ ကျွန်တော်က လိုက်ခေါ်တာတဲ၊့ ကြည့် ဘယ်လောက်များ ကူညီရိုင်းပင်း တတ် သလဲဆိုတာ၊ အဲဒါ မှ ကိုယ့်တို့ ရဲ့ မြန်မာပြည်သားကွ၊ အဲလိုနဲ့ ကားဂိတ်ကို ရောက် လာပြီး သူက ကားတွေကို လိုက်မေးပြီး သူ ကိုယ်တိုင် ဘတ်စ်ကား ဒရိုင်ဘာကို သူတို့ကို ဟိုတယ်ရှေ့ရောက် ရင် ချပေးပါလို့ သူတို့ (Malay language) ဘာသာ စကားနဲ့ ပါ ပြောပေးပြီး ပိုက်ဆံပါ ထုတ်ပေးနေလို့ ကမန်းကတန်း အတင်းတားပြီး ကိုယ့် ပိုက်ဆံကိုယ် ထုတ်ပေး လိုက်ရတယ်။ ကောင်လေးက အလွန်ဆုံး ရှိလှ ၁၈ နှစ် ၁၉ နှစ်လောက်ပဲ ရှိသေးတယ် ၊ ကိုယ် တူဝမ်းကွဲလေး အရွယ်ပေါ့ ၊ ကျောင်းနေသင့် တဲ့ အရွယ်မှာ သူများတိုင်းပြည် မှာ ချို့ ချို့ ငဲ့ငဲ့နဲ့ အလုပ်လာလုပ် နေရတယ်၊ သူတို့ တစ်ယောက်ချင်း တွေ အကြောင်းကို နောက်မှ ပို့စ် တစ်ခုအနေနဲ့ အဖေ့သမီး ပီသစွာ ရေးပါအုံးမယ်၊

ကားပေါ်ရောက်မှ ကိုယ်တို့လဲ ဟင်းချနိုင်ပြီး ကားပေါ်မှာ အေးအေး ဆေးဆေး လိုက်ပါ သွားတော့တယ်၊ သူ့ကိုလဲ ကျေးဇူး အထပ် ထပ် တင်ရင်းပေါ့၊ ပီနန်က ဘတ်စ်ကား တွေက နှစ်မျိုးရှိတယ်။ ဘတ်စ်ကား အသစ်နဲ့ အဟောင်း ဆိုပြီးတော့ ဘတ်စ်ကား အဟောင်းက တော်တော် ကို ဟောင်းနေပြီး နံပါတ် ၁၁ ဆိုရင်၊ ဘတ်စ်ကား အသစ်က နံပါတ် ၁၀၁ သွားတဲ့ လမ်းကြောင်း ကတော့ အတူတူပဲ၊ ဘတ်စ်ကား အသစ်က တော့ တော်တော် ကောင်းတယ် သူတို့လဲ ကားစပယ်ရာ(ယာဉ်နောက်လိုက်) မရှိဘူး၊ ကားဒရိုင်ဘာ ကိုပဲ သွားမယ့် မှတ်တိုင်ပြော၊ ကျသင့်ငွေကို ပိုက်ဆံဗုံး ထဲထည့် ကားဒရိုင်ဘာ ကပဲ လက်မှတ် ပေးတယ်၊ ကားခကို အကြွေ ဆောင် ထားမှ ရတယ် သူတို့က ပြန်မအမ်းဘူး၊ ပိုက်ဆကိုံ ပုံးထဲ ထည့်ရတာ ဆိုတော့ အ၀င်ပဲ ရှိတယ် အထွက် မရှိဘူးပေါ့ ။ အတန်ကြီး ပေးလို့ကတော့ ပြန်မအမ်းဘူးပဲ၊ ကားခက ဟိုတယ် အထိ တစ်ယောက် ၁.၅၀ ရင်းဂစ် ကျတယ်၊ သုံးယောက် ဆိုတော့ လေးကျပ်ခွဲပေါ့၊ အဲဒီ စနစ်က သိပ်မကောင်းဘူး၊ ဒရိုင်ဘာ က လက်မှတ် ဖြတ်ပေးရ၊ ဆင်းမဲ့ မှတ်တိုင် ပြောရ၊ ဆိုတော့ အလုပ်တော့ ရှုပ်တယ်။ မှတ်တိုင်မှာ အတက် အဆင်း ကြာတာပေါ့၊

ကိုယ်တို့လဲ တထိပ်ထိပ်နဲ့ လမ်းဘေး ၀ဲယာကို ကြည့် ပြီး လိုက်လာတာ မိနစ် လေးဆယ်လောက် အကြာမှာ ကိုယ်တို တည်းတဲ့ ဟိုတယ်ကို ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ရောက်လာ တော့ တာပါပဲ ၊ မောင်းမင်းကြီးသားလေးရဲ့ ကျေးဇူးပေါ့၊ ကိုယ်တို့လဲ ဟိုတယ်ရောက်မှ ရေချိုး ပြီး နားရတော့တယ်၊ ဟိုတယ် ရောက်တော့ ည၈ နာရီကျော်လောက် ရှိနေပြီ၊ အဲဒီမှာ အမေက complain လုပ်တယ် ကမ်းခြေဘေး ဟိုတယ်မှာ နေပြီး ကမ်းခြေလဲ မဆင်းရဘူး။ မနက်ဖြန် မြို့ထဲ မထွက်ခင် ကမ်းခြေဆင်းပြီး ဓာတ်ပုံ ရိုက်ပြီးမှ မြို့ ထဲ ထွက်မယ် ဆိုပြီး ရာဇသံ ပေးတာနဲ့ ကိုယ်တို့လဲ မနက်စောစော ထဖို့ စောစော အိပ်ရာ ၀င်လို့ ရတယ်၊

အပိုင်း(၃) လဲ နည်းနည်း ရှည် သွားလို့ အပိုင်း (၄)ကို ဆက်ပါအုံးမယ်၊ အပိုင်း(၄) မှာ ကမ်းခြေမှာ ဓာတ်ပုံရိုက်တာနဲ့ မြန်မာ ဘုန်ကြီးကျောင်း ကို တကျော့ပြန်နဲ့ ပီနန်က မြန်မာဆိုင်တွေ လေ့လားရေး စသဖြင့် ဝေေ၀ဆာဆာ တင် ဆက် သွားမှာပါ၊ စောင့်မျှော် အားပေး ကြပါလို့၊

ဆက်ရန်

No comments: