Friday, November 9, 2007

နှုတ်ခွန်းဆက်သလွှာ


ဒီ နည်းစည်းမခြား မြန်မာ ဘလော့ဂါ များ ဘလော့ကို အစ်မခွန်မြလှိုင် ဖိတ်ကြားချက်နဲ့ ကျွန်မ ပို့စ်တွေကို တင်ခွင့်ရပါတယ်။


အခုလောလောဆယ်တော့ ကျွန်မ ကမ္ထောဒီးယားကို နောက်နှစ် ( ၂၀၀၈ မေလ ထိ) ရှိနေပါဦးမယ်။ ကျွန်မတို့ ကုမ္ပဏီက တစ်နှစ်ကို တစ်နိုင်ငံပဲ နေခိုင်းပြီး၊ တစ်နှစ်ပြည့်ရင် နောက်တစ်နိုင်ငံကို ပြောင်းရပါတယ်။ ကျွန်မက အခုမှ အလုပ်စလုပ်တဲ့အတွက် ကျွန်မကို တစ်ခြားနိုင်ငံသို့ မလွတ်သေးပါဘူး.။ နောက်နှစ် ဒီမှာဘဲ ဆက်နေရမလား၊ တစ်ခြားနိုင်ငံသို့ပြောင်းရမည်လား ကျွန်မ မသိသေးဘူး။

ကျွန်မ ဒီနိုင်ငံမှာရှိနေတဲ့ အချိန်ကာလအတွင်းမှာ ကမ္ထောဒီယားနဲ့ သက်ဆိုင်သော ခရီးသွားများ၊ နိုင်ငံအတွင်း ကျွန်မခံစားချက်များ၊ နိုင်ငံအခြေနေများ၊ နေထိုင်စဉ်အခက်အခဲများ စသဖြင့် ရေးသားသွားပါမယ်။ လိုအပ်ရင်လိုအပ်သလို ဓါတ်ပုံများပါ ဝေေ၀ဆာဆာ တင်ပြသွားပါမယ်။

ဒီပို့စ်ကိုရေးခြင်းဖြင့် ကျွန်မတို့ မြန်မာနိုင်ငံနှင့် နယ်ခြားရောက်နေသော ဘလော့ဂါမောင်နှမများ မိမိရောက်ရှိနေသော နိုင်ငံ၊ ဒေသ တို့ရဲ့ ရင်ဖွင့်သံ၊ ဗဟုသုတဖလှယ်မှု.များ၊ အသိအမြင်များ ၊ အတွေ့အကြုံများကို တစ်ပေါင်းတစ်စုထဲ ပိုမိုနွေးထွေးစွာဖြင့် နည်စည်းမခြား မြန်မာဘလော့ဂါများ ဘလော့ မှာ ရင်ခုန်သံများကို ဖလှယ်နိုင်ကြပါတယ်။

ကျွန်မကို ရေးသားခွင့်ရအောင် ဖိတ်ခေါ်သော အစ်မခွန်မြလှိုင် ကို ဒီပို့စ်လေးနဲ့ အတူကျေးဇူးတင်ပြီး အားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ ....................... >:D<

No comments: